သင့်မှာသာRSတစ်ခုရှိနေပြီဆိုရင်ရန်ခဏခဏဖြစ်တာတွေရပ်စဲအောင်ဘယ်လိုလုပ်သင့်သလဲ…
(၁) Privacy ထားပါ
(၂) နားလည်မှုရှိပါ
(၄) အလိုက်သိပါ
(၅) အတ္တမကြီးပါနဲ့
Unicode
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတာလေးကတစ်ခါတစ်လေမှာကြည်နူးဖို့ကောင်းပင်မဲ့ ချစ်သူစုံတွဲခြင်းခဏခဏ ရန်ဖြစ်စကားများတာဟာ ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ကြာလေကြာလေတစ်ယောက်နဲ့တစ်ယောက်ကို အဝေးဆုံးရောက်အောင်ဖန်တီးပေးတတ်ကြတာမလို့ ချစ်ပင်မဲ့ရန်ခဏခဏဖြစ်နေရတဲ့ ကိစ္စကြီးဟာ ဘာတွေကြောင့်ဘယ်လိုဖြစ်လာရသလဲဆိုတာ…
(၁) Privacy ထားပါ
ပြောချင်တာကယုံကြည်မှုရှိခိုင်းတာပါ။ တစ်ယောက်ဘဝမှာတစ်ယောက်ကအရေးပါတယ်ဆိုပင်မဲ့ တစ်ချို့သောနေရာတွေမှာတော့ကိုယ်ပိုင်အခွင့်ရေးနဲ့ကိုယ်ရှိပါစေ။ ဥပမာ- Fb Password တွေ
ပေးထားကြတယ်ဆိုပါစို့။ တကယ်တော့ တစ်ယောက်ကိုတစ်ယောက်အပြည့်ဝယုံကြည်ရင် တောင်းစရာတောင်မလိုပါဘူး။ ထားပါ ယုံကြည်မှုပိုရှိအောင်ပေးထားတယ်ပဲ ထားစကားပြောထားတာတွေလိုက်ကြည့် ဘာမဟုတ်တာနဲ့ဒေါသတွေဖြစ်ရန်တွေလုပ်အချိန်တွေကုန်ရင်းမင်းတို့RSကိုအချိန်ဖြုန်းမလားစဉ်းစားပါ။ မင်းကို ပေးထားတယ်ဆိုကတည်းက ဘယ်သူတွေနဲ့စကားပြောပြောဒါဟာသဘောရိုးဆိုတာရှင်းပြနေစရာတောင်မလိုပါဘူး။ တကယ်လို့မပေးထားလည်းမတောင်းပါနဲ့ တကယ်ဖောက်ပြန်ချင်တဲ့သူဆိုတာ acc ပေးပေးမပေးပေးကိုယ့်ကွယ်ရာလုပ်နေလည်းသိမှာမှမဟုတ်တာ။ ဆိုတော့တစ်ယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတစ်ယောက်တန်ဖိုးထားမြတ်နိုးပါ။ ဒါဆိုရန်အေးပါတယ်။
(၂) နားလည်မှုရှိပါ
နားလည်မှုရှိဖို့ကမရှိမဖြစ်လိုအပ်တဲ့အရာပါ။ ရင့်ကျက်တဲ့သူတွေဖြစ်ဖို့လည်းလိုတာပေါ့လေ။ အသက်ရွယ်အားဖြင့်သော်လည်းကောင်းစိတ်ဓာတ်အားဖြင့်သော်လည်းကောင်းရင့်ကျက်စွာနေထိုင်ရင်း
ကိုယ့်ချစ်သူအပေါ်ပေးသင့်တဲ့သဘာဝကျကျနားလည်မှုမျိုးကိုပေးပါ။ တော်ရုံကိစ္စလောက်နဲ့အကြောင်းရှာပြီးရန်ဖြစ်တာမျိုးမလုပ်ပါနဲ့။
(၃) ချုပ်ချယ်တာနဲ့သဝန်တိုတာကိုကွဲပြားပါစေ
ဒါကတော့သိပ်ကိုအရေးပါတဲ့အချက်ပါ၊ တစ်ချို့သူတွေက ချစ်လို့သဝန်တိုတယ်လို့ခုတုံးခံပြောပြီး လူတစ်ဖက်သားရဲ့ပျော်ရွှင်မှုတွေ စိတ်ချမ်းသာမှုတွေကိုလိုက်လံပိတ်ပင်တတ်ပါတယ်။ချစ်လို့သဝန်တိုတယ်ဆိုတာ နဲ့ချုပ်ချယ် အမိန့်ပေးတာဟာ သိပ်ကိုကွာခြားတယ်ဆိုတာကို စဉ်းစားဆုံးဖြတ်တတ်တဲ့သူတိုင်းခွဲခြားတတ်တာမလို့တစ်ယောက်နဲ့တစ်ယောက်ညှိညှိနှိုင်းနှိုင်းနဲ့သာနားဝင်အောင်ပြောဆိုပါ။
(၄) အလိုက်သိပါ
ချစ်တတ်တရင်အလိုက်သိတတ်ဖို့တော့လိုပါတယ်။ ချစ်တော့ချစ်တယ်အလိုက်ဘယ်လိုသိရမှန်းမသိရင်တော့သင်တို့အချစ်ရေးကပြေလည်ဖို့ခက်ခဲပါလိ်မ့်မယ်။ ဒါကြောင့်ကိုယ့်ချစ်သူရဲ့စိတ်ကို
အထိုက်အလျောက်နားလည်နိုင်ပြီး အလိုက်တသိနေထိုင်တတ်အောင်ကြိုးစားပါ။
(၅) အတ္တမကြီးပါနဲ့
အချစ်ရေးမှာအတ္တသွားကြီးလို့မရပါဘူး။ ငါပြောသလိုနေငါပြောခိုင်းတဲ့သူနဲ့ပြောဒီလူနဲ့လုံးဝအဆက်သွယ်ဖြတ် ဒါတွေက အတ္တတွေပါ၊ မပတ်သတ်သင့်တဲ့အကြောင်းအရင်း မလုပ်သင့်တဲ့အကြောင်းအရင်းကိုသေချာနားလည်အောင်မပြောပဲ ချစ်လို့ပြောတယ်ဆိုတာကြီးအသုံးချပြီး တစ်ယောက်ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းထိလိုက်လံဖြတ်တောက်တာမျိုးကိုမလုပ်ပါနဲ့။
ဒီလိုတွေလုပ်တာဟာ သင်တို့ရဲ့ဆက်ဆံရေးကို စကားများရန်ဖြစ်တာတွေနဲ့ပဲအချိန်ကုန်စေမှာပါ။အတွဲတော်တော်များများဟာ အပေါ်ကအချက်တွေနဲ့ငြိရင်း ဖြစ်ကြတဲ့ပြဿနာတွေများတာမလို့ ဒီအချက်တွေကိုသာနားလည်လက်ခံနိုင်ပြီဆိုရင်တော့ဖြင့် အရင်ကထက်တစ်ဝက်လောက်ရန်ဖြစ်တာလျော့သွားကြမယ်ဆိုတာအသေချာပါပဲ…
83 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.