ဒီအေၾကာင္းေတြသိရင္ သူ႔ကုိပုိသေဘာက်သြားမိမယ္ဆုိပဲ 😎

“My Love from the Star” ဇာတ္ကားနဲ႔ပရိသတ္ေတြအသည္းႏွလံုးကုိသိမ္းပုိက္သြားသူ မင္းသားေခ်ာေလး Kim Soo Hyun နဲ႔ပတ္သက္ျပီးပရိသတ္ေတြမသိေသးတဲ႔အခ်က္ေလးေတြ ရွိပါေသးတယ္။ ဒီအခ်က္ေလးေတြသိျပီးရင္ သူ႔ကုိပုိျပီးေတာင္ခ်စ္သြားမွာဆုိပဲ။သူ႔ရဲ႔ အင္တာဗ်ဴးေတြ၊
ငယ္ငယ္တုန္းကအေၾကာင္းအရာေတြ၊ရယ္စရာေလးေတြစုစည္းထားတဲ႔မီဒီယာကေန ပရိသတ္ေတြအတြက္ ျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္ေနာ္။

၁)ငယ္ငယ္ကရုပ္နဲ႔ အခုရုပ္ေလးနဲ႔က တူတူပါပဲ။(ဒါ သူဘယ္တုန္းကမွရုပ္မဆုိးခဲ႔ဘူး၊ မျပဳျပင္ခဲ႔ဘူးဆုိတဲ႔သေဘာ)
ကုိရီးယားမင္းသားေတာ္ေတာ္မ်ားမ်ားကအရင္တုန္းကနဲ႔ရုပ္ရွင္ေလာကထဲ၀င္ေရာက္လာခ်ိန္ အၾကားမွာ ရုပ္ရည္ေျပာင္းလဲမႈေတြရွိပါတယ္။ဒါေပမဲ႔ Kim Soo Hyun ကေတာ့ ငယ္ငယ္တည္း က သူ႔ရုပ္ေလးက ဒီတုိင္းပါပဲ။ပံုထဲမွာၾကည့္လိုက္ရင္ ငယ္ငယ္တုန္းက ၀၀ကစ္ကစ္ေလးျဖစ္ျပီး တျဖည္းျဖည္းအရြယ္ေရာက္လာေတာ့ ေဘာ္ဒီအခ်ိဳးအစားေလးေျပာင္း လဲလာတာ ၊ပုိျပီးေခ်ာလာတာ ကိုျမင္ေတြ႔ရမွာပါ 😍

၂)Kim Soo Hyun က ခံစားလြယ္တဲ႔သူတစ္ေယာက္ပါ
Kim Soo Hyun ဟာ သူ႔ရဲ ႔အသက္ ၂၂ႏွစ္ျပည့္ေမြးေန႔မွာတုန္းက ငိုခဲ႔ဖူးပါတယ္တဲ႔။ ဘာလုိ႔လဲဆုိေတာ့ ၂၂နွစ္ျပည့္ေမြးေန႔မွာ မိန္းကေလးအဆိုေတာ္အဖြဲ႔ထဲက Han Seung Yeon က ေမြးေန႔ဆုေတာင္းသီခ်င္းေလးဆိုေပးခဲ႔တာပါ။ Korean music program Sonyeon Sonyeo Gayo Baekseo အစီအစဥ္ရုိက္ကူးေနတုန္း အံ႔ၾသ၀မ္းသာသြားျပီး ၀မ္းသာမ်က္ရည္က်ခဲ႔ဖူးပါတယ္။အဲ႔ဒီလုိစိတ္ခံစားလြယ္တဲ႔သူေလးပါ။

၃)ငယ္ငယ္တုန္းက underwear model တစ္ခါလုပ္ခဲ႔ဖူးပါတယ္
သူငယ္ခ်င္းျဖစ္သူရဲ ႔အြန္လိုင္းေရွာ့ပင္းအတြက္အတြင္းခံေဘာင္းဘီေတြ၀တ္ၾကျပီးေၾကာ္ျငာေပးၾက တာပါ။ငယ္ငယ္တုန္းက အေပ်ာ္သေဘာနဲ႔လုပ္ခဲ႔ၾကတာျဖစ္ေပမဲ့ အဲ႔ဒီတုန္းက လူေတာ္ေတာ္မ်ားမ်ားကေ၀ဖန္ခဲ႔ၾကပါတယ္။အဲ႔ဒီအခ်ိန္တုန္းကငယ္္ရြယ္ေသးသလို ပရိသတ္အမ်ားစုကေတာ့သူ႔ရဲ ႔ကေလးဘ၀တုန္းကျဖတ္သန္းခဲ႔တဲ႔ပံုစံေတြကုိျမင္ရလုိ႔ သေဘာက်ႏွစ္သက္ခဲ႔ၾကပါတယ္။

