လူလိမ်တစ်ယောက်ဖြစ်တဲ့ Irving Rosenfeld ဟာ ဗြိတိသျှလူမျိုး sexy ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Sydney Prosser နဲ့အတူ FBI အရာရှိ Richie DiMaso ထံမှာ အတင်းအဓမ္မ အလုပ်လုပ်ပေးဖို့ခေါ်ဆောင်ခံခဲ့ရပါတယ်။ DiMaso ကသူတို့နှစ်ဦးကို Jersey နယ်က နိုင်ငံရေးငရှုပ်ကြီးတွေ နဲ့ မာဖီးယားတွေကြီးစိုးတဲ့ ကမ္ဘာထဲကို တွန်းပို့လိုက်ပါတော့တယ်။
American Hustle ဟာ ဒါရိုက်တာ David O. Russell ရဲ့ ရာဇ၀တ်မှုနောက်ခံ ဟာသဒရာမာဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Christian Bale, Amy Adams, Bradley Cooper, Jennifer Lawrence တို့ပဲဖြစ်ပါတယ်။
Ref:imdb
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။