မိန်းကလေးဘက်ကစပြီး လမ်းခွဲစကားပြောရတဲ့အကြောင်းရင်းတွေ

မိန်းကလေးအများစုဟာ မျက်နှာမများချင်ကြတဲ့သူတွေချည်းပါပဲ။ ဆရာမဂျူးရဲ့စာအုပ်ထဲကလိုပေါ့.. “မိန်းမတွေဟာ မျက်နှာမများချင်ကြတဲ့သူတွေချည်းပဲ။ဒီတစ်ယောက်နဲ့ပဲချစ်သူဖြစ်၊ဒီတစ်ယောက်နဲ့ပဲလက်ထပ်၊ဘယ်လောက်မြင့်မြတ်လိုက်သလဲ။ ဒါပေမယ့် တကယ့်လက်တွေ့မှာဒီလိုစိတ်ကူးယဉ်လို့မရဘူး။”ဆိုသလိုပါပဲ။ ယောက်ျားလေးတစ်ယောက်နဲ့ရေရှည်လက်တွဲဖို့ဆိုတာ အဲဒီလူကကိုယ့်အပေါ်ဘယ်အချိန်မှာဘယ်လိုဆက်ဆံရေးရှိသလဲ၊သူ့ကိုဘာမှအကျိုးမပြုနိုင်တဲ့သူတွေအပေါ်မှာရောဘယ်လိုဆက်ဆံသလဲ။အဲဒါတွေကိုကြည့်ပြီးသူ့ရဲ့စိတ်နေစိတ်ထားကိုဘယ်လိုအကဲခတ်ရမလဲဆိုတာတွေရှိပါတယ်။ မိန်းကလေးဘက်ကစပြီးလမ်းခွဲစကားပြောရလောက်တဲ့အကြောင်းရင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

သင် မချစ်တော့ဘူးလို့ခံစားရတဲ့အခါ

မိန်းကလေးတွေမှာ အလိုလိုသိစိတ်ဆိုတဲ့ ဆဌမအာရုံရှိပါတယ်။ တစ်ခါတစ်ရံ အဲဒါကို သူတို့ကိုယ်တိုင်ကလျစ်လျူရှု့ထားတတ်ပေမယ့် အဲဒီိအရာကတော့အမြဲလိုလိုသူတို့စိတ်ရဲ့အနောက်ခြမ်းမှာ ရှင်သန်နေတတ်ပြီိး တစ်ခုခုမူမမှန်တော့ဘူးဆိုရင် ချက်ချင်းသတိပေးတတ်ကြပါတယ်။ယောက်ျားလေးတွေကဒါကိုအစိုးရိမ်လွန်တယ်ဘာညာထင်ပေမယ့် 80% လောက်က ဆဌမအာရုံတွေကမှန်တတ်ပါတယ်။ ဒီတော့ သင့်အနေနဲ့သူ့ကိုအချစ်ပေါ့သွားတာပဲဖြစ်ဖြစ် အရင်ကလောက်စိတ်မရှည်တော့တာပဲဖြစ်ဖြစ် သူတို့ကကြိုသိနေပြီး သင့်ကိုလမ်းခွဲစကားပြောတတ်ကြပါတယ်။

 

စိတ်မချလို့

မိန်းကလေးတွေရဲ့စကားကိုပြောင်းပြန်ယူရတဲ့အချိန်တွေလည်းရှိပါတယ်။တစ်ခါတစ်လေမှာ သင်တို့နှစ်ယောက်ကြားကအချစ်ရေးဟာတည်ငြိမ်လွန်းလို့အေးစက်သွားပြီလို့သူမ ယုံမှားသံသယရှိတဲ့အခါ သင့်ကိုသွေးတိုးစမ်းတဲ့အနေနဲ့လမ်းခွဲစကားပြောတတ်ပါတယ်။ သင့်အနေနဲ့လုပ်ရမှာက သင်သူမကိုဘယ်လောက်ချစ်ကြောင်း၊သူမ မရှိပဲမနေနိုင်ကြောင်းကို သင်တို့နှစ်ဦိးရဲ့လှပတဲ့အမှတ်တရတွေကိုပြန်ပြောင်းပြောပြရင်းနဲ့ သူမကိုသတိပေးဖို့ပါပဲ။