၄)သူနဲ႔ခြ်တ္စြပ္တူတဲ႔ အစ္မတစ္ေယာက္ရွိပါတယ္
တစ္ခါတုန္းက Kim Soo Hyun က သူ႔ရဲ႔ မီနီေပ့ခ်္ေလးမွာ သူ႔ရဲ႔အစ္မဆိုျပီး မိန္းကေလး တစ္ေယာက္ပံုကုိတင္ခဲ႔ဖူးပါတယ္။တကယ္ေတာ့ ဆံပင္တုစြပ္ျပီးရိုက္ထား တာပါ။သူက အဲ႔ဒီဆံပင္တုကို ဒီတုိင္းေပ်ာ္ေစခ်င္လုိ႔၀တ္ခဲ႔တာျဖစ္ျပီး ပံုတင္ေတာ့လည္းသူ႔မ်က္လံုးကုိလွေအာင္ ဖုိတုိေရွာ့လုပ္ခဲ႔ပါေသးတယ္တဲ႔။ဘယ္လိုေတာင္ စတတ္ေနာက္တတ္တဲ႔ကေလးလဲ 😂

၅)၂၀၁၀ တုန္းက ႏွလံုးကုသမႈလုပ္ခ႔ဲရပါေသးတယ္
Will it Snow at Christmas? ဇာတ္ကားအျပီးမွာႏွလံုးနဲ႔ပတ္သက္ျပီးကုသမႈလုပ္ခဲ႔ရတာပါ။ ဒါေပမဲ႔ ကံေကာင္းစြာနဲ႔ ရင္ဘတ္ထိဖြင့္ျပီးမခြဲစိတ္ခဲ႔ရပါဘူး။အခုေတာ့က်န္းမာေနပါျပီ။

၆)သူ႔ရဲ ႔စိတ္ကူးထဲကမိန္းကေလးပံုစံကေတာ့ ျဗိတိန္မင္းသမီး Kaya Scodelario ပါတဲ႔
Kaya Scodelario ဟာ ယူေကမွာေရာ၊ကုိရီးယားမွာပါ အထူးနာမည္ၾကီးပါတယ္။ တစ္ခ်ိဳ႔ကုိရီးယားအမ်ိဳးသားအႏုပညာရွင္ေတြရဲ ႔စိတ္ကူးထဲကမိန္းကေလးက Kaya Scodelario ျဖစ္ခဲ႔တာပါ။ဒါေပမဲ႔ Kim Soo Hyun ကေတာ့ သူမနဲ႔အျပင္မွာ တစ္ခါလူခ်င္းေတြ႔ဆံုခဲ႔ဖူးပါတယ္။
Jestina ရဲ ႔ေမာ္ဒယ္လ္အျဖစ္ အတူတူလုပ္ခဲ႔တာျဖစ္ျပီး Kaya က Kim Soo Hyun ဟာ ၾကင္နာတတ္ျပီးႏူးညံ႔သိမ္ေမြ႔တဲ႔သူတစ္ေယာက္လုိ႔ေတာင္ေျပာခဲ႔ဖူးပါတယ္။ပံုထဲမွာၾကည့္လိုက္ရင္ Kim Soo Hyun တစ္ေယာက္ ဘယ္ေလာက္ေပ်ာ္ေနမလဲဆုိတာ ျမင္ေတ႔ြႏုိင္ပါတယ္။Kaya ကအဲ႔ဒီပံုကုိသူမရဲ ႔SNS မွာတင္ခဲ႔တာပါ။

၇) My Love From the Star ဇာတ္ကားဇာတ္သိမ္းပုိင္းကို ၀မ္းနည္းစရာဇာတ္သိမ္း ျဖစ္ေစခ်င္ခဲ႔တာပါတဲ႔။

