Xiao Wei ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်လုပ်နေရင်း မတော်တဆမှုတစ်ခုကြောင့် ညာဘက်လက် ဆုံးရှုံးခဲ့ပါတယ်။ တစ်လကြာတဲ့နောက် ဒီဇင်ဘာလမှာ ဆရာဝန်တွေက အောင်မြင်စွာ ပြန်တပ်ပေးနိုင်ခဲ့တယ်လို့ Fox News က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Hunan ပြည်နယ်၊ Changsha မြို့မှာ Xiao Weiကို ခွဲစိတ်ကုသပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့လက်ကို မကယ်တင်နိုင်ဘူးလို့ ဆရာဝန်တွေက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
“ကျွန်တော် အလန့်တကြားဖြစ်သွားတယ်။ လုပ်ဖော်ကိုင်ဖက်တွေက စက်ကိုပိတ်ပြီး ကျွန်တော့်လက်ကို သိမ်းယူပြီး ကျွန်တော့်ကို ဆေးရုံပို့ခဲ့ကြတယ်။ ကျွန်တော် ငယ်ပါသေးတယ်။ ပြီးတော့ ညာဘက်လက် မရှိဘဲ နေရမယ့် ဘ၀ကို မတွေးတတ်ဘူး။” လို့ Mr. Wei ကပြောခဲ့ပါတယ်။
ဆေးရုံကြီးမှာ ရှိတဲ့ ဆရာဝန်တွေက အဖြေတစ်ခုထုတ်ခဲ့တယ်။ တခြား ထိခိုက်ဒဏ်ရာတွေကို ကုသပေးနေတုန်း လက်ကို သေမသွားအောင်လို့ ခြေချင်းဝတ်နဲ့ တွဲချုပ်ခဲ့ကြတယ်။ Wei ရဲ့လက်ဟာ တစ်လနီးပါး ရှင်သန်နေခဲ့ပြီး သူဟာ ခွဲစိတ်ပြန်ဆက်ဖို့ လုံလုံလောက်လောက် နေပြန်ကောင်းနေပါပြီ။
Ref:med.news