ကိုယ္မွကိုယ္တန္းတန္းစြဲျဖစ္ေနတဲ႔သူေတြကိုတန္ဖိုးထားတတ္ပါေစ

ကိုယ္႔ကိုသိပ္ကိုခ်စ္ျမတ္နိုးျပီးကိုယ္မွကိုယ္တန္းတန္းစြဲေနတဲ႔လူတစ္ေယာက္ရွိေနျပီလား၊ တစ္ေယာက္ပဲရွိပါေစ၊ သင္ဟာလူျဖစ္ရက်ိဳးအင္မတန္နပ္ေနပါျပီ၊ လူသန္းေပါင္းမ်ားစြာထဲကမွသင္မွသင္ပဲတမ္းတမ္းစြဲျဖစ္ေနတဲ႔သူရွိျပီဆိုရင္ေတာ႔ သူတို႕စိတ္ထဲမွာ သင္ဟာဘယ္လိုေနရာယူေနလုိိ႕လဲဆုိတာျကည္႔ျကည္႔ရေအာင္….
(၁) အျပည္႔အ၀ယံုျကည္တယ္
ကိုယ္႔ရဲ႕လုပ္ရက္တုိင္းကိုယံုျကည္မႈရွိျပီး ကိုယ္႔ကိုဆိုဘာမဆုိေျပာျပဖို႕ အဆင္သင္႔ျဖစ္ေနတတ္တယ္။ တစ္ျခားသူထက္သင္နဲ႕သာဆုိျပီးသူတုိ႕ဘ၀ေတြပိုျပီး လံုျခံဳေႏြးေထြးတယ္လုိ႕ခံစားေနရတတ္ျပီး သင္ဟာသူ႕ဘ၀အတြက္သိပ္အေရးပါေနတတ္ပါတယ္။
(၂) သူ႕ဘ၀ရဲ႕သံုးပံုနွစ္ပံုေလာက္ကိုပံုအပ္ထားတယ္
သူ႕ဘ၀ရဲ႕အစိတ္ပိုင္းေတာ္ေတာ္မ်ားမ်ားအေျကာင္းအရာေတာ္ေတာ္မ်ားမ်ားကိုသင္႔ကို အသိေပးေျပာျပထားတတ္ျပီး သူလုပ္ေဆာင္သမ်ွအရာတုိင္းမွာလည္းသင္႔ရဲ႕ဆႏၵသင္႔ရဲ႕သေဘာထားကို အေလးထားထည္႔စဥ္းစားတတ္တယ္။ သူ႕လုပ္မဲ႔အရာဟာသူ႕အတြက္ေကာင္းေနရင္ေတာင္သင္႔အတြက္အနည္းငယ္ထိခိုက္ေစရန္လံုး၀ေရွာင္တတ္တဲ႔သူမ်ိဳးပါ။
(၃) တိုင္ပင္ဖို႕၀န္မေလးဘူး
ရွက္စရာကိစၥပဲျဖစ္ျဖစ္ လူျကားမေကာင္းတဲ႔ကိစၥေတြကအစ သင္နဲ႕တုိင္ပင္ေျပာဆုိဖို႕၀န္မေလးတတ္ဘူး။ သင္႔အေပၚမွာရွိန္တာေတြေျကာက္တာေတြမရွိပဲ သင္ဟာသူ႕အတြက္အားျဖစ္ေစတဲ႔သူတစ္ေယာက္ျဖစ္ေနတတ္တယ္။ တစ္ျခားသူေတြအတြက္သင္ဟာအေရးမပါရင္ေတာင္ေပါ႔။
(၄) သင္နဲ႕ပတ္သတ္ရင္ စိတ္ဆတ္တယ္
က်န္တဲ႔ကိစၥေတြသာသည္းခံရင္ခံမယ္။ သင္နဲ႕ပတ္သတ္လာလို႕သင္႔ကိုထိပါးေျပာဆုိလာျပီ၊ သင္႔ကို အႏၱရာယ္ျဖစ္ေစျပီ အက်ိဳးယုတ္ေစျပီဆိုရင္ေသးေသးေလးအစ သည္းမခံတတ္ပဲ စိတ္ဆတ္တတ္ပါတယ္။ လူမ်ားအျမင္မွာပိုလြန္းတယ္ျဖစ္ေနရင္ေတာင္သင္နဲ႕ပတ္သတ္လာရင္သူရဲ႕စိတ္ကိုက ဒီလုိျဖစ္ေနတတ္ျကတာပါ။
(၅) ဘာေတြျဖည္႔ဆည္းစြမ္းေဆာင္ကူညီေပးရမလဲပဲအျမဲစဥ္းစားေပးတတ္ျကတယ္
သင္႔ရဲ႕တကယ္ေပ်ာ္ရႊင္မႈကဘာလဲ၊ သင္တကယ္လုိအပ္တာကဘာလဲဆုိတာကို စဥ္းစားေပးတတ္ျပီးသူ႕အတၱထက္သင္႔ေပ်ာ္ရႊင္သာယာမႈကိုပိုျပီးျဖည္႔ဆည္းေပးခ်င္တတ္ျကသူေတြပါ။သင္႔ရဲဲ႕ေကာင္းက်ိဳးအတြက္တစ္ဖက္တစ္လမ္းကေနအျမဲေကာင္းေအာင္လုိက္ကူညီေနတတ္တဲ႔သူမ်ိဳးဆုိလည္းမမွားပါဘူး။
ဒီလုိခ်စ္သူမ်ိဳးဟာ တစ္ရာမွာ တစ္ေယာက္ေတာင္ရွိဖို႕ခံယဥ္းတာမို႕ဒီလုိလူမ်ိဳးပိုင္ဆုိင္ထားတဲ႔အခါ သင္႔ကိုတြယ္ကပ္ေနရမလားဆုိျပီးမျငိဳျငင္ပဲ သူတို႕ရဲ႕ေမတၱာကို အေလးနက္ခံစားသိရွိနုိင္ပါေစ...

