ရုိးရွင္းလြယ္ကူတယ္ဆုိျပီး အထင္ေသးလုိ႔မရတဲ႔ ေျခသလံုးသားက်စ္လစ္လွပေစမယ့္နည္းလမ္းေတြဆိုတာ…

🌸🌸🌸မိန္းကေလးတုိင္းရဲ႔တူညီတဲ႔ဆႏၵကေတာ့ ခႏၶာကုိယ္အခ်ိဳးအစားက်စ္က်စ္လစ္လစ္ေလး နဲ႔လွပဖုိ႔ပါပဲ။ အဲ႔ဒါေၾကာင့္ ေလ့က်င့္ခန္းေတြလုပ္ၾက၊အစားအေသာက္ေတြေရွာင္ၾကနဲ႔ ခႏၶာကုိယ္အလွအပကုိ ထိန္းၾကပါတယ္။ဒီလုိခႏၶာကုိယ္အခ်ိဳးအစားလို႔ဆုိတဲ႔ေနရာမွာ တစ္ခ်ိဳ႔က ပိန္ေပမဲ႔ ဗုိက္ေနရာေလးပဲပူေနသလုိ၊ေျခသလံုးေလးပဲကြက္ျပီးၾကီးေနတာမ်ိဳး၊ မက်စ္ပဲအသားေတြ ပြေနတာမ်ိဳးျဖစ္တတ္ ပါတယ္။အဲ႔ဒါေၾကာင့္အခုအဆီက်ျပီးက်စ္လစ္လွပတဲ႔ေျခသလံုးသားေလးရေစ ဖုိ႔ ရုိးရွင္းလြယ္ကူတဲ႔နည္းလမ္းေကာင္းေလးေတြ ျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။

၁)အသီးအရြက္မ်ားမ်ားစားပါ
စားေနက်ထက္ ပုိျပီးသတိထားျပီးမ်ားမ်ားစားေပးပါ။သေရစာေတြလည္း လံုး၀ေရွာင္လိုက္ပါ။ သေရစာစားခ်င္တဲ႔အခါ အသီးအႏွံေတြပဲစားပါ။အဆီတက္ေစတဲ႔အစားအစာေတြေရွာင္ပါ။ က်န္းမာေရးနဲ႔မညီညြတ္တဲ႔အစားအစာေတြက ခႏၶာကုိယ္မွာအဆီေတြျဖစ္ေစျပီး ျပန္ေခ်ဖ်က္ဖုိ႔လည္းခက္ခဲပါတယ္။

၂)အစားအေသာက္ထက္ ေရေသာက္တာမ်ားပါေစ
တစ္ေန႔တာမွာစားသေလာက္အစားအစာထက္ ေရမ်ားမ်ားပုိေသာက္ပါ။ေရမ်ားမ်ားေသာက္တာက မေကာင္းတဲ႔အညစ္အေၾကးေတြကုိ ဖယ္ရွားေပးႏုိင္သလုိခႏၶာကုိယ္ထဲကအဆိပ္အေတာက္ေတြ ကုိပါဖယ္ရွားေပးပါတယ္။ေရမ်ားမ်ားေသာက္တဲ႔အတြက္ သေရစာစားတဲ႔အၾကိမ္နည္းသြားျပီး ကုိယ္အေလးခ်ိန္ကုိပါေလ်ွာ့ခ်ျပီးျဖစ္ေစပါတယ္။

၃)ေတာင္တက္ေလ့က်င့္ခန္းကုိအဓိကထားပါ
ေျခသလံုးနဲ႔ေပါင္အဆီက်ေစမယ့္ေလ့က်င့္ခန္းမ်ိဳးအဓိကထားျပီးလုပ္ပါ။ေတာင္တက္ေလ့က်င့္ခန္းမ်ိဳးက ေပါင္အဆီေရာ၊ေျခသလံုးအဆီပါျမန္ျမန္က်ေအာင္ကူညီေပးႏိုင္ပါတယ္။ဒီေန႔ေခတ္ၾကီးထဲမွာ ေဖ့ဘြတ္ခ္ေတြ၊ယူက်ဴ႔ဘ္ေတြမွာေျခသလံုးေလ့က်င့္ခန္း၊ေပါင္ေလ့က်င့္ခန္းေတြအမ်ားၾကီးၾကည့္ႏုိင္ေနပါျပီ။ဇြဲရွိဖုိ႔ပဲလိုပါတယ္။

