ဂန္တ၀င်ဆန်ဆန်မင်္ဂလာပွဲလေး ကျင်းပကြမယ် ❤️


၁)မင်္ဂလာဆောင်ဖိတ်စာကမ်းမယ်
မင်္ဂလာပွဲကျင်းပတော့မယ်ဆိုရင် အရေးကြီးဆုံးကဖိတ်စာပါပဲ။ကိုယ့်ရဲ့ ဖိတ်စာလေးက ဆန်းဆန်းပြားပြားလေးဆို လက်ခံရရှိတဲ့သူလည်းအလွယ်တကူမထားပဲသေချာသိမ်းထားဖြစ်မှာအမှန်ပါပဲ။မင်္ဂလာဆောင်ဖိတ်စာကတော့နှစ်ဦးသဘောတူသေချာညှိပြီး နှစ်ယောက်လုံးသဘောကျတဲ့ပုံစံလေးရွေးပါ။အကြံပေးရမယ်ဆိုရင်တော့ ဂန္တ၀င်ဆန်တဲ့မင်္ဂလာပွဲလေးဖြစ်အောင် မင်္ဂလာဆောင်ဖိတ်စာကိုလည်း ပုံထဲကလို ရှေးရှေးကစက္ကူပုံစံလေးရွေးချယ်စေချင်တာပါပဲ။

၂)ဧည့်သည်တွေကိုကြိုဆိုကြမယ်

ပန်းခြံ၊ခြံဝန်းတွေထဲမှာ မင်္ဂလာပွဲကျင်းပမယ်လို့စီစဉ်ထားရင် ဒီလို သစ်သားပြားလေးမှာ ဧည့်သည်တွေကိုကြိုဆိုတဲ့စာလေးရေးထားလိုက်ပေါ့။ဒီသစ်သားပြားသင်္ကေတလေးက ရိုးရှင်းပေမဲ့ တကယ်ကိုမိုက်တဲ့အိုင်ဒီယာလေးပါနော်။သစ်သားပြားကို ဆေးခြယ်မယ်ဆိုလည်းခြယ်လို့ရပါတယ်။ဒီပုံလေး
ထဲကသစ်သားသင်္ကေတလေးဆို မင်္ဂလာပွဲအ၀င်မှာကတည်းက Wow…ပေါ့ 😎

၃)စက္ကူမီးပုံးလေးတွေနဲ့အလှဆင်မယ်
ခန်းမထဲမှာဆောင်မယ်ဆိုလည်းအလှဆင်လို့ရသလို အပြင်မှာဆောင်မယ်ဆိုလည်းရိုးရှင်းပြီး ဓာတ်ပုံရိုက်ချင်စရာကောင်းတဲ့နောက်ခံဘက်ဂရောင်းလေးပါပဲ။ပန်းလေးတွေ၊အလှမီးဆိုင်းလေးတွေလည်းထပ်ပြီးဖြည့်စွတ်လို့ရပါသေးတယ်။

၎)တမူထူးခြားတဲ့စားပွဲခုံလေးတွေ ခင်းကြမယ်
မင်္ဂလာပွဲကိုထူးထူးခြားခြားလေးဖြစ်စေချင်တဲ့စုံတွဲတွေအတွက်စဉ်းစားချင်စရာ အိုင်ဒီယာလေးပါ။သစ်သားစည်ပိုင်းအဟောင်းလေးတွေကိုရှာဖွေဝယ်ယူပြီးဒီလို စားပွဲခုံလေးဖန်တီးပြောင်းလဲလို့ရပါတယ်။ဒီလိုစည်ပိုင်းစားပွဲခုံလေးတွေမှာ အချိုပွဲတို့၊၀ိုင်၊အအေးစတာတွေတင်ထားပေးရင် မိုက်ပြီလေ😎

၅)Photo booth လေးလုပ်ကြမယ်
ခန်းမထဲမှာဖြစ်ဖြစ်၊အပြင်ခြံဝန်းထဲမှာပဲဖြစ်ဖြစ် photo booth လေးလုပ်ချင်တယ်ဆိုရင် ဒီလို လှေကားလေးရယ်၊ပုလင်းလှလှလေးတွေရယ်၊မင်္ဂလာဆောင်နဲ့လိုက်ဖက်တဲ့အရုပ်လေးတွေ၊ပန်းလေးတွေ၊သစ်ခက်လေးတွေရယ် အလှဆင်ပြီး ဓာတ်ပုံလှလှလေးရိုက်လို့ရပါတယ်။ဒါဆိုရင်တော့ သင့်မင်္ဂလာပွဲကအရမ်းကို ရိုသွားပါပြီ။