Unicode

ကိုယ့်ကိုသိပ်ကိုချစ်မြတ်နိုးပြီးကိုယ်မှကိုယ်တန်းတန်းစွဲနေတဲ့လူတစ်ယောက်ရှိနေပြီလား၊ တစ်ယောက်ပဲရှိပါစေ၊ သင်ဟာလူဖြစ်ရကျိုးအင်မတန်နပ်နေပါပြီ၊ လူသန်းပေါင်းများစွာထဲကမှသင်မှသင်ပဲတမ်းတမ်းစွဲဖြစ်နေတဲ့သူရှိပြီဆိုရင်တော့ သူတို့စိတ်ထဲမှာ သင်ဟာဘယ်လိုနေရာယူနေလိုိ့လဲဆိုတာကြည့်ကြည့်ရအောင်….
(၁) အပြည့်အဝယုံကြည်တယ်
ကိုယ့်ရဲ့လုပ်ရက်တိုင်းကိုယုံကြည်မှုရှိပြီး ကိုယ့်ကိုဆိုဘာမဆိုပြောပြဖို့ အဆင်သင့်ဖြစ်နေတတ်တယ်။ တစ်ခြားသူထက်သင်နဲ့သာဆိုပြီးသူတို့ဘဝတွေပိုပြီး လုံခြုံနွေးထွေးတယ်လို့ခံစားနေရတတ်ပြီး သင်ဟာသူ့ဘဝအတွက်သိပ်အရေးပါနေတတ်ပါတယ်။
(၂) သူ့ဘဝရဲ့သုံးပုံနှစ်ပုံလောက်ကိုပုံအပ်ထားတယ်
သူ့ဘဝရဲ့အစိတ်ပိုင်းတော်တော်များများအကြောင်းအရာတော်တော်များများကိုသင့်ကို အသိပေးပြောပြထားတတ်ပြီး သူလုပ်ဆောင်သမျှအရာတိုင်းမှာလည်းသင့်ရဲ့ဆန္ဒသင့်ရဲ့သဘောထားကို အလေးထားထည့်စဉ်းစားတတ်တယ်။ သူ့လုပ်မဲ့အရာဟာသူ့အတွက်ကောင်းနေရင်တောင်သင့်အတွက်အနည်းငယ်ထိခိုက်စေရန်လုံးဝရှောင်တတ်တဲ့သူမျိုးပါ။
(၃) တိုင်ပင်ဖို့ဝန်မလေးဘူး
ရှက်စရာကိစ္စပဲဖြစ်ဖြစ် လူကြားမကောင်းတဲ့ကိစ္စတွေကအစ သင်နဲ့တိုင်ပင်ပြောဆိုဖို့ဝန်မလေးတတ်ဘူး။ သင့်အပေါ်မှာရှိန်တာတွေကြောက်တာတွေမရှိပဲ သင်ဟာသူ့အတွက်အားဖြစ်စေတဲ့သူတစ်ယောက်ဖြစ်နေတတ်တယ်။ တစ်ခြားသူတွေအတွက်သင်ဟာအရေးမပါရင်တောင်ပေါ့။
(၄) သင်နဲ့ပတ်သတ်ရင် စိတ်ဆတ်တယ်
ကျန်တဲ့ကိစ္စတွေသာသည်းခံရင်ခံမယ်။ သင်နဲ့ပတ်သတ်လာလို့သင့်ကိုထိပါးပြောဆိုလာပြီ၊ သင့်ကို အန္တရာယ်ဖြစ်စေပြီ အကျိုးယုတ်စေပြီဆိုရင်သေးသေးလေးအစ သည်းမခံတတ်ပဲ စိတ်ဆတ်တတ်ပါတယ်။ လူများအမြင်မှာပိုလွန်းတယ်ဖြစ်နေရင်တောင်သင်နဲ့ပတ်သတ်လာရင်သူရဲ့စိတ်ကိုက ဒီလိုဖြစ်နေတတ်ကြတာပါ။
(၅) ဘာတွေဖြည့်ဆည်းစွမ်းဆောင်ကူညီပေးရမလဲပဲအမြဲစဉ်းစားပေးတတ်ကြတယ်
သင့်ရဲ့တကယ်ပျော်ရွှင်မှုကဘာလဲ၊ သင်တကယ်လိုအပ်တာကဘာလဲဆိုတာကို စဉ်းစားပေးတတ်ပြီးသူ့အတ္တထက်သင့်ပျော်ရွှင်သာယာမှုကိုပိုပြီးဖြည့်ဆည်းပေးချင်တတ်ကြသူတွေပါ။သင့်ရဲဲ့ကောင်းကျိုးအတွက်တစ်ဖက်တစ်လမ်းကနေအမြဲကောင်းအောင်လိုက်ကူညီနေတတ်တဲ့သူမျိုးဆိုလည်းမမှားပါဘူး။
ဒီလိုချစ်သူမျိုးဟာ တစ်ရာမှာ တစ်ယောက်တောင်ရှိဖို့ခံယဉ်းတာမို့ဒီလိုလူမျိုးပိုင်ဆိုင်ထားတဲ့အခါ သင့်ကိုတွယ်ကပ်နေရမလားဆိုပြီးမငြိုငြင်ပဲ သူတို့ရဲ့မေတ္တာကို အလေးနက်ခံစားသိရှိနိုင်ပါစေ…

988 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.