ဒီအရာတွေကြောင့် မိန်းကလေးတွေက ပြတ်သားသွားတာပါ…

ယောက်ျားလေးတွေပဲ စိတ်ရှုပ် ၊ အရစ်မခံနိုင် ၊ နားငြီးမခံနိုင်ကြတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ မိန်းကလေးတွေဟာ ဘယ်လောက်ပဲ ချစ်သူအပေါ်သည်းခံနိုင်တယ်ပြောပြော ၊ ဒီအချက်တွေနဲ့ငြိလာရင်တော့ တစ်ချိန်မဟုတ် တစ်ချိန်ပေါက်ကွဲထွက်လာနိုင်ပါတယ်။ ယောက်ျားနဲ့ မိန်းမဆိုတာဟာ လိင်ပိုင်းဆိုင်ရာသာ ကွဲသွားပေမယ့် အခြေခံသဘောတရားအနေနဲ့ စိတ်ပိုင်းဆိုင်ရာမှာ တစ်ချို့ အရာလေးတွေက တူပါတယ်။ ယောက်ျားတွေ သည်းမခံနိုင်၊ စိတ်ရှုပ်စေတဲ့ အရာမျိုးတွေက မိန်းကလေးတွေနဲ့လည်း ထပ်တူညီနေတာတွေ့ရပြန်တယ်။ ဒါဆို မိန်းကလေးတွေကို ပြတ်သားသွားစေနိုင်တဲ့အကြောင်းရာတွေက ဘာဖြစ်မလဲ ?

Image result for broken couple

အရမ်းချုပ်ချယ်လွန်းသူ
ယောက်ျားလေးထဲမှာလည်း ချစ်လွန်းလို့ ဘယ်မှမသွားနဲ့ ၊ မလာနဲ့။ အိမ်ပေါ် အိမ်အောက်ဆင်း
မုန့်ဝယ်တာတောင် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး စိတ်မချဖြစ်နေတဲ့လူမျိုးတွေရှိပါတယ်။ ချစ်တာထက်
သူ့ရဲ့စိတ်ဟာ အစွန်းရောက်သွားတာပါ။ ချစ်သူအပေါ် ယုံကြည်စိတ်ဆိုတာ မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သံသယတွေနဲ့ နေနေရတာ ပူလောင်လှပါတယ်။ သူထားတဲ့အတိုင်း ၊ ပုံသွင်းတဲ့အတိုင်းဖြစ်မလာရင် ပြဿနာရှာလာမယ်။ မိန်းကလေးတွေလည်း ချုပ်ချယ် ဖိနှိပ်လွန်းရင် ရုန်းထွက်သွားကြပါတယ်။ ချစ်သာချစ်ပါ.. တစ်ဖက်ကိုနစ်မွန်းအောင် မလုပ်မိပါစေနဲ့။

ဒေါသကြီးသူ
တစ်ခုခု သေးမွှားတဲ့အမှားယွင်းလေးတောင် ဆက်ဆက်ထိမခံ ၊ အင်မတန်မှ သွေးဆိုးတဲ့ယောက်ျားလေးများကို မိန်းကလေးတွေ ကြောက်ပါတယ်။ ဒီလက္ခဏာဟာ အခြေအနေမကောင်းပါဘူး။ ဒီလိုယောက်ျားမျိုးနဲ့ တွဲမိနေပြီဆိုတာသိရင် ချက်ချင်းလက်တွဲဖြုတ်နိုင်အောင်ကြိုးစားပါ။ အရက်မူးလာရင် ပိုသွေးကြွကြတယ်။ တစ်ခုခုဖြစ်တာနဲ့ ဒေါသထွက် ၊ လက်ပါ ဝုန်းဒိုင်ကြဲပြဿနာရှာတတ်တဲ့ ယောက်ျားမျိုးဆီက မိန်းကလေးတွေ တဖြည်းဖြည်းရှောင်ထွက်သွားတတ်ကြပါတယ်။

စကားများလွန်းသူ
စကားများလွန်းတယ်ဆိုတာ တစ်ဖက်ပြောတာကိုနားမထောင်၊ ကိုယ်ပြောချင်တဲ့ အကြောင်းရာကိုပဲ စွတ်ပြောတတ်တဲ့ယောက်ျားမျိုးတွေပါ။ အပေးယူတည့်တဲ့ စကားအပြန်လှန်ပြောဆိုမှုမျိုးကို မိန်းကလေးတွေ အလိုရှိပါတယ်။ မိန်းကလေးတွေက သူပြောတာကိုလည်း ရင်ဖွင့်လို့ရမယ့်လူမျိုးကိုပဲ ပိုသဘောကျပါတယ်။

စိတ်မမှန်သူ
ဒီနေ့ ဆက်ဆံတာတစ်မျိုး ၊ နောက်နေ့ကျ ဆက်ဆံတာတစ်မျိုး အပြောင်းလဲမြန်တတ်သူတွေကြောင့် စိတ်မချမ်းသာဖြစ်ရပါတယ်။ စိတ်မမှန်တဲ့ ယောက်ျားတစ်ယောက်နဲ့ ဘယ်လိုမျိုးရေရှည်လက်တွဲမလဲ။ ဘယ်လောက်ပဲချစ်မိနေပါစေ .. ကိုယ့်အပေါ်ပုံမှန်တောင် မဆက်ဆံပေးနိုင်တဲ့လူတစ်ယောက်ကိုတော့ ဘယ်သူမှသည်းခံပြီး လက်တွဲချင်မှာမဟုတ်ပါဘူး။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.