L’Oréal ကနေ အသစ်တင်ဆက်လိုက်တဲ့ အလှကုန်ပစ္စည်းလေးကတော့ “Hairchalk” လို့ခေါ်တဲ့ ဆံပင်ကို ခြယ်သနိုင်တဲ့ မြေဖြူချောင်းလိုမျိုး အချောင်းလေးတွေပါပဲ။
“hair makeup” လို့ခေါ်တဲ့ ဆံပင်ကို မျက်နှာလိုမျိုး ခြယ်သတန်ဆာဆင်လာတာတွေဟာ ၂၀၁၄မှာများ ရေပန်းစားလာနိုင်မလား။ ဒီကိစ္စများ တကယ်ဖြစ်လာမယ်ဆိုရင် ဆံပင်ပညာရှင်တွေ အနေနဲ့ “Hairchalk” လေးတွေကို သုံးကြည့်ဖို့လိုလာပါပြီ။ အလှပြင်ဆိုင်မှာရော အိမ်မှာပါ ပြုလုပ်လို့ရတဲ့ နည်းပညာသစ်လေးပါ။
စသုံးတဲ့အချိန်မှာ အနည်းငယ်စိုစွတ်ပြီးတော့ ခဏနေရင်ခြောက်သွားပါလိမ့်မယ်။ အရောင် (၈)မျိုးလာပြီး အပြာရောင်ကနေ ကြေးနီရောင်အထိ ရှိပါတယ်။ ဒီထုတ်ကုန်ကိုတော့ အဓိကအားဖြင့် လူငယ်ထုအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
L’Oréal ရဲ့ marketing director က ဒီကုန်ပစ္စည်းကို အသုံးပြုရတာ လွယ်ကူအောင် ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး လက်သည်းနီတစ်ရောင်ပြီးတစ်ရောင် ပြောင်းသလိုမျိုးပဲ အလွန်လွယ်ကူပါတယ်တဲ့။
ခေါင်း (၂)ခါလောက်လျှော်ပြီးရင်တော့ တဖြည်းဖြည်းမှိန်သွားမှာပါ။ တစ်ဗူးကို ဆယ်ကြိမ်လောက်အသုံးပြုနိုင်ပြီး ဈေးနှုန်းကတော့ သုံးသောင်းဝန်ကျင်ရှိပါတယ်။ အာရှဈေးကွက်ကိုတော့ နောက်နှစ်လယ်ပိုင်းလောက်မှာ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
Ref:herworldplus