တွေ့ခဲ့တဲ့အချိန် ခဏလေးဆိုပေမယ့် နားလည်မှုအပြည့်နဲ့တည်ဆောက်ထားတဲ့ သူတို့ရဲ့အချစ်ရေး

ပရိတ်သတ်တွေကလည်း ဒီနာမည်ကြီး အနုပညာရှင် နှစ်ယောက်ရဲ့အချစ်ရေးက ဘယ်လောက်ထိ နက်ရှိုင်းနေပြီလဲဆိုတာ သိချင်နေကြမယ်ထင်ပါတယ်…

မင်းသား Kim Bum နဲ့ မင်းသမီး Oh Yeon Seo တို့ဟာ သူငယ်ချင်းရဲ့ပါတီတစ်ခုမှာ ပြီးခဲ့တဲ့ မတ်လကမှ တွေ့ဆုံခဲ့ကြတာပါ။ မှတ်မှတ်ရရ အရမ်းဟော့ဖြစ်သွားတဲ့ Odyssey ဇာတ်လမ်းတွဲ နောက်ဆုံးအပိုင်းလွှင့်ပြီးချိန်လောက်ကဖြစ်ပါတယ်။ ဒီစုံတွဲလေးကတော့ မလိုမုန်းထားပြောတဲ့ အတင်းဖျင်းစကားတွေဟာ မဟုတ်မမှန်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

နှစ်ယောက်သားက အပြင်မှာမတွေ့ဖူးပေမယ့် ဓာတ်ပုံထဲမှာပဲ မြင်ဖူး၊ သတင်းတွေကြားဖူးရုံလောက်ပဲရှိခဲ့တာပါ။ တကယ်တမ်းအပြင်မှာလည်း တွေ့ရော မြင်မြင်ချင်းပဲ တစ်ယောက်ကိုယ်တစ်ယောက် သဘောကျခဲ့ကြောင်း ဝန်ခံလာပါတယ်။

Related image

” သူတို့ တွဲနေကြပြီဆိုတာ ပရိတ်သတ်တွေသိတော့ ဝမ်းသာနေကြပါတယ်။ တွေ့ဆုံတဲ့အချိန်က ခဏလေးဆိုပေမယ့် သူတို့နှစ်ယောက်က နားလည်အပြည့်ရှိကြတယ်… စိတ်ချမ်းသာစရာကောင်းတဲ့ Relationship လေးကို ပိုင်ဆိုင်နိုင်မှာပါ ” လို့ Kim Bum ရဲ့လုပ်ဖော်ကိုင်ဖက်တွေကပြောပါတယ်။

Image result for oh yeon seo

” Oh Yeon Seo ချစ်ဖို့ကောင်းတာကိုတော့ အလုပ်တူတူတွဲလုပ်နေတဲ့ လူတွေတင်မကဘူး..ပရိတ်သတ်တွေလည်း သိမှာပါ.. သူမက ပျော်ပျော်နေတတ်တယ် … Kim Bum နဲ့တွေ့ပြီးနောက်ပိုင်း ဘယ်လောက်တောင်ပျော်နေလဲဆိုတာ သူမမျက်နှာမှာ အတိုင်းသားပေါ်လွင်နေတယ်” Associate of Oh Yeon Seo .

ဆိုးလ်မြို့  Cheongdam-dong မှာ ရင်းနှီးတဲ့သူငယ်ချင်းအချို့ နဲ့အတူ နှစ်ယောက်လုံး ရုပ်ဖျက်ပြီး ပျော်စရာကောင်းတဲ့ ဒိတ်လေးတစ်ခုကိုဖြတ်သန်းခဲ့ကြောင်းလည်း သတင်းတွေထွက်ခဲ့ပါတယ်။

သူတို့တွဲပြီး တစ်လအကြာမှာပဲ ဧပြီလမှာ Kim Bum က စစ်မှုထမ်းဖို့အတွက် ခဏခွဲကွာခဲ့ရပါတယ်။ (၄)ပတ်ကြာပြီးနောက်မှာ Kim Bumက စစ်မှုထမ်းကာလအတွင်း သူကောင်းကောင်းဖြတ်သန်းခဲ့ကြောင်း စစ်ကေလေးနဲ့ ပုံတွေကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။

Related image

ချစ်သူက စစ်မှုထမ်းနေချိန် Oh Yeon Seo တစ်ယောက်မှာလည်း အချိန်ဇယားတွေနဲ့ပြည့်ပြီး မအားလပ်နိုင်ပါဘူး။ သူစစ်တပ်ထဲဝင်နေချိန်Oh Yeon Seo အမေရိကန်ကို ခရီးထွက်ခဲ့ရပါတယ်။

သူရဲ့အင်စတာဂရမ်အကောင့်မှာတော့ ဓာတ်ပုံတွေမပြတ်တင်ခဲ့ပါတယ်။ သူတို့ရဲ့ချစ်သူ့သက်တမ်း 3လပြည့်အထိမ်းမှတ်ရယ်၊ လာမယ့် (၂၂)ရက်နေ့မှာ ရောက်ရှိတော့မယ့် Oh Yeon Seo ရဲ့မွေးနေ့အတွက် ဘာတွေလုပ်သွားမလဲဆိုတာ ပရိတ်သတ်တွေက သိချင်နေပါတယ်။

ဆိုရှယ်မီဒီယာမှာတော့ သူတို့နှစ်ယောက်တွဲရိုက်ထားတဲ့ ပုံတွေမတင်သေးပေမယ့် နောက်ပိုင်းကျရင် တရားဝင်ချပြလိမ့်မယ်လို့ ပရိတ်သတ်တွေက မျှော်လင့်ထားပါတယ်။ အခုချိန်မှာတွဲတာ (၃)လလောက်ပဲရှိသေးတာမို့ နှစ်ယောက်သားငြိမ်နေတာလည်း ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်အတွက် ပရိတ်သတ်တွေက ၀မ်းလည်းသာ ၊သဘောလည်းတူထားပြီးသားဖြစ်ပါတယ်။ သတင်းကောင်းလေးတွေပဲကြားရပါစေလို့ ဆုတောင်းပါတယ်..

527 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.