ဒါမ်ိဳးေလးေတြနဲ႕လည္းေငြရွာလုိ႕ရတယ္ဆုိတာ…

တစ္ခ်ိဳ႕ကိုသတိမထားမိတဲ႔အရာေတြကလည္း အသံုး၀င္ေနတတ္ပါတယ္။ ဆိုေတာ႔ ဘယ္လိုအရာေလးေတြနဲ႕ေငြပုိေငြလ်ွံရွာလို႕ရတယ္ဆိုတာသိေစဖို႕ အနည္းငယ္စုစည္းေဖာ္ျပေပးလုိက္
ပါတယ္…
(၁) အ၀တ္စားအေဟာင္းေတြကိုသင္႔ေတာ္နဲ႕ေစ်းနဲ႕ေရာင္းပါ
အ၀တ္အစားေဟာင္းေတြကို အိမ္မွာပံုထားျပီး ေခ်ာင္ကပ္မထားပါနဲ႕။ ကိုယ္႔မွာေပးစရာကမ္းစရာလူလည္းမရွိဘူးဆုိရင္ အေဟာင္းဆုိင္မွာ သင္႔ေတာ္တဲ႕ေစ်းနဲ႕ေရာင္းခ်လိုက္ပါ၀ယ္ေစ်းထက္ အမ်ားျကီးနွိမ္ျပီးရေပမဲ႔ ဘယ္ေလာက္ရရကိုယ္႔အခန္းထဲပြေနပိုေနမွာထပ္စာရင္အဆင္ေျပတာမလို႕ မလိုတဲ႔အ၀တ္ေဟာင္းေတြကိုေရာင္းခ်သင္႔ပါတယ္။
(၂) Handmade ေကာင္းေကာင္းေလးေတြလုပ္ျပီးေရာင္းခ်ပါ
လက္လုပ္ပစၥည္းေလးေတြကို Quality ေကာင္းေကာင္း နဲ႕လူျကိုက္မ်ားတာေလးေတြေရြးခ်ယ္လုပ္ျပီးေရာင္းခ်တာလည္းေကာင္းမြန္တဲ႔အပိုေငြရွာနည္းတစ္မ်ိဳးပါပဲ။ လက္မႈပညာနဲ႕ရတဲ႔အခ်ိန္ေလး အပိုေငြရွာတဲ႔သေဘာေပါ႔။
(၃) အိမ္က ပိုေနတဲ႔ေနရာေတြကိုအခန္းကန္႔ျပီး ငွားရမ္းပါ
အိမ္ပိုင္ယာပိုင္ရွိတဲ႔သူေတြဟာ ကိုယ္တစ္ကိုယ္စားေကာင္းေကာင္းေနျပီး ပိုေနတဲ႔ေနရာေတြကို သူမ်ားကိုငွားရမ္းတာမိ်ဳးေတြနဲ႕လည္းေငြရွာသင္႔ပါတယ္။ ေနရာထိုင္ခင္း၊ ေက်ာတစ္ခင္းစာရဖို႕
ဆိုတာ အခုေခတ္ျကီးထဲမွာခက္ခဲလွပါတယ္။ ဒီလုိခ်ိန္မွာကုသိုလ္လည္း၀မ္းလည္း၀ဆုိသလို သင္႔တဲ႔ေစ်းနႈန္းနဲ႕ငွားရမ္းတာမ်ိဳးကလည္းေကာင္းမြန္တဲ႔အပိုေငြတစ္ခုရတာပါပဲ။
(၄) စာအုပ္အေဟာင္းေတြကိုေရာင္းပါ
ကိုယ္႔အတြက္သိမ္းထားရေလာက္ေအာင္တန္ဖိုးမရွိဘူးလို႕ခံစားရတဲ႔စာအုပ္ေတြကုိ လွဴခ်င္တာလွဴေပးခ်င္တာေပးျပီးရင္အေဟာင္းဆုိင္ကိုေရာင္းလုိက္ပါ။ကိုယ္႔အတြက္တန္ဖိုးမရွိေပမဲ႔ဒီစာအုပ္ကိုမွေစ်းျကီးပဲေပးရေပးရ၀ယ္၀ယ္ခ်င္ပါတယ္ဆုိတဲ႔သူေတြရွိေနတာမလို႕ ဒါလည္းနည္းလမ္းေကာင္းတစ္ခုပါပဲ။
(၅) မလိုအပ္ပဲ ပံုမက်တဲ႔ေရႊတိုေရႊစေတြကိုေရာင္းပါ
တစ္ခ်ိဳ႕ေသာေရႊေငြရတနာေတြဟာ၀တ္ဆင္လို႕လည္းမရပဲ ပံုပ်က္ျပီး အသံုးမ၀င္ေတာ႔တာမ်ိဳးေတြရွိနုိင္ပါတယ္။ တစ္ျခားအရာေတြထက္ ေရႊထည္ပစၥည္းေတြဒီလုိသံုးမရျဖစ္ခိ်န္မွာေတာ႔ထုခြဲသာေရာင္းခ်လုိက္ပါ။ ေရႊရဲ႕တန္ဖိုးကဆံုးတယ္ရယ္လုိ႕မရွိသေလာက္ပါပဲ။

