တစ္ခါတစ္ေလ ေလ်ွာ္ျပီးသားအ၀တ္အစားေတြကုိ မီးပူတိုက္ခ်ိန္မရပဲ တုိက္မယ္ၾကံေတာ့ မီးပ်က္ေနတာမ်ိဳး၊ခရီးသြားတဲ႔အခါ ခရီးေဆာင္အိတ္ထဲစုပံုထည့္မိလို႔ အ၀တ္အစားေတြ တြန္႔ေၾကေနတာမ်ိဳးရွိတတ္ပါတယ္။အ႔ဲဒီလိုအခက္အခဲမ်ိဳးၾကံဳလာျပီဆုိ စိတ္မပ်က္ပါနဲ႔။ ဒီနည္းလမ္းေတြက မီးပူမသံုးပဲသင့္ရဲ ႔တြန္႔ေၾကေနတဲ႔အ၀တ္အစားေတြကုိ ျပန္ျပီးျပန္႔ေအာင္လုပ္ေပးႏိုင္ပါတယ္။ဘယ္လုိမ်ိဳးလဲဆုိရင္..
ပထမဆံုး တြန္႔ေၾကေနတဲ႔အက်ီေတြကုိ ဒီတိုင္းခ်မထားပဲ၊လံုးေထြးမထားပဲ အက်ီခ်ိတ္မွာခ်ိတ္လုိက္ပါ။
၁)ဆပ္ျပာမႈန္႔နဲ႔ေရ
ဆပ္ျပာမႈန္႔စားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ေရခဲေရေအးေအးေလးတစ္ခြက္ကိုေရာစပ္လိုက္ပါ။ျပီးရင္ အက်ီကုိ စပေရးျဖန္းသလိုျဖန္းလိုက္ပါ။ျဖန္းျပီးရင္ ေျခာက္ေအာင္ထားလုိက္ရံုပါပဲ။ ခရီးသြားလို႔အခက္အခဲၾကံဳရင္ ဒီနည္းလမ္းေလးက ပုိျပီးအဆင္ေျပႏုိင္ပါတယ္။
၃)Hair Dryer သံုးပါ
မီးပူလိုပဲ ဆံပင္အေျခာက္ခံစက္ကလည္း အက်ီျပန္႔ေအာင္လုပ္တဲ႔ေနရာမွာ ကူညီေပးႏိုင္ပါတယ္။ ပထမဆံုးအက်ီကုိ ေရေအးေအးေလးနဲ႔စပေရးျဖန္း သလိုျဖန္းလိုက္ပါ။ျပီးရင္ အပူခ်ိန္နိမ့္ျပီး အက်ီနဲ႔ႏွစ္လက္မေလာက္အကြာကေန မႈတ္ထုတ္ေပးပါ။ဒါဆုိရင္ အက်ီကုိလည္း မပ်က္စီးေစေတာ့ပဲ တြန္႔ေၾကေနတဲ႔အရာေတြေပ်ာက္သြားပါလိမ့္မယ္။
၄)ေရေႏြးေငြ႔သံုးပါ
ထူးေတာ့ထူးဆန္းသား။ေရေႏြးေငြ႔ကလည္း အက်ီတြန္႔ေၾကေနတာကုိ ျပန္႔ေအာင္လုပ္ေပးႏိုင္ပါ တယ္။ေရေႏြးေငြ႔ေတြက အက်ီမွာရွိတဲ႔အတြန္႔ေတြအေခါက္ေတြကုိ ျပန္ေျပေစပါတယ္တဲ႔။ မီးပူတိုက္ဖုိ႔အဆင္မေျပဘူးဆုိရင္ ေရေႏြးအိုးေလးတည္ျပီးေရေႏြးေငြ႔ ခံေပးရံုပါပဲေနာ္။ျပီးရင္
ဆံပင္အေျခာက္ခံစက္ေလးနဲ႔ ျပန္မႈတ္လိုက္ေပါ့။
၅)ေရခဲတံုးေလးေတြသံုးပါ
အက်ီအ၀တ္အစားေတြတြန္႔ေၾကေနတယ္ဆုိရင္ တြန္႔ေၾကတဲ႔ေနရာေလးကုိ ေရခဲတံုးေလးနဲ႔ကပ္ေပးပါ။ ျပီးရင္ အဲ႔ဒီေနရာကုိဆံပင္အေျခာက္ခံစက္ေလး နဲ႔ မႈတ္ေပးပါ။အဲ႔ဒါဆုိရင္ တြန္႔ေၾကေနတာေတြ ေပ်ာက္ပါတယ္တဲ႔။ဒီနည္းလမ္းေလးကလည္း လြယ္ကူတဲ႔နည္းလမ္းေလးပါပဲ။
၆)အားကုိသံုးပါ
ဒါကေတာ့ သိၾကမယ့္သူမ်ားမယ္ထင္ပါတယ္။မီးပူတုိက္ဖုိ႔အဆင္မေျပတဲ႔အခါ တြန္႔ေၾကေနတဲ႔ အ၀တ္အစားေတြကုိ တစ္ညလံုးေခါင္းအံုးထဲမွာထည့္အိပ္တာအေပၚကေန တစ္ခုခုအေလးခ်ိန္ မ်ားတာနဲ႔ဖိထားတာမ်ိဳးလုပ္လုိ႔ရပါတယ္။အဲ႔ဒါဆုိရင္အေပၚကဖိထားတဲ႔အားေၾကာင့္တြန္႔ေၾကေနတာေတြေပ်ာက္ပါတယ္တဲ႔။အက်ီကုိေသခ်ာေခါက္ျပီးအေပၚကေန ေမြ႔ယာျဖစ္ေစဖိထားျပီး အတြန္႔အေခါက္ေတြ ေပ်ာက္ေအာင္လုပ္ေပးႏုိင္ပါတယ္။
ဒါဆိုရင္ေတာ့ မီးပူမပါပဲလည္း အ၀တ္အစားေတြျပန္႔ေနေအာင္လုပ္လို႔ရျပီေနာ္။No iron? No problem 😉
Unicode
တစ်ခါတစ်လေ လျှော်ပြီးသားအဝတ်အစားတွေကို မီးပူတိုက်ချိန်မရပဲ တိုက်မယ်ကြံတော့ မီးပျက်နေတာမျိုး၊ခရီးသွားတဲ့အခါ ခရီးဆောင်အိတ်ထဲစုပုံထည့်မိလို့ အဝတ်အစားတွေ တွန့်ကြေနေတာမျိုးရှိတတ်ပါတယ်။အဲ့ဒီလိုအခက်အခဲမျိုးကြုံလာပြီဆို စိတ်မပျက်ပါနဲ့။ ဒီနည်းလမ်းတွေက မီးပူမသုံးပဲသင့်ရဲ ့တွန့်ကြေနေတဲ့အဝတ်အစားတွေကို ပြန်ပြီးပြန့်အောင်လုပ်ပေးနိုင်ပါတယ်။ဘယ်လိုမျိုးလဲဆိုရင်..
