သင်နဲ့မကိုက်ညီပဲမှားယွင်းတဲ့သူတစ်ယောက်နဲ့ပတ်သတ်မိတဲ့အခါအင်မတန်ခံစားရပါတယ် သို့သော် …မစွန့်လွှတ်ပဲတွယ်ကပ်နေရင်ပိုပြီးခံစားနာကျင်ရမှာပါ

(၁) ဟန်ဆောင်နေရတယ်
မကုန်ဆုံးပါစေနဲ့။


Unicode

အဆင်ပြေမယ်လို့ခံစားရလို့ပတ်သတ်လိုက်မိတဲ့ ချစ်ရေးချစ်ရာတစ်ခုဟာ ကိုယ်နဲ့အဆင်မပြေအံဝင်ခွင်ကျမရှိပဲမှားယွင်းနေတတ်တာမျိုးဖြစ်တတ်ပါတယ်။ ဆိုတော့ သင်တွေ့စုံပတ်သတ်နေတဲ့သူတစ်ယောက်ဟာ သင်နဲ့ရှေ့ဆက်ဖို့အသင့်တော်ဘူးမှားယွင်းတဲ့ ပတ်သတ်မှုဖြစ်ခဲ့တယ်ဆိုတာကိုဘယ်အချက်တွေကနေသိစေနိုင်သလဲဆိုတာ…
(၁) ဟန်ဆောင်နေရတယ်
သူနဲ့တွေ့ဆုံစကားပြောချိန်တိုင်းမှာမင်းရဲ့တကယ့်စိတ်ရင်းမှန်ကိုမချပြနိုင်ပဲ သူပြောသမျှ Followလိုက်ရင်းနေရတာမျိုး၊ သူ့အကြိုက်နဲ့ကိုယ့်အကြိုက်မတူပင်မဲ့သူ သဘောကျအောင်ကိုယ့်ဘက်က အကြိုက်တူတဲ့ပုံစံလိုက်ညှိနေရတာမျိုးဆိုရင် သေချာပါတယ် ရေရှည်ဒီလိုလူနဲ့ဆက်ပတ်သတ်ဖို့အဆင်မပြေလာက်ပါဘူး။ ကိုယ့်ရဲ့တကယ့်အကြိုက်ကိုပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ပြီးနားလည်မှုရှိတဲ့သူနဲ့သာလက်တွဲဖို့စဉ်းစားပါ။
(၂) မင်းကိုပြောင်းလဲဖို့ကြိုးစားနေကြတယ်
မင်းရဲ့အကျင့်စရိုက်တွေ ၀ါသနာတွေနဲ့ပတ်သတ်ပြီး အတင်းပြောင်းလဲယူတတ်တဲ့သူမျိုးကိုရှောင်ကြဉ်ပါ။ မကောင်းလို့တားမြစ်တာမျိုး ပြုပြင်ပေးတာမျိုးကိုမပြောလိုပေမဲ့ မင်းရဲ့ ကိုယ်ထဲမှာစွဲငြိနေတဲ့ဝါသနာတွေ မင်းဖြစ်ချင်တဲ့ အရာတွေကို မလုပ်အောင်တားဆီးပြောင်းလဲနေတာမျိုးဆိုရင်တော့ ဒီလူနဲ့ဆက်တွဲနေဖို့အသင့်တော်တော့ပါဘူး။
(၃) မင်းကိုဘယ်တော့မှဦးစားပေးဘူး
မင်းကိုဦးစားပေးသင့်တဲ့နေရာမျိုးတွေမှာဦးစားမပေးပဲ မင်းကိုဥပေက္ခာပြုတဲ့နေရာပေါင်းများပြီဆိုရင်တော့သူ့ဘဝထဲမှာမင်းကဘယ်လိုမှအရေးမပါဘူးဆိုတာသိလိုက်ပါ။ မင်းမရှိလည်းသူ့ဘဝကအေးဆေးဆိုတဲ့အခြေမျိုးဖြစ်တာမလို့ ဒီလိုလူမျိုးကို မင်းဘက်ကလည်းဆက်ကပ်တွယ်မနေပဲ ပိုမနာကျင်ခင်လမ်းခွဲလိုက်တာကောင်းပါတယ်။
(၄) မင်းပြောချင်တာပြောလို့ရပြီးနားထောင်ပေးတတ်တဲ့သူမျိုးမဟုတ်ဘူး
မင်းရဲ့အခက်အခဲတွေ မင်းပြောပြချင်တဲ့အကြောင်းအရာတွေကိုစိတ်ရှည်ရှည်နဲ့နားထောင်ပေးတာမျိုးမရှိတာမျိုး၊ မင်းရဲ့ခံစာချက်တွေနဲ့ပတ်သတ်ပြီး ဘာမှကိုယ်ချင်းမစာပေးတတ်တာမျိုးဆိုရင်တော့သူ့စိတ်ထဲမှာ မင်းဟာလုံးဝကိုမရှိတာအသေချာပါပဲ။ ဒါကြောင့် သိပ်ပြီးအာနာတာတွေသံယောဇဉ်တွယ်တာတွေဘာညာခေါင်းထဲမှာမတွေးပဲ အကောင်းလို့ဖြတ်တောက်ပစ်လိုက်ရတယ်ပဲသဘောထားပြီးစိတ်နိုင်နိုင်နဲ့သာဖြတ်တောက်လိုက်ပါ။
(၅) မင်းနဲ့ပတ်သတ်တဲ့အနာဂတ်ရယ်လို့မရှိဘူး
နှစ်ဦးသားတွဲသာတွဲနေတယ် သူ့ရဲ့ရှေ့ရေးအနာဂတ်မှာသင့်ကိုထည့်သွင်းစဉ်းစားထားခြင်းလည်းမရှိ၊ အနာဂတ်ခရီးလမ်းမှာလည်းသင်ကမပါ ဒီတိုင်းကြီးသာတွဲရုံလောက်သာတွဲတဲ့အဆင့်နဲ့သင့်အပေါ်သဘောထားတယ်ဆိုရင်တော့ သိပ်ဦးနောက်ခြောက်ခံမနေပဲ ချက်ချင်းသာလမ်းခွဲလိုက်ပါ။ သင့်အတွက်အနာဂတ်မရှိတဲ့လူနားနေပြီးသင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို
မကုန်ဆုံးပါစေနဲ့။

ဆိုတော့ သင်လက်ရှိတွေ့နေတဲ့သူ သင်လက်ရှိပတ်သတ်နေတဲ့ချစ်ရေးချစ်ရာတစ်ခုမှာ ဒီလိုအချက်တွေရှိလာနေပြီဆိုရင်တော့ အချိန်တွေဆွဲပြီးပြောင်းလဲလာမှာထိုင်စောင့်မနေပဲ မြန်မြန်သာဖြတ်တောက်လိုက်ဖို့အကြံပြုရင်း….

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.