ချစ်မိတဲ့အခါ လူတိုင်းလိုလိုလက်တွေ့ခံစားရမယ့် ထူးဆန်းတဲ့အရာလေးတွေ

ချစ်နေရခြင်းဟာ လူသားတွေကို စိတ်အားတက်ကြွမှုပေးသလို ၊ နာကျင်မှုတွေလည်းပေးပြန်တယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ လူတွေဟာ ဒီခံစားမှုတွေကိုပဲ ခုံမင်တွယ်တာနေကြပါတယ်။ ချစ်မိတဲ့အခါ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေဟာ ပြောင်းလဲလာတတ်ပါတယ်။dopamine နဲ့ oxytocin လို့ခေါ်တဲ့ ဟော်မုန်းတွေဟာ ကျွန်တော်တို့ခံစားချက်အပေါ်လွှမ်းမိုးမှုရှိလာတဲ့အခါ ဘာတွေဖြစ်လာသလဲ ?

အချစ်ဟာ အရက်နဲ့တူတယ်..

အချစ်က လူကိုမူးယစ်စေပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့စိတ်ထဲ အပြစ်ရှိသလို ၊ ကြောက်ရွံစိုးရိမ်သလို ၊ စိတ်အားငယ်သလို ခံစားချက်တွေပါဖြစ်ပေါ်လာတယ်။ အရက်မူးရင် ဘာမှမသိတော့ပဲ တဇွတ်ထိုးလုပ်တတ်သလို ၊ အချစ်နဲ့တွေ့လာရင် ဘာကိုမှဂရုမစိုက်နိုင်တော့ပဲ ချစ်တဲ့စိတ်နဲ့ တဇွတ်ထိုးလုပ်ချင်လာတယ်။ ဒါကြောင့် အချစ်ဟာ အရက်နဲ့တူတယ်.

ဝလို့ လှလို့

တကယ်ကိုယ်ချစ်ရတဲ့သူနဲ့ တွေ့လာရင် ဝိတ်တက်စေလာတယ်လို့ ပညာရှင်များကတော့ ပြောထားပါတယ်။ စိတ်ပညာရှင်များကတော့ ” Love pound” လို့ခေါ်တယ်။ စိတ်ချမ်းသာလည်း အစားပိုဝင်လေပါပဲ။ ချစ်သူနဲ့အဆင်ပြေနေရင် ပုံမှန်စားနေကျထက် ပိုပိုစားမိတယ်။ ဘယ်က ဘယ်လိုဝင်လာမှန်းမသိတဲ့ အားအင်တွေက ခန္ဓာကိုယ်ထဲပြည့်နေလေရဲ့။ အမြဲတမ်းစိတ်ချမ်းသာစရာကောင်းတဲ့ စုံတွဲတွေဆို နှစ်ယောက်လုံးအတူတူဝိတ်တက်လာကြတယ်လို့ သိရပါတယ်။ နှစ်ယောက်လုံးမှာ စိတ်ဖိစီးမှုနည်းပြီး စိုးရိမ်နေတဲ့ ခံစားချက်တွေမရှိလို့ပဲဖြစ်ပါတယ်။

အသံလေးတွေ ပြောင်းလဲလာ


ပုံမှန်မဟုတ်တဲ့ လေ့လာမှုတစ်ခုကို သိပံ္ပပညာရှင်များပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ရိုမန်တစ်ဆန်တဲ့ စုံတွဲတွေဟာ မကြာခဏ အကြိမ်ပေါင်းများစွာ ဖုန်းတွေပြောကြသတဲ့။ ပုံမှန်လူတစ်ယောက်နဲ့ စကားပြောတဲ့လေသံထက်၊ ချစ်သူနဲ့ပျော်တဲ့ လေသံဟာ ပိုမိုညောင့်ညောင်းမှုရှိကြောင်းတွေ့ရပါတယ်။ စကားအပြန်လှန်ပြောနေချိန် မိန်းကလေးတွေရဲ့အသံဟာသေးသိမ်သွားပြီး၊ ယောက်ျားလေးတွေ အသံကတော့ ပိုကျယ်နေတာတွေ့ရပါတယ်။

အိပ်မရတဲ့နေ့တွေ


ချစ်မိလာပြီဆို တော်ရုံနဲ့အိပ်ပျော်ဖို့ မလွယ်ပါဘူး။ ပျော်စရာရှိရင်လည်း အိပ်ယာဝင်ရင် ကြည်နူးစရာလေးတွေ တွေးပြီး အိပ်မပျော်တော့ပြန်ဘူး။ ရန်ဖြစ် စကားများရင်လည်း သူငါ့အပေါ် ပြန်ရက်လေခြင်း ၊ လုပ်ရက်လေခြင်း ဆိုပြီး တနုံ့နုံ့ဖြစ်ကာ အိပ်မရတော့ဘူး။ ချစ်မိတဲ့အခါ လူရော၊ စိတ်ရော ပင်ပန်းစေပါတယ်။ ဒါကြောင့် အချစ်က အိပ်ရေးပျက်စေတယ်။

အချစ်က ချိုမြိန်နေပြန်တယ်

ဒတ်ခ်ျသိပံ္ပပညာရှင်က စိတ်ဝင်စားစရာလေ့လာမှုတစ်ခုကို ထုတ်ပြခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့တကယ့်အတွေ့အကြုံကို စာတွေအဖြစ်ချရေးခဲ့တာပါ။ ချစ်တဲ့စိတ်နဲ့ကြည့်နေရင် အရာရာဟာလှပနေတယ်၊ ချိုမြိန်နေတယ်။ အရောင် ၊ အရသာ ဘာမှမရှိတဲ့ ရေကိုတောင် ချိုပြီး လှပတဲ့ရေတစ်ဘူးအဖြစ် မြင်ချင်မြင်တတ်ကြပါတယ်။ ဒါဟာ တကယ်ချစ်ဖူးတဲ့လူတိုင်း ကြုံဖူးမှာပါ။

867 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.