ပထမဆုံး တွန့်ကြေနေတဲ့အကျီတွေကို ဒီတိုင်းချမထားပဲ၊လုံးထွေးမထားပဲ အကျီချိတ်မှာချိတ်လိုက်ပါ။
၁)ဆပ်ပြာမှုန့်နဲ့ရေ
ဆပ်ပြာမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ရေခဲရေအေးအေးလေးတစ်ခွက်ကိုရောစပ်လိုက်ပါ။ပြီးရင် အကျီကို စပရေးဖြန်းသလိုဖြန်းလိုက်ပါ။ဖြန်းပြီးရင် ခြောက်အောင်ထားလိုက်ရုံပါပဲ။ ခရီးသွားလို့အခက်အခဲကြုံရင် ဒီနည်းလမ်းလေးက ပိုပြီးအဆင်ပြေနိုင်ပါတတယ်။
၃)Hair Dryer သုံးပါ
မီးပူလိုပဲ ဆံပင်အခြောက်ခံစက်ကလည်း အကျီပြန့်အောင်လုပ်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ပထမဆုံးအကျီကို ရေအေးအေးလေးနဲ့စပရေးဖြန်း သလိုဖြန်းလိုက်ပါ။ပြီးရင် အပူချိန်နိမ့်ပြီး အကျီနဲ့နှစ်လက်မလောက်အကွာကနေ မှုတ်ထုတ်ပေးပါ။ဒါဆိုရင် အကျီကိုလည်း မပျက်စီးစေတော့ပဲ တွန့်ကြေနေတဲ့အရာတွေပျောက်သွားပါလိမ့်မယ်။
၄)ရေနွေးငွေ့သုံးပါ
ထူးတော့ထူးဆန်းသား။ရေနွေးငွေ့ကလည်း အကျီတွန့်ကြေနေတာကို ပြန့်အောင်လုပ်ပေးနိုင်ပါ တယ်။ရေနွေးငွေ့တွေက အကျီမှာရှိတဲ့အတွန့်တွေအခေါက်တွေကို ပြန်ပြေစေပါတယ်တဲ့။ မီးပူတိုက်ဖို့အဆင်မပြေဘူးဆိုရင် ရေနွေးအိုးလေးတည်ပြီးရေနွေးငွေ့ ခံပေးရုံပါပဲနော်။ပြီးရင်
ဆံပင်အခြောက်ခံစက်လေးနဲ့ ပြန်မှုတ်လိုက်ပေါ့။
၅)ရေခဲတုံးလေးတွေသုံးပါ
အကျီအဝတ်အစားတွေတွန့်ကြေနေတယ်ဆိုရင် တွန့်ကြေတဲ့နေရာလေးကို ရေခဲတုံးလေးနဲ့ကပ်ပေးပါ။ ပြီးရင် အဲ့ဒီနေရာကိုဆံပင်အခြောက်ခံစက်လေး နဲ့ မှုတ်ပေးပါ။အဲ့ဒါဆိုရင် တွန့်ကြေနေတာတွေ ပျောက်ပါတယ်တဲ့။ဒီနည်းလမ်းလေးကလည်း လွယ်ကူတဲ့နည်းလမ်းလေးပါပဲ။
၆)အားကိုသုံးပါ
ဒါကတော့ သိကြမယ့်သူများမယ်ထင်ပါတယ်။မီးပူတိုက်ဖို့အဆင်မပြေတဲ့အခါ တွန့်ကြေနေတဲ့ အဝတ်အစားတွေကို တစ်ညလုံးခေါင်းအုံးထဲမှာထည့်အိပ်တာအပေါ်ကနေ တစ်ခုခုအလေးချိန် များတာနဲ့ဖိထားတာမျိုးလုပ်လို့ရပါတယ်။အဲ့ဒါဆိုရင်အပေါ်ကဖိထားတဲ့အားကြောင့်တွန့်ကြေနေတာတွေပျောက်ပါတယ်တဲ့။အကျီကိုသေချာခေါက်ပြီးအပေါ်ကနေ မွေ့ယာဖြစ်စေဖိထားပြီး အတွန့်အခေါက်တွေ ပျောက်အောင်လုပ်ပေးနိုင်ပါတယ်။
ဒါဆိုရင်တော့ မီးပူမပါပဲလည်း အဝတ်အစားတွေပြန့်နေအောင်လုပ်လို့ရပြီနော်။No iron? No problem 😉