“စူပါပါဝါတွေရနိင်မယ်ဆိုရင် ပျံသန်းချင်တယ်”ဆိုတဲ့ ဂျက်စတင်ဘီဘာအကြောင်း စူးစမ်းမိသမျှ
၎)ဂျက်စတင်ရဲ့အဖေ Jeremy Bieber ဟာ MMA ဖိုက်တာဟောင်းတစ်ယောက်ဖြစ်ပါတယ်။
Unicode
ကနေဒီယန်အဆိုတော်လေး ဂျက်စတင်ဘီဘာဆိုရင်မသိတဲ့သူမရှိပါဘူးနော်။ သူ့ရဲ့အချစ်ရေး အရရော၊ဂီတအရရော မီဒီယာတွေကြားမှာအမြဲရေပန်းစားနေတဲ့သူတစ်ယောက်ပါ။ ဒီတစ်ခေါက်ပရိသတ်တွေကိုပြောပြချင်တာကတော့သူ့ရဲ့အချစ်ရေးလည်းမဟုတ်၊ဂီတအကြောင်းသီးသန့်လည်းမဟုတ်တဲ့သူ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းအရာလေးတွေပါ။သူ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းလေးတွေနဲ့ပတ်သက်ပြီး Beliebers အများစုကတော့သိကြပေမဲ့တစ်ချို့ Beliebers တွေတော့ သိသေးမယ်မထင်ပါဘူး။အဲ့ဒါကြောင့် စူးစမ်းလို့ရသမျှ အချက်လေးတွေကိုပြန်ပြီးမျှဝေဖော်ပြပေးလိုက်ပါတယ်။
၁)ဂျက်စတင်ဘီဘာက onesies ရဲ့ အမာခံပရိသတ်တစ်ယောက်ပါ။ အပေါ်အောက် တစ်ဆက်တည်းဝတ်လို့ရတဲ့အကျီဒီဇိုင်းတွေကို သူအရမ်းသဘောကျပါတယ်တဲ့။အခုချိန်ထိ ကလေးလေးလိုပဲ ❤️
၂)သူဟာ နာမည်ကျော်အဆိုတော် Drake ရဲ ့အမာခံပရိသတ်လည်းဖြစ်ပါသေးတယ်။ သူ့ရဲ့အစ်ကိုတစ်ယောက်လိုပဲ အရမ်းသဘောကျချစ်ခင်ပါတယ်လို့ဂျက်စတင်ရဲ ့မန်နေဂျာ က ပြောပြခဲ့ဖူးပါတယ်။
၃)သူ့ရဲ့ညီမငယ်လေး Jazmyn ကိုလည်း အရမ်းချစ်ပြီး ကာကွယ်ပေးတတ်တဲ့အစ်ကို တစ်ယောက်ပါ ❤️
၄)ဂျက်စတင်ရဲ့အဖေ Jeremy Bieber ဟာ MMA ဖိုက်တာဟောင်းတစ်ယောက်ဖြစ်ပါတယ်။
၅)ဂျက်စတင်က သူ့ရဲ ့ပရိသတ်တွေကိုအရမ်းချစ်ပါတယ်။သူ့ရဲ့မိန်းကလေးပရိသတ်တိုင်းက သူ့ရဲ့ကောင်မလေးတွေပဲလို့တောင်တင်စားလေ့ရှိပါတယ််။
၆)တွစ်စ်တာရဲ ့Big fan လည်းဖြစ်ပါသေးတယ်။ဂျက်စတင်က တွစ်စ်တာသုံးရတာလည်း တအားသဘောကျပြီးသူတစ်ခုခုတင်ပြီးတာနဲ့ ပရိသတ်တွေဆီကဘယ်လိုကောမန့်တွေ လာမလဲ၊ဘယ်သူကအရင်ဆုံးကောမန့်ရေးမလဲဆိုတာ ချက်ချင်းစောင့်ကြည့်တတ်သူဖြစ်ပါတယ်။
၇)သူ့မှာ စူပါပါ၀ါတွေရှိလာမယ်ဆိုရင် သူဖြစ်ချင်တာကတော့ ပျံသန်းချင်တာပါတဲ့ (စူပါမန်းဖြစ်ချင်တာများလား 😝 )
၈)Will Smith က ဂျက်စတင်အတွက် အကြံဉာဏ်ကောင်းပေးသူတစ်ယောက်ပါ။ ဂျက်စတင်ရဲ့နံပါတ်တစ်စာရင်းမှာပါဝင်သလို တစ်ပတ်ကိုတစ်ခါတော့ပုံမှန်ဖုန်းပြောဖြစ် ကြပါတယ်တဲ့
၉)Rachel McAdams နဲ့ Ryan Gosling တို့ပါဝင်သရုပ်ဆောင်ထားတဲ့ The Notebook ဇာတ်ကားကို ဂျက်စတင်က အရမ်းသဘောကျပါတယ်။
၁၀)သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က Chaz Somers နဲ့ Ryan Butler ပါ
၁၁)သူအကြိုက်ဆုံး ရသစုံရှိုးက Smallville နဲ့ Friends ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်တဲ့
၁၂)ဂျက်စတင်က လူတွေအများကြီးကိုယုံကြည်ထားတတ်သူတစ်ယောက် မဟုတ်ပါဘူး။ သူယုံကြည်တဲ့သူတွေက သူ့ရဲ့အမေ၊အဖေ၊သူ့ရဲ့အလုပ်မန်နေဂျာBraun တို့ပါပဲ။
၁၃)သူအကြိုက်ဆုံးနံပါတ်က ၆ပါတဲ့။
၁၄)ဂျက်စတင်ဟာ Rubix cube တုံးကို ၂မိနစ်အတွင်းရအောင် လုပ်နိုင်သူတစ်ယောက်ပါ။
၁၅)ဂျက်စတင်ဘီဘာဟာ ၂၀၁၄တုန်းက အမေရိကန်-ဖိလစ်ပိုင်စပ်မင်းသမီးချော Liza Soberano ကို ခရက်ရှ်ခဲ့ဖူးပြီး တွစ်စ်တာမှာ Follow လုပ်ခဲ့ဖူးပါတယ်။Liza ကလည်း ဂျက်စတင်ဘီဘာ သူမကို Follow လုပ်တဲ့ပုံလေး ဓာတ်ပုံရိုက်ပြီး တွစ်စ်တာမှာ ဝမ်းသာစိတ်လှုပ်ရှားစွာတင်ခဲ့ဖူးပါတယ်။
ဒီလောက်ဆို Beliebers လေးတွေ ကျေနပ်လိမ့်မယ်ထင်ပါတယ် ❤️
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.