တစ်ခါတစ်ရံကိုယ်လိုက်ရှာနေတဲ့အရာတွေကကိုယ့်ဘေးနားမှာတင်ရှိနေတတ်ပါတယ်…

လူတစ်ချို့ဟာတစ်ခါတစ်ရံမှာ ကိုယ်လိုချင်တဲ့ချစ်ခြင်းမေတ္တာတွေကို ဘယ်ကများရမလဲဆိုပြီး လိုက်လံရှာဖွေနေတတ်ကြပါတယ်။ ဟိုလူ့ဆီကရနိုးနိုး ဒီလူ့ဆီကရနိုးနိုးနဲ့ ကိုယ်မျှော်လင့်ထားတဲ့
မေတ္တာတွေကိုဘယ်သူ့ဆီကများရနိုင်မလဲဆိုပြီး ရှာဖွေရင်း မေတ္တာတုတွေကြားနာကျင်ရင်းနဲ့အချိန်ကုန်လူပင်ပန်းခဲ့ကြပါတယ်။ ဒီလိုအဖြစ်မျိုးတွေရဲ့အဓိကတရားခံကတော့လိုက်လံရှာဖွေခြင်းပါပဲ။
မေတ္တာတရားဆိုတာမျိုးက လိုချင်ပါတယ်ဆိုပြီးလိုက်ရှာတိုင်းကိုယ်လိုချင်တဲ့သူဆီကရနိုင်တာမျိုးမဟုတ်ပါဘူး။ ကိုယ်ပေးသော်လည်းပေးလိုက်တိုင်းပြန်ရတာချည်းလို့လည်းသတ်မှတ်ထားလို့မရပါဘူး။
တကယ့်မေတ္တာစစ်တွေဆိုတာ ကိုယ်မတောင်းတာတောင် ကိုယ့်နားမှာအလိုလိုရှိနေတတ်ကြတယ်ဆိုတာသိရပါ။ မေတ္တာအစစ်များရမလားဆိုပြီးလိုက်လံရှာဖွေရင်းကိုယ့်ဘေးနာကနေကိုယ့်
ကိုမေတ္တာတွေပေးနေတဲ့မိသားစု ၊ သူငယ်ချင်း ၊ မိတ်ဆွေတွေနဲ့ကိုယ့်ကိုယ်အမှန်တကယ်ချစ်မြတ်နိုးပြီးတန်ဖိုးထားတတ်တဲ့သူတွေကိုမေ့နေတတ်ကြပါတယ်။ ဒါကြောင့်စိတ်ပင်ပန်းခံပြီး အချစ်စစ်တွေမေတ္တာစစ်တွေကိုလိုက်လံရှာဖွေတာမျိုးမလုပ်ပဲ ကိုယ့်နားမှာရှိနေတဲ့ ကိုယ့်ပေါ်တကယ်မေတ္တာထားတဲ့သူတွေအပေါ်ကိုသာပြန်လည်သိတတ်နားလည်ပြီးသူတို့ရဲ့မေတ္တာတရားတွေကို
ခံစားနားလည်နိုင်တတ်ကြပါစေ။ တစ်ခါတစ်ရံမှာ ကိုယ်အသည်းသန်လိုက်လံရှာဖွေနေတတ်တဲ့ လိုချင်မက်မောစရာအရာတွေက ကိုယ့်ဘေးနားကိုယ့်ပတ်ဝန်းကျင်မှာပဲရှိနေတတ်ပြီး အမြဲကိုယ့်အတွက်အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဒီလိုမေတ္တာစစ်တွေကိုခံစားသိရှိပြီးသွားတဲ့အချိန်မှာ ကိုယ့်ကိုမေတ္တာတုတွေပေးခဲ့တဲ့သူတွေကိုလည်းခွင့်လွှတ်နိုင်လာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှု
အပြည့်နဲ့ ၀မ်းနည်းနာကျင်မနေပဲအောင်မြင်ပျော်ရွှင်နေရမှာအသေချာပါပဲ။ လူသားတိုင်းစစ်မှန်နဲ့ချစ်ခြင်းမေတ္တာတွေနဲ့ထိတွေ့ခံစားခွင့်ရကြပါစေလို့ဆုတောင်းရင်း….

219 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.