၆)မင်္ဂလာလက်ဖွဲ့လေးလက်ခံမယ်
ထူးထူးခြားခြားလေးဖြစ်အောင် လက်ဖွဲ့နေရာလေးကိုပြင်ဆင်ချင်တယ်ဆိုရင်တော့ ဒီလိုသစ်သားသေတ္တာလေးဝယ်ယူပြီး အလှဆင်ဆေးခြယ်လိုက်ပါ။စာလေးဘာလေးလည်းရေးပေါ့။အဲ့ဒီမှာ ဧည့်သည်တွေရဲ့ လက်ဖွဲ့ငွေတွေ၊အမှတ်တရစာလေးတွေထည့်ခိုင်းလို့ရပါတယ်။

၇)ပူဖောင်းလေးတွေနဲ့အလှဆင်မယ်
မင်္ဂလာပွဲမှာ ပူဖောင်းလေးတွေကမပါမဖြစ်ပေါ့။ပူဖောင်းလေးတွေချိတ်မယ်ဆိုရင် သင်တို့စုံတွဲလေးရဲ့ အမှတ်တရဓာတ်ပုံလေးတွေပါ အလှဆင်ချိတ်ဖို့မမေ့ပါနဲ့နော် 

၈)မင်္ဂလာအမှတ်တရပစ္စည်းလေးကမ်းမယ်
သင်တို့မင်္ဂလာပွဲကိုကြွရောက်ချီးမြှင့်တဲ့ဧည့်သည်တွေကို အမှတ်တရပစ္စည်းလေးကမ်းဖို့ အကြံပေးရမယ်ဆိုရင်တော့ ပုံထဲမှာပြထားသလို အသည်းပုံစံသစ်သားပြားလေးကိုပေးပေါ။အသည်းပုံမှာစုံတွဲနာမည်မထည့်ပေးတာကတော့ ဒီအသည်းပုံကို ဧည့်သည်တွေလည်းသူတို့ချစ်တဲ့သူကို
အမှတ်တရအနေနဲ့ပြန်ပေးတဲ့အခါမှာလည်း အဆင်ပြေစေချင်လို့ပါပဲ။နာမည်ကြီးပါနေတော့ မကောင်းဘူးလေနော်။ဧည့်သည်တွေအတွက်ပေးတာဆိုတော့သူတို့လည်း ကြိုက်သလိုလုပ်ခွင့်ရှိအောင် ဒီလို အသည်းပုံဗြောင်လေးလုပ်ပေးထားရင် ဒီမင်္ဂလာပွဲလေးက Perfect Classy Wedding လေးဖြစ်ပြီပေါ့။

ဒီစာလေးဖတ်ပြီး မင်္ဂလာဆောင်ချင်သွားပြီဟုတ် !😝

Unicode

ဘဝတစ်သက်တာလုံး မမေ့နိုင်မယ့် ဂန္တဝင်ဆန်ဆန်မင်္ဂလာပွဲတစ်ခုကိုကျင်းပလိုပါသလား?မိန်းကလေးတိုင်းက မင်္ဂလာပွဲမှာအလှဆုံးသတို့သမီးလေးဖြစ်ချင်ကြသလို မင်္ဂလာဆောင်ကိုလည်း ရိုးရိုးရှင်းရှင်းလေးနဲ့အမှတ်တရဖြစ်စေချင်ကြပါတယ်။ဒီနေ့ခေတ်ကြီးထဲမှာ စုံတွဲအများစုကတော့ မင်္ဂလာဆောင်ဆိုဟိုတယ်တွေ၊ခန်းမတွေ၊စားသောက်ဆိုင်တွေငှားရမ်းအပ်ထားလေ့ရှိပါတယ်။မင်္ဂလာပွဲအပြင်အဆင်အတွက် ထပ်ပြီးခေါင်းမစားချင်တာလည်းပါတာပေါ့။အဲ့ဒီလိုမဟုတ်ပဲ ခြံဝန်းလေးထဲမှာ၊ ပန်းခြံလေးထဲမှာပဲနေရာတစ်နေရာစာလောက်ယူပြီး မင်္ဂလာပွဲကို ကျင်းပချင်တယ်၊ရိုမန်တစ်လည်းဖြစ်ချင်တယ်၊အကုန်အကျလည်းသက်သာပြီးဧည့်သည်တွေကပါ ဒီမင်္ဂလာဆောင်ကိုလာရတာ စိတ်ကြည်နူးစရာကောင်းလိုက်တာလို့ပြောရမယ့်မင်္ဂလာပွဲလေးကျင်းပချင်တယ်ဆိုရင်တော့ဒီနည်းလမ်းလေးတွေက သင့်အတွက်ပါပဲ






၆)မငျ်ဂလာလကျဖှဲ့လေးလကျခံမယျ



18 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.