Big Boss ကိုလြမ္းေနသူေတြအတြက္ သတင္းေကာင္း ❤️

DOTS မင္းသား Song Joong Ki ရယ္လို႔နာမည္မၾကီးခင္တုန္းက ပရိသတ္တစ္ခ်ိဳ႔သူ႔ကုိ သတိထားမိခဲ႔တာက “A Werewolf Boy” ဆုိတဲ႔ဇာတ္ကားေလးထဲမွာပါ။ဇြန္လ ၁၈ရက္ေန႔က မီဒီယာတစ္ခုရဲ႔ေဖာ္ျပခ်က္အရ Song Joong Ki ဟာမၾကာခင္ဇာတ္ကားသစ္ကုိ ရုိက္ကူးေတာ့မယ္ျဖစ္ေၾကာင္း၊ရုိက္ကူးမယ့္ဒါရုိက္တာက “A Werewolf Boy” ဒါရုိက္တာပဲျဖစ္ေၾကာင္းသိခဲ႔ရပါတယ္။

ဒီဇာတ္လမ္းတြဲက DOTS ၊Battleship Island ဇာတ္ကားေတြအျပီး ပထမဆံုးျပန္လည္ရုိက္ကူး တဲ႔ဇာတ္လမ္းလည္းျဖစ္ပါတယ္။ဒါရုိက္တာ Jo Sung Hee ရုိက္ကူးမွာျဖစ္ျပီး အခုလက္ရွိမွာေတာ့ “Lightning Ship” လုိ႔နာမည္ေပးထားတဲ႔ သိပၸံစိတ္ကူးယဥ္ဇာတ္ကားမွာ ပါ၀င္သရုပ္ေဆာင္ မွာပဲျဖစ္ပါတယ္။မင္းသားရဲ ႔ေအဂ်င္စီျဖစ္တဲ႔ Blossom Entertainment ကေတာ့ ဇာတ္ညႊန္းကုိဖတ္ေနေပမဲ႔ လက္ခံျဖစ္မလား၊မျဖစ္ဘူးလားဆုိတာေတာ့ အတည္မျပဳရေသးဘူးလုိ႔
ေျပာၾကားခဲ႔ပါတယ္။ဒါေပမဲ႔ လက္ခံျဖစ္ဖုိ႔ေတာ့မ်ားပါတယ္။

၂၀၁၂တုန္းကထြက္ရွိခဲ႔တဲ႔ “A Werewolf Boy” ကလည္း ေအာင္ျမင္ခဲ႔တဲ႔ဇာတ္ကားျဖစ္လုိ႔ ဒီဇာတ္ကားဟာလည္း Song Joong Ki ကုိ အထူးပံ႔ပိုးေပးႏုိင္မယ့္ဇာတ္လမ္းေကာင္းျဖစ္တယ္ ဆုိတာ ေသခ်ာပါတယ္။အဲ႔ဒါေၾကာင့္မင္းသားေခ်ာကလက္လႊတ္ခံမယ္လို႔မထင္ပါဘူး။ ဒါရုိက္တာကလည္းဒီဇာတ္ကားမွာပါ၀င္ဖုိ႔ မင္းသားက အရင္တည္းက သေဘာတူခဲ့တယ္ လုိ႔လည္းေျပာခဲ႔ပါတယ္။တကယ္လုိ႔ပါ၀င္ျဖစ္မယ္ဆုိရင္ မင္းသား Song Joong Ki
တင္မက တစ္ျခားႏုိင္ငံအသီးသီးက မင္းသားေတြပါ ဒီသိပၸံစိတ္ကူးယဥ္ဇာတ္ကားမွာပါ ပါ၀င္ရိုက္ကူးျဖစ္ဖုိ႔ စီစဥ္ထားတယ္လို႔သိရပါတယ္။

