မကြာခင်မှာလမ်းခွဲခံရတော့မယ်ဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်

လမ်းခွဲခံရတော့မယ့်အခြေအနေဟာဘယ်လိုပါလိမ့်။ လမ်းခွဲခံရခြင်းဆိုတာ ကြည်လင်နေတဲ့မိုးကောင်းကင်ကြီးက ရုတ်တရက်အနီရောင်ပြောင်းသွားပြီး လေပြင်းမုန်တိုင်းတွေကျရောက်လာတဲ့ခံစားမှုမျိုးလား။ဒါမှမဟုတ် မနေ့ကအထိ ကူးခတ်ဆော့ကစားနေတဲ့ ရွှေငါးလေးဟာ ဒီနေ့မနက်မှာ ရေမျက်နှာပြင်ပေါ်ပေါလောပေါ်နေတာတွေ့လိုက်ရတဲ့အငွေ့အသက်မျိုးဖြစ်မလား။ မျက်စိတစ်မှိတ်အတွင်းဝင်လာတဲ့ ထောင့်ကန်ဘောကိုမကာကွယ်နိုင်လိုက်တဲ့ဂိုးသမားရဲ့ ကျင့်သားရနေတဲ့ သွေ့ခြောက်ကျိန်းစပ်တဲ့မျက်ဝန်းညိုတွေဖြစ်မလား။လမ်းခွဲခံရတယ်ဆိုတာ မုန်တိုင်းတစ်ခုထက်ပြင်းရှတဲ့သက်ရောက်မှုမျိုးဖြစ်ပေမယ့် မုန်းတိုင်းတစ်ခုထက်တော့ပိုပြီိး အရိပ်အယောင်ပြတတ်ပါသေးတယ်။ လမ်းခွဲမခံရခင်တွေ့ရတတ်တဲ့အရိပ်အယောင်တွေကိုဖော်ပြပေးလိုက်ပါတယ်။

 

သင့်ကိုစိတ်ဝင်စားမှုလျော့နည်းလာမယ်

ကိုယ်ချစ်တဲ့သူအကြောင်းဆို အူမချေးခါးမကျန်စိတ်ဝင်တစားသိချင်ကြတဲ့သူတွေချည်းပါပဲ။ဒါပေမယ့်တဖြည်းဖြည်းနဲ့ မချစ်တော့တဲ့အခါ သူနဲ့ပက်သက်တဲ့အရာတွေကိုလည်းမသိလိုက်မသိဘာသာဖြတ်သန်းနေမိပါလိမ့်မယ်။ စကားတွေအကြာကြီးမပြောဖြစ်တော့သလို သင်ကပြောဖို့ကြိုးစားလည်း သူကအကြောင်းအမျိုးမျိုးပြကာရှောင်လွှဲပါလိမ့်မယ်။သင်နဲ့စကားပြောဖို့တောင်စိတ်မဝင်စားတော့တဲ့သူဟာ သင့်ကိုချစ်တဲ့သူဖြစ်နိုင်ပါဦးမလား။

 

သူ့စကားတွေမှာသင်မပါတော့ဘူး

သူ့သူငယ်ချင်းတွေနဲ့ခင်ရင် မေးကြည့်ပါ။သင့်အကြောင်းတွေဘာပြောသေးလဲလို့.. မကောင်းတာတွေ၊သင်ကချုပ်ချယ်လို့စိတ်ညစ်ရတာတွေပြောနေသေးရင်စိတ်မပူပါနဲ့ သူသင့်ကိုစိတ်မကုန်သေးပါဘူး။သင့်ကိုလမ်းခွဲဖို့ဆုံးဖြတ်ထားပြီိးတဲ့သူကတော့ စကားထဲကိုထည့်ပြောတော့မှာမဟုတ်လို့ပါ။ အမှန်တကယ်စိတ်ပြတ်သွားပြီဆိုတဲ့သဘောပါပဲ။

 

အပြစ်ရှာလာမယ်

သူ့စိတ်ကလွန်ဆွဲနေတာပါ။ သင့်ကိုသစ္စာရှိချင်တဲ့စိတ်ရယ်၊မချစ်တော့တဲ့စိတ်ရယ်။ဒါမှမဟုတ် သူသင့်ကိုမချစ်တော့ဘူးဆိုတာကိုသူ့ကိုယ်သူမသိသေးတဲ့အခြေအနေလည်းဖြစ်နိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်သင့်အပေါ်မှာစိတ်မရှည်တော့ဘူး အရင်ကသည်းခံခဲ့တာလေးတွေကိုတောင် အပြစ်ကြီးတစ်ခုလိုမြင်နေပြီဆိုရင်တော့ သူသင့်ကိုလမ်းခွဲတော့မှာသေချာပါတယ်။