 

စိတ်မလုံခြုံလို့

စိတ်မလုံခြုံဘူးဆိုတာက သင်ကသူမဘဝအတွက်ဘယ်လောက်ထိဘဝအာမခံချက်ပေးနိုင်မှာလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ သင့်အနေနဲ့  သူမကို လက်ထပ်မယ်လို့တွင်တွင်ပြောထားပေမယ့် လက်ထပ်ဖို့ဘယ်လိုမှမဖြစ်နိုင်သေးတဲ့အခြေအနေမှာရှိနေသလား၊ဒါမှမဟုတ် လက်ထပ်ယူမယ့်အရိပ်အယောင်ကိုမပြမိသေးတာလား၊တွဲလာတာနှစ်တွေကြာပေမယ့် လက်ထပ်ဖို့တစ်ခွန်းမှမဟတဲ့သူကို သာမန်မိန်းကလေးတစ်ဦးကဘယ်လိုယုံကြည်နိုင်မှာလဲ။

 

သူမ စိတ်ပြောင်းသွားလို့

ဒါကတော့ ရှားပါးဖြစ်စဉ်ပါ။ လူတစ်ယောက်ဟာအခြားလူတစ်ယောက်ကို ချစ်သေးတယ်ဆိုတာတောင်ရှိရင် မချစ်တော့ဘူးဆိုတာဟာလည်းရှိမှာပါပဲ။ လူ့စိတ်ဟာအမျိုးမျိုးပြောင်းနေတာပါ။ဒီိတော့ သူမအနေနဲ့ သင့်ကိုရိုးရှင်းစွာပဲမချစ်တော့တာလည်းဖြစ်နိုင်ပါတယ်။ဒီလိုအခြေအနေမှာတော့ သင့်ဘက်ကဘာမှကြိုးစားလို့မရတော့ပါဘူး။ လွပ်လပ်စွာထွက်သွားခွင့်ပေးလိုက်တာက သင်တို့နှစ်ယောက်စလုံးအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။

 

စိတ်ပျက်သွားလို့

စိတ်ပျက်စရာအခြေအနေတွေဟာ လူတိုင်းကြုံဖူးကြပါတယ်။သင့်ဘက်ကစိတ်ပျက်လောက်စရာအပြုအမူတွေပြုဖန်များလာတဲ့အခါ သူမဟာသင့်ချစ်သူသာဖြစ်ပြီး သင့်မွေးသမိခင်ကျေးဇူးရှင်မဟုတ်တာကြောင့် အမေလိုတော့သည်းခံနိုင်မယ်မဟုတ်ပါဘူး။ ကတိတွေခဏခဏဖျက်တာ၊ချိန်းထားတဲ့အချိန်နောက်ကျတာလိုအသေးအဖွဲလေးတွေကအစ လူကြားထဲအော်ဟစ်တာ၊လက်ပါတာလိုကြီးကြီးမားမားကြီးတွေအထိ စိတ်ပျက်စရာတွေလုပ်နေတဲ့သူကိုဘယ်မိန်းကလေးကမှ ရေရှည်သည်းခံပြီးမတွဲနိုင်ပါဘူး။ စိတ်ဆိုးတာကချော့လို့ရပါတယ်၊စိတ်ပျက်သွားတာကတော့ ဘယ်လိုဆေးမျိုးနဲ့မှပြန်မကုနိုင်တော့ပါဘူး။

 

ခုပြောပြသွားတာတွေကတော့ မိန်းကလေးဘက်ကစပြီးလမ်းခွဲစကားပြောရတဲ့အကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအချက်အလက်တွေကိုတင်ပြထားတာပဲဖြစ်ပါတယ်။ မိန်းကလေးတွေဟာသံယောဇဉ်ကြီးပြီးတော်ရုံလမ်းခွဲမယ့်သူတွေမဟုတ်တာကြောင့် မိန်းကလေးဘက်ကစပြီးလမ်းခွဲစကားပြောလာပြီဆိုရင်သူတို့ရဲ့စိတ်အတွင်းထဲမှာ နာနာကျင်ကျင်ထိခိုက်ပျက်စီးနေရပြီဆိုတာသေချာသလောက်ပါပဲ။

 

Unicode Format













367 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.