၄)ေယာဂေလ့က်င့္ခန္းလုပ္ပါ
ကိုယ္လက္ေလ့က်င့္ခန္းတင္မက တစ္ပတ္ကုိသံုးေလးၾကိမ္ေလာက္ေယာဂေလ့က်င့္ခန္းေတြ လုပ္ေပးရင္လည္း ေျခသလံုးတင္မကဘူး။ ခႏၶာကုိယ္တစ္ခုလံုးက အဆီေတြက်ေစပါတယ္။ တစ္ၾကိမ္လုပ္ရင္ အနည္းဆံုး မိနစ္ ၂၀ေလာက္ေတာ့အခ်ိန္ေပးလုပ္ေပးပါ။ေယာဂေလ့က်င့္ခန္း ေတြက ခႏၶာကုိယ္ၾကြက္သားေတြေပ်ာ့ေပ်ာင္းေစျပီး ပင္ပန္းႏြမ္းနယ္မႈေတြပါ ေျပေပ်ာက္ေစတဲ့ေလ့က်င့္ခန္းမ်ိဳးျဖစ္ပါတယ္။

၅)လမ္းမ်ားမ်ားေလ်ွာက္ပါ
လမ္းေလ်ွာက္တာကတမင္တကာအခ်ိန္ေပးစရာလည္းမလိုပဲေျခသလံုးအဆီက်ေစမယ့္ေလ့က်င့္ခန္း တစ္မ်ိဳးပါပဲ။တစ္မွတ္တုိင္ေလာက္ေ၀းတဲ႔ေနရာဆုိကားစီးမယ့္အစား လမ္းေလ်ွာက္ေပးပါ။ အိမ္မွာေနလည္း တစ္ခ်ိန္လံုးထိုင္ေန၊အိပ္မေနပဲ လမ္းေလ်ွာက္ဖုိ႔အခြင့္အေရးကုိရွာပါ။အဲ႔ဒါမွ ခႏၶာကုိယ္ကေပါ့ပါးသြက္လက္လာမွာျဖစ္ပါတယ္။

ဒီနည္းလမ္းေလးေတြကလြယ္ကူတယ္ဆုိျပီး အထင္ေသးလုိ႔မရပါဘူး။ဒီလြယ္ကူတဲ႔နည္းေလးေတြ ကိုေတာင္ ေသခ်ာမလုပ္ႏုိင္ဘူးဆုိရင္ ကုိယ္ေမ်ွာ္မွန္းထားတဲ႔အၾကီးၾကီးေတြမျဖစ္လာႏုိင္ပါဘူး။ ဒီအေျခခံလိုအပ္ခ်က္ေလးကုိ ပံုမွန္စနစ္တက်လုပ္မယ္ဆုိရင္ အဆီမက်စရာလည္း အေၾကာင္းမရွိပါဘူးေနာ္။ No pain No Gain ဆုိသလိုပဲ အနာခံအပင္ပန္းခံမွ လိုခ်င္တဲ႔ခႏၶာကုိယ္အခိ်ဳးအစားမ်ိဳးရႏုိင္မွာပါ 🌸🌸🌸

Unicode

🌸🌸🌸မိန်းကလေးတိုင်းရဲ့တူညီတဲ့ဆန္ဒကတော့ ခန္ဓာကိုယ်အချိုးအစားကျစ်ကျစ်လစ်လစ်လေး နဲ့လှပဖို့ပါပဲ။ အဲ့ဒါကြောင့် လေ့ကျင့်ခန်းတွေလုပ်ကြ၊အစားအသောက်တွေရှောင်ကြနဲ့ ခန္ဓာကိုယ်အလှအပကို ထိန်းကြပါတယ်။ဒီလိုခန္ဓာကိုယ်အချိုးအစားလို့ဆိုတဲ့နေရာမှာ တစ်ချို့က ပိန်ပေမဲ့ ဗိုက်နေရာလေးပဲပူနေသလို၊ခြေသလုံးလေးပဲကွက်ပြီးကြီးနေတာမျိုး၊ မကျစ်ပဲအသားတွေ ပွနေတာမျိုးဖြစ်တတ် ပါတယ်။အဲ့ဒါကြောင့်အခုအဆီကျပြီးကျစ်လစ်လှပတဲ့ခြေသလုံးသားလေးရစေ ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းကောင်းလေးတွေ ပြန်ပြီးမျှဝေပေးချင်ပါတယ်။