ထူးထူးျခားျခားပါပဲ။သူက My Love From Another Star ဇာတ္ကားရဲ ႔အဆံုးသတ္ကုိ ၀မ္းနည္းဖြယ္ဇာတ္သိမ္းေစခ်င္ခဲ႔ပါတယ္တဲ႔။သူက အဆံုးသတ္မွာ မ်က္ရည္ေတြက်ေနတဲ႔ ၀မ္းနည္းဖြယ္ဇာတ္သိမ္းျဖစ္ေစခ်င္ခဲ့တာပါ။ဒါေပမဲ႔ ဇာတ္သိမ္းကေတာ့ ေပ်ာ္ရႊင္စရာ ဇာတ္သိမ္းခန္းျဖစ္သြားခဲ႔ပါတယ္။

၈) Kim Soo Hyun ဟာ ပရိသတ္ေတြ၊တြဲဖက္အႏုပညာရွင္ေတြရဲ ႔ျငင္းပယ္ျခင္းခံရတဲ႔ေနရာမွာ နာမည္ေက်ာ္ပါတယ္
သနားစရာ Kim Soo Hyun ေလး 😜ဒီဗီဒီယုိအတိုေလးေတြမွာျမင္ေတ႔ြရတဲ႔အတုိင္း ျငင္းပယ္ခံရတာပါ။ေၾကာင္ေလးကေတာင္သူေခၚတာမလာပါဘူး။သူ႔လက္ကုိ ကေလးေလးကုိကုိင္ျပီးႏႈတ္ဆက္တဲ႔ပံုေလးမွာေတာ့ ဘယ္လုိေတာင္ေပ်ာ္သြားလဲဆုိတာ မ်က္ႏွာမွာေတာင္ေပၚေနပါတယ္ 😂😂

၉)သူ႔ရဲ႔ အက်င့္တစ္ခုကေတာ့ ရယ္တဲ႔အခါပါးစပ္ကုိလက္နဲ႔ကြယ္လိုက္တာပါပဲ
မိန္းကေလးေတြတင္ဒီလုိအက်င့္မ်ဳိးရွိတာမဟုတ္ပါဘူးေနာ္။ Kim Soo Hyun ဟာလည္း ရယ္တဲ႔အခါ သူ႔ရဲ႔ပါးစပ္ကုိ လက္နဲ႔ကြယ္ေလ့ရွိပါတယ္တဲ႔။သူရယ္တာကုိ ျမင္ရင္ မတရားေၾကြက်သြားမွာစုိးလို႔ထင္ပါတယ္ 😜

၁၀)My Love From Another Star ဇာတ္လမ္းတြဲထဲမွာ ထူးျခားတာတစ္ခုကေတာ့…
တကယ္ေတာ့ Kim Soo Hyun က ဘယ္သန္ပါ။ဒါေပမဲ႔ ဇာတ္လမ္းတြဲထဲမွာေတာ့ဘယ္သန္ အျဖစ္ၾကိဳးစားျပီးသရုပ္ေဆာင္ထားတာျမင္ေတြ႔ရပါတယ္။

Unicode

“My Love from the Star” ဇာတ်ကားနဲ့ပရိသတ်တွေအသည်းနှလုံးကိုသိမ်းပိုက်သွားသူ မင်းသားချောလေး Kim Soo Hyun နဲ့ပတ်သက်ပြီးပရိသတ်တွေမသိသေးတဲ့အချက်လေးတွေ ရှိပါသေးတယ်။ ဒီအချက်လေးတွေသိပြီးရင် သူ့ကိုပိုပြီးတောင်ချစ်သွားမှာဆိုပဲ။သူ့ရဲ့ အင်တာဗျူးတွေ၊
ငယ်ငယ်တုန်းကအကြောင်းအရာတွေ၊ရယ်စရာလေးတွေစုစည်းထားတဲ့မီဒီယာကနေ ပရိသတ်တွေအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။

၁)ငယ်ငယ်ကရုပ်နဲ့ အခုရုပ်လေးနဲ့က တူတူပါပဲ။(ဒါ သူဘယ်တုန်းကမှရုပ်မဆိုးခဲ့ဘူး၊ မပြုပြင်ခဲ့ဘူးဆိုတဲ့သဘော)
ကိုရီးယားမင်းသားတော်တော်များများကအရင်တုန်းကနဲ့ရုပ်ရှင်လောကထဲဝင်ရောက်လာချိန် အကြားမှာ ရုပ်ရည်ပြောင်းလဲမှုတွေရှိပါတယ်။ဒါပေမဲ့ Kim Soo Hyun ကတော့ ငယ်ငယ်တည်း က သူ့ရုပ်လေးက ဒီတိုင်းပါပဲ။ပုံထဲမှာကြည့်လိုက်ရင် ငယ်ငယ်တုန်းက ဝဝကစ်ကစ်လေးဖြစ်ပြီး တဖြည်းဖြည်းအရွယ်ရောက်လာတော့ ဘော်ဒီအချိုးအစားလေးပြောင်း လဲလာတာ ၊ပိုပြီးချောလာတာ ကိုမြင်တွေ့ရမှာပါ 😍

