Tinder မှာ Big Bang အဖွဲ့ဝင် Seungri နဲ့ match ဖြစ်ရင် ဒင်နာအတူတူစားခွင့်ရမယ့် အစီ အစဉ်

Seungri က ညစာဝယ်ကျွေးမှာတဲ့လား… အိုမို အိုမို

Image result for Seungri on tinder

Tinder Korea အတွက် မော်ဒယ်အဖြစ် ကြေငြာပေးခဲ့တဲ့ Seungri ဟာ မကြာသေးခင်က
Tinder သုံးစွဲသူ(၁ဝ)ယောက်ကို မဲဖောက်ပေးတဲ့အစီစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။

Related image

Seungri နဲ့ ညစာအတူတူစားရမယ့် အခွင့်ရေးကရော ဘယ်လိုမျိုးလဲ ? Tinder app ကို ဒေါင်းလော့လုပ်ပါ။ ပြီးရင် Seungri ရဲ့profile ကိုရှာရမှာဖြစ်ပါတယ်။ Seungri နဲ့ လျှို့ ဝှက်ပါတီဝင်ဖြစဖို့အတွက် အမြန်ရှာဖို့တော့လိုပါတယ်။ ဒီအခွင့်ရေးကို လူ(၁ဝ)ယောက်သာ ပိုင်ဆိုင်နိုင်မို့ဖြစ်ပါတယ်။

ပါတီဝင်ဖြစ်ပြီဆို Seungriနဲ့ အဆင့်မြင့်စားသောက်ဆိုင်မှာ ညစာအတူတူစား ၊ စကားပြောခွင့်ရမှာဖြစ်ပါတယ်။ ဒီအခွင့်ရေးကို အမိအရဆုပ်ကိုင်နိုင်ဖို့အတွက် ကိုရီးယားမှ နှုတ်ခမ်းနီမလေးတွေကတော့ အပြေးလွှား Tinder app ကို ဒေါင်းလော့လုပ်နေကြပါပြီ။

14 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.