၁)အသီးအရွက်များများစားပါ
စားနေကျထက် ပိုပြီးသတိထားပြီးများများစားပေးပါ။သရေစာတွေလည်း လုံးဝရှောင်လိုက်ပါ။ သရေစာစားချင်တဲ့အခါ အသီးအနှံတွေပဲစားပါ။အဆီတက်စေတဲ့အစားအစာတွေရှောင်ပါ။ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေက ခန္ဓာကိုယ်မှာအဆီတွေဖြစ်စေပြီး ပြန်ချေဖျက်ဖို့လည်းခက်ခဲပါတယ်။

၂)အစားအသောက်ထက် ရေသောက်တာများပါစေ
တစ်နေ့တာမှာစားသလောက်အစားအစာထက် ရေများများပိုသောက်ပါ။ရေများများသောက်တာက မကောင်းတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်သလိုခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေ ကိုပါဖယ်ရှားပေးပါတယ်။ရေများများသောက်တဲ့အတွက် သရေစာစားတဲ့အကြိမ်နည်းသွားပြီး ကိုယ်အလေးချိန်ကိုပါလျှော့ချပြီးဖြစ်စေပါတယ်။

၃)တောင်တက်လေ့ကျင့်ခန်းကိုအဓိကထားပါ
ခြေသလုံးနဲ့ပေါင်အဆီကျစေမယ့်လေ့ကျင့်ခန်းမျိုးအဓိကထားပြီးလုပ်ပါ။တောင်တက်လေ့ကျင့်ခန်းမျိုးက ပေါင်အဆီရော၊ခြေသလုံးအဆီပါမြန်မြန်ကျအောင်ကူညီပေးနိုင်ပါတယ်။ဒီနေ့ခေတ်ကြီးထဲမှာ ဖေ့ဘွတ်ခ်တွေ၊ယူကျူ့ဘ်တွေမှာခြေသလုံးလေ့ကျင့်ခန်း၊ပေါင်လေ့ကျင့်ခန်းတွေအများကြီးကြည့်နိုင်နေပါပြီ။ဇွဲရှိဖို့ပဲလိုပါတယ်။

၄)ယောဂလေ့ကျင့်ခန်းလုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်းတင်မက တစ်ပတ်ကိုသုံးလေးကြိမ်လောက်ယောဂလေ့ကျင့်ခန်းတွေ လုပ်ပေးရင်လည်း ခြေသလုံးတင်မကဘူး။ ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေကျစေပါတယ်။ တစ်ကြိမ်လုပ်ရင် အနည်းဆုံး မိနစ် ၂ဝလောက်တော့အချိန်ပေးလုပ်ပေးပါ။ယောဂလေ့ကျင့်ခန်း တွေက ခန္ဓာကိုယ်ကြွက်သားတွေပျော့ပျောင်းစေပြီး ပင်ပန်းနွမ်းနယ်မှုတွေပါ ပြေပျောက်စေတဲ့လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။

၅)လမ်းများများလျှောက်ပါ
လမ်းလျှောက်တာကတမင်တကာအချိန်ပေးစရာလည်းမလိုပဲခြေသလုံးအဆီကျစေမယ့်လေ့ကျင့်ခန်း တစ်မျိုးပါပဲ။တစ်မှတ်တိုင်လောက်ဝေးတဲ့နေရာဆိုကားစီးမယ့်အစား လမ်းလျှောက်ပေးပါ။ အိမ်မှာနေလည်း တစ်ချိန်လုံးထိုင်နေ၊အိပ်မနေပဲ လမ်းလျှောက်ဖို့အခွင့်အရေးကိုရှာပါ။အဲ့ဒါမှ ခန္ဓာကိုယ်ကပေါ့ပါးသွက်လက်လာမှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကလွယ်ကူတယ်ဆိုပြီး အထင်သေးလို့မရပါဘူး။ဒီလွယ်ကူတဲ့နည်းလေးတွေ ကိုတောင် သေချာမလုပ်နိုင်ဘူးဆိုရင် ကိုယ်မျှော်မှန်းထားတဲ့အကြီးကြီးတွေမဖြစ်လာနိုင်ပါဘူး။ ဒီအခြေခံလိုအပ်ချက်လေးကို ပုံမှန်စနစ်တကျလုပ်မယ်ဆိုရင် အဆီမကျစရာလည်း အကြောင်းမရှိပါဘူးနော်။ No pain No Gain ဆိုသလိုပဲ အနာခံအပင်ပန်းခံမှ လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားမျိုးရနိုင်မှာပါ 🌸🌸🌸

84 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.