၂)Kim Soo Hyun က ခံစားလွယ်တဲ့သူတစ်ယောက်ပါတဲ့
Kim Soo Hyun ဟာ သူ့ရဲ ့အသက် ၂၂နှစ်ပြည့်မွေးနေ့မှာတုန်းက ငိုခဲ့ဖူးပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ၂၂နှစ်ပြည့်မွေးနေ့မှာ မိန်းကလေးအဆိုတော်အဖွဲ့ထဲက Han Seung Yeon က မွေးနေ့ဆုတောင်းသီချင်းလေးဆိုပေးခဲ့တာပါ။ Korean music program Sonyeon Sonyeo Gayo Baekseo အစီအစဉ်ရိုက်ကူးနေတုန်း အံ့သြဝမ်းသာသွားပြီး ဝမ်းသာမျက်ရည်ကျခဲ့ဖူးပါတယ်။အဲ့ဒီလိုစိတ်ခံစားလွယ်တဲ့သူလေးပါ။

၃)ငယ်ငယ်တုန်းက underwear model တစ်ခါလုပ်ခဲ့ဖူးပါတယ်တဲ့
သူငယ်ချင်းဖြစ်သူရဲ ့အွန်လိုင်းရှော့ပင်းအတွက်အတွင်းခံဘောင်းဘီတွေဝတ်ကြပြီးကြော်ငြာပေးကြ တာပါ။ငယ်ငယ်တုန်းက အပျော်သဘောနဲ့လုပ်ခဲ့ကြတာဖြစ်ပေမဲ့ အဲ့ဒီတုန်းက လူတော်တော်များများကဝေဖန်ခဲ့ကြပါတယ်။အဲ့ဒီအချိန်တုန်းကငယ််ရွယ်သေးသလို ပရိသတ်အများစုကတော့သူ့ရဲ ့ကလေးဘဝတုန်းကဖြတ်သန်းခဲ့တဲ့ပုံစံတွေကိုမြင်ရလို့ သဘောကျနှစ်သက်ခဲ့ကြပါတယ်။

၄)သူနဲ့ချွတ်စွပ်တူတဲ့ အစ်မတစ်ယောက်ရှိပါတယ်
တစ်ခါတုန်းက Kim Soo Hyun က သူ့ရဲ့ မီနီပေ့ချ်လေးမှာ သူ့ရဲ့အစ်မဆိုပြီး မိန်းကလေး တစ်ယောက်ပုံကိုတင်ခဲ့ဖူးပါတယ်။တကယ်တော့ ဆံပင်တုစွပ်ပြီးရိုက်ထား တာပါ။သူက အဲ့ဒီဆံပင်တုကို ဒီတိုင်းပျော်စေချင်လို့ဝတ်ခဲ့တာဖြစ်ပြီး ပုံတင်တော့လည်းသူ့မျက်လုံးကိုလှအောင် ဖိုတိုရှော့လုပ်ခဲ့ပါသေးတယ်တဲ့။ဘယ်လိုတောင် စတတ်နောက်တတ်တဲ့ကလေးလဲ 😂

၅)၂၀၁၀ တုန်းက နှလုံးကုသမှုလုပ်ခဲ့ရပါသေးတယ်
Will it Snow at Christmas? ဇာတ်ကားအပြီးမှာနှလုံးနဲ့ပတ်သက်ပြီးကုသမှုလုပ်ခဲ့ရတာပါ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ရင်ဘတ်ထိဖွင့်ပြီးမခွဲစိတ်ခဲ့ရပါဘူး။အခုတော့ကျန်းမာနေပါပြီ။

