“Mr. Sunshine” ဇာတ်ကားသစ်မှာ ဒီမင်းသား မင်းသမီးတွေအကုန်ပါမယ်ဆို ပျော်ကြမှာလား 😍
Unicode
၂၀၁၈၊ဇူလိုင် ရရက်၊ကိုရီးယားရုပ်သံဌာန tvN ကနေထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲ အသစ်လေးတစ်ခု အကြောင်းကို ကေဒရာမာချစ်ပရိသတ်တွေအတွက် ပြန်ပြီးမျှဝေပေးချင် ပါတယ်။ဇာတ်လမ်းတွဲနာမည်က Mr. Sunshine ဖြစ်ပြီး နာမည်ကြီးဇာတ်လမ်းတွဲ Descendants of the Sun ၊ Goblin စတဲ့ဇာတ်ကားတွေရေးသားခဲ့သူ
Kim Eun Sook ရဲ ့လက်ရာအသစ်လည်းဖြစ်ပါတယ်။
ဒါရိုက်တာကလည်း Goblin နဲ့ Descendants of the Sun ရိုက်ကူးခဲ့သူ Lee Eung Bok ဖြစ်ပြီး ဒီဇာတ်လမ်းတွဲအသစ် Mr.Sunshine ပရိသတ်တွေရဲ့အာရုံစိုက်မှုခံနေရတာက ခေါင်းဆောင်မင်းသားမင်းသမီးတွေဖြစ်တဲ့ Lee Byung Hyun နဲ့ Kim Tae Ri ကြောင့်လည်းဖြစ်ပါတယ်။
ခေါင်းဆောင်မင်းသား၊မင်းသမီးတွေကြောင့်တင်မကပါဘူး။ဒီဇာတ်လမ်းတွဲမှာနောက်ထပ်ပါဝင်အားဖြည့်ထားတဲ့သူတွေရှိပါတယ်။သူတို့ကတော့ မင်းသားချော Yoo Yeon-seok ၊ မင်းသမီး Kim Min-jung ၊မင်းသားချော Byun Yo-han တို့ပဲဖြစ်ပါတယ်။ပြီးတော့ DOTS မှာပရိသတ်
အားပေးမှုရရှိခဲ့တဲ့ဒုတိယစုံတွဲလေး Jin Goo နဲ့ Kim Ji Won တို့က အဲ့ဒီဇာတ်လမ်းတွဲမှာ ဧည့်သည်ဇာတ်ဝင်ခန်းအဖြစ်ပါဝင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံက ၁၈၇၁ခုနှစ်အတွင်းအမေရိကန်နိုင်ငံရဲ့ပြည်နယ်တစ်ခွင်ခရီးလှည့်လည်သွားလာ နေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ကူးပြသမှာဖြစ်ပြီးနောက်ပိုင်းသူ့ရဲ့ကိုရီးယားမြေကို အပြန်မှာတော့ အမေရိကန်စစ်သားတစ်ယောက်ဖြစ်လာပြီး မင်းမျိုးနွယ်ဝင်မင်းသမီးနဲ့
တွေ့ဆုံချစ်ကြိုက်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းပုံစံဖြစ်ပါတယ်။၁၈၇၁ကာလဟာ အမေရိကန်စစ်တပ်ရဲ ့လှုပ်ရှားမှုတွေ ကိုရီးယားနိုင်ငံမှာပထမဆုံးစတင်ခဲ့ချိန်လည်းဖြစ်ပါတယ်။
ဒီလိုအချိန်ကာလကို ပြန်လည်ရိုက်ကူးထားပြီး ပါဝင်တဲ့သူတွေကလည်း တကယ့်ဒိတ်ဒိတ်ကြဲ တွေဖြစ်လို့ဇာတ်ကားရဲ ့Trailer နဲ့တင်ပရိသတ်တွေက တအားကိုကြည့်ချင်နေကြပါပြီ။ကိုရီးယားရဲ ့ရုပ်ရှင်လောကမှာလည်း အောင်မြင်ဦးမယ့်ဇာတ်လမ်းတွဲတစ်ခုလို့အခုကတည်းက ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ဇာတ်လမ်းတွဲကောင်းလေးတွေစောင့်မျှော်နေသူတွေလည်း
ကြည့်လို့ရအောင် Trailer လေး ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။
183 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.