ဒီဇာတ္ကားက မင္းသမီးေခ်ာ Song Hye Kyo နဲ႔လက္ထပ္အျပီးပထမဆံုးျပန္လည္ရုိက္ကူးတဲ႔ ဇာတ္လမ္းျဖစ္ပါတယ္။သူတို႔ရဲ႔အိမ္ေထာင္ေရးကလည္းသာသာယာယာပါပဲ❤️ ဟန္းနီးမြန္းခရီးစဥ္ထြက္ျပီးေနာက္ ရင္ေသြးေလးအျမန္ဆံုးယူႏုိင္ဖုိ႔လည္းဆႏၵရွိတယ္လို ႔လည္းသိရပါတယ္။ မၾကာခင္ေတာ့သတင္းေကာင္းေလးၾကားရမယ္ထင္ပါရဲ ႔ ❤️

Unicode

DOTS မင်းသား Song Joong Ki ရယ်လို့နာမည်မကြီးခင်တုန်းက ပရိသတ်တစ်ချို့သူ့ကို သတိထားမိခဲ့တာက “A Werewolf Boy” ဆိုတဲ့ဇာတ်ကားလေးထဲမှာပါ။ဇွန်လ ၁၈ရက်နေ့က မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရ Song Joong Ki ဟာမကြာခင်ဇာတ်ကားသစ်ကို ရိုက်ကူးတော့မယ်ဖြစ်ကြောင်း၊ရိုက်ကူးမယ့်ဒါရိုက်တာက “A Werewolf Boy” ဒါရိုက်တာပဲဖြစ်ကြောင်းသိခဲ့ရပါတယ်။

ဒီဇာတ်လမ်းတွဲက DOTS ၊Battleship Island ဇာတ်ကားတွေအပြီး ပထမဆုံးပြန်လည်ရိုက်ကူး တဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒါရိုက်တာ Jo Sung Hee ရိုက်ကူးမှာဖြစ်ပြီး အခုလက်ရှိမှာတော့ “Lightning Ship” လို့နာမည်ပေးထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် မှာပဲဖြစ်ပါတယ်။မင်းသားရဲ ့အေဂျင်စီဖြစ်တဲ့ Blossom Entertainment ကတော့ ဇာတ်ညွှန်းကိုဖတ်နေပေမဲ့ လက်ခံဖြစ်မလား၊မဖြစ်ဘူးလားဆိုတာတော့ အတည်မပြုရသေးဘူးလို့
ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ လက်ခံဖြစ်ဖို့တော့များပါတယ်။

၂၀၁၂တုန်းကထွက်ရှိခဲ့တဲ့ “A Werewolf Boy” ကလည်း အောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်လို့ ဒီဇာတ်ကားဟာလည်း Song Joong Ki ကို အထူးပံ့ပိုးပေးနိုင်မယ့်ဇာတ်လမ်းကောင်းဖြစ်တယ် ဆိုတာ သေချာပါတယ်။အဲ့ဒါကြောင့်မင်းသားချောကလက်လွှတ်ခံမယ်လို့မထင်ပါဘူး။ ဒါရိုက်တာကလည်းဒီဇာတ်ကားမှာပါဝင်ဖို့ မင်းသားက အရင်တည်းက သဘောတူခဲ့တယ် လို့လည်းပြောခဲ့ပါတယ်။တကယ်လို့ပါဝင်ဖြစ်မယ်ဆိုရင် မင်းသား Song Joong Ki
တင်မက တစ်ခြားနိုင်ငံအသီးသီးက မင်းသားတွေပါ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာပါ ပါဝင်ရိုက်ကူးဖြစ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

ဒီဇာတ်ကားက မင်းသမီးချော Song Hye Kyo နဲ့လက်ထပ်အပြီးပထမဆုံးပြန်လည်ရိုက်ကူးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။သူတို့ရဲ့အိမ်ထောင်ရေးကလည်းသာသာယာယာပါပဲ❤️ ဟန်းနီးမွန်းခရီးစဉ်ထွက်ပြီးနောက် ရင်သွေးလေးအမြန်ဆုံးယူနိုင်ဖို့လည်းဆန္ဒရှိတယ်လို ့လည်းသိရပါတယ်။ မကြာခင်တော့သတင်းကောင်းလေးကြားရမယ်ထင်ပါရဲ ့ ❤️

393 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.