၆)သူ့ရဲ ့စိတ်ကူးထဲကမိန်းကလေးပုံစံကတော့ ဗြိတိန်မင်းသမီး Kaya Scodelario ပါတဲ့
Kaya Scodelario ဟာ ယူကေမှာရော၊ကိုရီးယားမှာပါ အထူးနာမည်ကြီးပါတယ်။ တစ်ချို့ကိုရီးယားအမျိုးသားအနုပညာရှင်တွေရဲ ့စိတ်ကူးထဲကမိန်းကလေးက Kaya Scodelario ဖြစ်ခဲ့တာပါ။ဒါပေမဲ့ Kim Soo Hyun ကတော့ သူမနဲ့အပြင်မှာ တစ်ခါလူချင်းတွေ့ဆုံခဲ့ဖူးပါတယ်။
Jestina ရဲ ့မော်ဒယ်လ်အဖြစ် အတူတူလုပ်ခဲ့တာဖြစ်ပြီး Kaya က Kim Soo Hyun ဟာ ကြင်နာတတ်ပြီးနူးညံ့သိမ်မွေ့တဲ့သူတစ်ယောက်လို့တောင်ပြောခဲ့ဖူးပါတယ်။ပုံထဲမှာကြည့်လိုက်ရင် Kim Soo Hyun တစ်ယောက် ဘယ်လောက်ပျော်နေမလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။Kaya ကအဲ့ဒီပုံကိုသူမရဲ ့SNS မှာတင်ခဲ့တာပါ။

၇) My Love From the Star ဇာတ်ကားဇာတ်သိမ်းပိုင်းကို ဝမ်းနည်းစရာဇာတ်သိမ်းဖြစ်စေချင်ခဲ့တာပါတဲ့။ထူးထူးခြားခြားပါပဲ။သူက My Love From Another Star ဇာတ်ကားရဲ ့အဆုံးသတ်ကိုဝမ်းနည်းဖွယ်ဇာတ်သိမ်းစေချင်ခဲ့ပါတယ်တဲ့။သူက
အဆုံးသတ်မှာ မျက်ရည်တွေကျနေတဲ့ဝမ်းနည်းဖွယ်ဇာတ်သိမ်းဖြစ်စေချင်ခဲ့တာပါ။ဒါပေမဲ့ ဇာတ်သိမ်းကတော့ ပျော်ရွှင်စရာဇာတ်သိမ်းခန်းဖြစ်သွားခဲ့ပါတယ်။

၈) Kim Soo Hyun ဟာ ပရိသတ်တွေ၊တွဲဖက်အနုပညာရှင်တွေရဲ ့ငြင်းပယ်ခြင်းခံရတဲ့နေရာမှာ နာမည်ကျော်ပါတယ်တဲ့
သနားစရာ Kim Soo Hyun လေး။ဒီဗီဒီယိုအတိုလေးတွေမှာမြင်တွေ့ရတဲ့အတိုင်း ငြင်းပယ်ခံရတာပါ။ကြောင်လေးကတောင်သူခေါ်တာမလာပါဘူး။သူ့လက်ကို ကလေးလေးကိုကိုင်ပြီးနှုတ်ဆက်တဲ့ပုံလေးမှာတော့ ဘယ်လိုတောင်ပျော်သွားလဲဆိုတာ မျက်နှာမှာတောင်ပေါ်နေပါတယ် 😂😂

၉)သူ့ရဲ့ အကျင့်တစ်ခုကတော့ ရယ်တဲ့အခါပါးစပ်ကိုလက်နဲ့ကွယ်လိုက်တာပါပဲ
မိန်းကလေးတွေတင်ဒီလိုအကျင့်မျိုးရှိတာမဟုတ်ပါဘူးနော်။ Kim Soo Hyun ဟာလည်း ရယ်တဲ့အခါ သူ့ရဲ့ပါးစပ်ကို လက်နဲ့ကွယ်လေ့ရှိပါတယ်တဲ့။သူရယ်တာကို မြင်ရင် မတရားကြွေကျသွားမှာစိုးလို့ထင်ပါတယ် 😜

၁၀)My Love From Another Star ဇာတ်လမ်းတွဲထဲမှာ ထူးခြားတာတစ်ခုကတော့…
တကယ်တော့ Kim Soo Hyun က ဘယ်သန်ပါ။ဒါပေမဲ့ ဇာတ်လမ်းတွဲထဲမှာတော့ဘယ်သန် အဖြစ်ကြိုးစားပြီးသရုပ်ဆောင်ထားတာမြင်တွေ့ရပါတယ်။

626 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.