ေငြပိုေငြလ်ွံဆုိတာ ရွာတတ္ရင္ရတယ္ဆုိတာသိရွိျပီး အေပၚကအခ်က္ေလးေတြနဲ႕အသံုး၀င္စြာရွာေဖြနုိင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

တစ်ချို့ကိုသတိမထားမိတဲ့အရာတွေကလည်း အသုံးဝင်နေတတ်ပါတယ်။ ဆိုတော့ ဘယ်လိုအရာလေးတွေနဲ့ငွေပိုငွေလျှံရှာလို့ရတယ်ဆိုတာသိစေဖို့ အနည်းငယ်စုစည်းဖော်ပြပေးလိုက်
ပါတယ်…
(၁) အဝတ်စားအဟောင်းတွေကိုသင့်တော်နဲ့စျေးနဲ့ရောင်းပါ
အဝတ်အစားဟောင်းတွေကို အိမ်မှာပုံထားပြီး ချောင်ကပ်မထားပါနဲ့။ ကိုယ့်မှာပေးစရာကမ်းစရာလူလည်းမရှိဘူးဆိုရင် အဟောင်းဆိုင်မှာ သင့်တော်တဲ့စျေးနဲ့ရောင်းချလိုက်ပါဝယ်စျေးထက် အများကြီးနှိမ်ပြီးရပေမဲ့ ဘယ်လောက်ရရကိုယ့်အခန်းထဲပွနေပိုနေမှာထပ်စာရင်အဆင်ပြေတာမလို့ မလိုတဲ့အဝတ်ဟောင်းတွေကိုရောင်းချသင့်ပါတယ်။
(၂) Handmade ကောင်းကောင်းလေးတွေလုပ်ပြီးရောင်းချပါ
လက်လုပ်ပစ္စည်းလေးတွေကို Quality ကောင်းကောင်း နဲ့လူကြိုက်များတာလေးတွေရွေးချယ်လုပ်ပြီးရောင်းချတာလည်းကောင်းမွန်တဲ့အပိုငွေရှာနည်းတစ်မျိုးပါပဲ။ လက်မှုပညာနဲ့ရတဲ့အချိန်လေး အပိုငွေရှာတဲ့သဘောပေါ့။
(၃) အိမ်က ပိုနေတဲ့နေရာတွေကိုအခန်းကန့်ပြီး ငှားရမ်းပါ
အိမ်ပိုင်ယာပိုင်ရှိတဲ့သူတွေဟာ ကိုယ်တစ်ကိုယ်စားကောင်းကောင်းနေပြီး ပိုနေတဲ့နေရာတွေကို သူများကိုငှားရမ်းတာမျိုးတွေနဲ့လည်းငွေရှာသင့်ပါတယ်။ နေရာထိုင်ခင်း၊ ကျောတစ်ခင်းစာရဖို့
ဆိုတာ အခုခေတ်ကြီးထဲမှာခက်ခဲလှပါတယ်။ ဒီလိုချိန်မှာကုသိုလ်လည်းဝမ်းလည်းဝဆိုသလို သင့်တဲ့စျေးနှုန်းနဲ့ငှားရမ်းတာမျိုးကလည်းကောင်းမွန်တဲ့အပိုငွေတစ်ခုရတာပါပဲ။
(၄) စာအုပ်အဟောင်းတွေကိုရောင်းပါ
ကိုယ့်အတွက်သိမ်းထားရလောက်အောင်တန်ဖိုးမရှိဘူးလို့ခံစားရတဲ့စာအုပ်တွေကို လှူချင်တာလှူပေးချင်တာပေးပြီးရင်အဟောင်းဆိုင်ကိုရောင်းလိုက်ပါ။ကိုယ့်အတွက်တန်ဖိုးမရှိပေမဲ့ဒီစာအုပ်ကိုမှစျေးကြီးပဲပေးရပေးရဝယ်ဝယ်ချင်ပါတယ်ဆိုတဲ့သူတွေရှိနေတာမလို့ ဒါလည်းနည်းလမ်းကောင်းတစ်ခုပါပဲ။
(၅) မလိုအပ်ပဲ ပုံမကျတဲ့ရွှေတိုရွှေစတွေကိုရောင်းပါ
တစ်ချို့သောရွှေငွေရတနာတွေဟာဝတ်ဆင်လို့လည်းမရပဲ ပုံပျက်ပြီး အသုံးမဝင်တော့တာမျိုးတွေရှိနိုင်ပါတယ်။ တစ်ခြားအရာတွေထက် ရွှေထည်ပစ္စည်းတွေဒီလိုသုံးမရဖြစ်ချိန်မှာတော့ထုခွဲသာရောင်းချလိုက်ပါ။ ရွှေရဲ့တန်ဖိုးကဆုံးတယ်ရယ်လို့မရှိသလောက်ပါပဲ။

ငွေပိုငွေလျှံဆိုတာ ရှာတတ်ရင်ရတယ်ဆိုတာသိရှိပြီး အပေါ်ကအချက်လေးတွေနဲ့အသုံးဝင်စွာရှာဖွေနိုင်ကြပါစေလို့ဆုတောင်းရင်း..

61 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.