 

သင့်အပေါ်မှာလေးစားမှုမရှိတော့ဘူး

သူကလမ်းခွဲမယ့်အရိပ်အယောင်တွေပြလို့သင်က desperate ဖြစ်ပြီး ဆွဲထားလိုက်မယ်ဆိုတာနဲ့သင်ကအောက်ရောက်သွားပါပြီိ။ဒါကြောင့် သူ့အနေနဲ့သင့်ကိုလက်ခုပ်ထဲကရေလို မှောက်လိုမှောက်လှန်လိုလှန်လုပ်တော့မှာဖြစ်ပြီး လုံးဝကိုလေးစားမှုရှိတော့မှာမဟုတ်ပါဘူး။ တကယ်လို့မှသနားလို့ဆက်တွဲတယ်ဆိုရင်လည်း သင်ကတစ်ဘဝလုံးအောက်စည်းကဖြစ်နေတော့မှာပါ။ သူသင့်ကိုလိုအပ်တာထက် သင်ကသူ့ကိုပိုလိုအပ်နေမိတာကိုး။

 

ပညာရှိနှိပ်စက်နည်းနဲ့နှိပ်စက်မယ်

သင့်ချစ်သူကဆရာကြီးဆိုရင်တော့ သင့်ဘဝဟာမတွေးရဲစရာပါပဲ။သူကသင့်ကိုသိပ်ချစ်တဲ့ပုံပြပြီးချစ်လွန်းလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့သင့်ကိုချုပ်ချယ်တာတွေအပြစ်ရှာတာတွေ၊သူငယ်ချင်းတွေကြားထဲမှာသဝန်တိုတာတွေလုပ်ပြီးစိတ်အနှောက်အယှက်တွေတရစပ်ပေးတော့မှာဖြစ်ပြီး သင်က မခံနိုင်တော့လို့လမ်းခွဲစကားပြောတော့မယ်ဆိုရင် သူဆင်တဲ့အကွက်ထဲဝင်သွားတော့မှာပါ။ သူကသင့်ကိုသိပ်ချစ်ပေမယ့် သင်ကသူ့ကိုထားခဲ့တာပါပေါ့။သင်ကပဲလူဆိုးမကြီးပေါ့။ For the record, you are the one who teared his heart apart and obviously he’s the victim.ပေါ့။ ဒီ့ထက်ဆိုးတဲ့သူဆိုဒီထက်မြင့်တဲ့အကွက်တွေလာဦးမှာပါ။ ဒီကိစ္စတွေကသိပ်ကိုခက်ခဲနက်နဲပါတယ်။သတိပေးလိုက်ပါတယ်နော်။ ဂုဏ်သတင်းကျော်ဇောတဲ့ ဆရာကြီးတွေကိုမတွဲပါနဲ့။

 

ဒီအချက်တွေကတော့ သင့်ကိုမကြာခင်လမ်းခွဲပြီးထားပစ်ခဲ့တော့မယ့်သူတွေပြုလုပ်တတ်တဲ့အချက်တွေပါ။ သင်ကတော့ တကယ်ချစ်တာဖြစ်ပြီး လမ်းခွဲဖို့မြူတစ်မှုန်စာလောက်မှမတွေးမိရင်တောင် သူတို့ဘက်မှာသင့်ကိုဘယ်နှစ်လပဲတွဲမယ်ဆိုတာ စီမံကိန်းချထားပြီးသားဖြစ်ရင်ဖြစ် မဟုတ်ရင်လည်း သင်နဲ့တွဲနေရင်းနဲ့မှ အကြောင်းတစ်စုံတစ်ရာကြောင့် လမ်းခွဲဖို့စိတ်ကူးပေါ်လာတဲ့အခါ အများစုက ဒီအချက်တွေအတိုင်းလုပ်လေ့ရှိကြပါတယ်။ သူတို့ကလမ်းခွဲစကားမပြောခင် ကိုယ်ကအရင်ပြောပြီး ကိုယ်နဲ့မထိုက်တန်တဲ့သူတွေကိုပျော်ပျော်ကြီးလမ်းခွဲထားပစ်ခဲ့နိုင်ကြပါစေ။ Fighting!!!!!!! Aja Aja! Parshar!

 

Unicode Format













1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.