စိတ်ဖိစီးမှုတွေ ပြေပျောက်စေဖို့ ဟာသကား ကောင်းကောင်းလေးတွေကြည့်ကြမယ်..

ကဲ.. နှစ်ရက်တောင်ရုံးပိတ်တော့မှာဆိုတော့ အားလပ်ရက်မှာ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ချင်လို့ပဲဖြစ်ဖြစ်၊ အခြားဇာတ်ကားတွေထက် စိတ်ပျော်ရွှင်မှုပေးနိုင်တဲ့ ရုပ်ရှင်ကိုပဲ ကြိုက်နှစ်သက်သူများအတွက် ဟာသရုပ်ရှင်လေးတွေ မျှဝေပေးလိုက်တယ်နော်။

The Mask

Image may contain: one or more people and close-up
ဒီရုပ်ရှင်လေးကိုတော့ လူတိုင်းသိနေလောက်မယ်ထင်ပါတယ်။ ၁၉၉၄ခုနှစ်တုန်းက ထွက်ရှိခဲ့
တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Charles Russell နဲ့ ဇာတ်ညွန်း Mike Werb တို့ Dark House Comics က ထုတ်လုပ်တဲ့ comic series ကိုပြန်လည်အခြေခံရိုက်ကူးထားတာပါ။ အဓိကဇာတ်ဆောင်အဖြစ် Jim Carrey ပါဝင်ထားပါတယ်။ မျက်နှာဖုံးအစိမ်းတစ်ခုနဲ့ အလွဲလွဲ
အချော်ချော်ဖြစ်ရပုံကို ရိုက်ကူးထားတားဖြစ်ပါတယ်။

Liar Liar

Image may contain: 1 person, smiling, standing and text
ဒါလည်း Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Tom Shadyac ၊ ဇာတ်ညွန်း Paul Guay နဲ့ tephen Mazur တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်နဲ့ Jim Carrey ဟာ အကောင်းဆုံး ဟာသသရုပ်ဆောင်အဖြစ် Golden Globe Award ဆုကို ရရှိခဲ့ပါတယ်။

Meet the Parents

Image may contain: 4 people, people smiling, people standing
Meet the Parents ရုပ်ရှင်က ၂ဝဝဝခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် ရိုမန်တစ်ဟာသဇာတ်
လမ်းပါ။ ဒါရိုက်တာ Jay Roach ၊ ဇာတ်ညွန်း Jim Herzfeld နဲ့ John Hamburg တို့ဖြစ်ပါတယ်။ ရည်းစားဖြစ်သူရဲ့မိဘတွေဆီ အလည်သွားချိန်မှာ ကြုံတွေ့ရတဲ့ ဟာသအဖြစ်ပျက်လေးကို ရည်မောပျော်ရွင်စရာကောင်းအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်များကတော့ Robert De Niro၊ Ben Stiller ၊ Blythe Danner နဲ့ Teri Polo တို့ပဲဖြစ်ပါတယ်။

Big Daddy

Image may contain: 1 person, standing, shoes and child
၁၉၉၉ခုနှစ် ၊ အမေရိကန် ဟာသဇာတ်ကား Big Daddy ကတော့ သရုပ်ဆောင် Adam Sandler, Joey Lauren Adams နဲ့ (River Dale စီးရီးထဲက မင်းသားချော Sprouse အမွှာ )တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပထမဆုံး ရုံတင်တင်ချင်းမှာပဲ ဒေါ်လာ၄၁၅၃၆၃၇၀ ထိရရှိခဲ့ပါတယ်။

Mr.Popper’s Penguins

Image may contain: 1 person, bird and text
၂ဝ၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဟာသရုပ်ရှင် Mr.Popper’s Penguins ကို ဒါရိုက်တာ
Mark Waters ၊ ဇာတ်ညွန်း Sean Anders တို့ ပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ ဒီမှာလည်း Jim Carrey က ပင်တိုင်သရုပ်ဆောင်ပါပဲ။ အခြားသရုပ်ဆောင်များကတော့ Carla Gugino , Madeline Carroll နဲ့ Angela Lansbury တို့ဖြစ်ပါတယ်။

အခုပြောပြပေးသွားတဲ့ ဇာတ်ကားလေးတွေကို ချစ်တဲ့သူနဲ့အတူကြည့်ပြီး အလုပ်ပိတ်ရက်မှာ အားပါးတရအော်ရယ်ပျော်ရွှင်ကြည်နူးကြပါစေလို့ ….

111 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.