လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလာတဲ့ မင်းသားချော So Ji Sub

မကြာသေးခင်က အသစ်ထွက်ရှိခဲ့တဲ့ ” Be With You” ရုပ်ရှင်ရိုက်တည်းက လက်ထပ်ဖို့
အကြောင်းကို စဉ်းစားခဲ့တယ်လို့ So Ji Sub က ပြောခဲ့ပါတယ်။

ထိုရုပ်ရှင်မှာ အဓိကမင်းသားအဖြစ် သရုပ်ဆောင်ခဲ့တုန်းက စစချင်းမှာ ချီတုံချတုံဖြစ်မိတယ်လို့ ဆိုပါတယ်။ အဓိက,ကတော့ အဖေတစ်ယောက်အဖြစ်သရုပ်ဆောင်နိုင်ပါ့မလားလို့ စိတ်ပူနေခဲ့တာပါ။ ဒီဇာတ်ကားမှာ အသက်၂ဝကနေ ၄ဝထိ တဖြည်းဖြည်းပြောင်းလဲသွားပုံကို ရိုက်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်ရင်းနဲ့ မိသားစုရဲ့နွေးထွေးမှုတွေ သူခံစားလာရတယ်လို့ ပြောလာပါတယ်။

ဒီလိုဇာတ်လမ်းမျိုးတွေဟာ ကိုရီးယားမှာ အောင်မြင်ဖို့ခက်ခဲတဲ့အတွက် ရိုက်ကူးတာရှားပါတယ်။
ပုံမှန်ဆို သူငိုလေ့ရှိပေမယ့် ရုပ်ရှင်စစရိုက်ချင်းမှာတော့ သူ့ရဲ့ငယ်ဘဝအမှတ်တရကိုပြန်သတိရစေလို့ ငိုမိခဲ့ပါတယ်တဲ့။ ” ဒီကားကိုရိုက်ရင်းနဲ့ ကျွန်တော်တကယ်ချစ်တဲ့သူနဲ့ တွေ့ချင်လာတယ်။ အရင်ကဆို လက်ထပ်ဖို့အကြောင်းမတွေးမိပေမယ့် ဒီဇာတ်လမ်းက ကျွန်တော့်ကို စိတ်ခံစားမှုများစွာ ပေးနိုင်ခဲ့တယ်။ ကျွန်တော်ပြောင်းလဲသွားတယ်။ လက်ထပ်ဖို့ကိစ္စကို ကျွန်တော်အလေးနက်ကို တွေးထားတာပါ။ အိမ်ထောင်ကျတဲ့အခါ သားသမီးတွေမရသေးခင် ဇနီးကိုတော့ အရမ်းဂရုစိုက်တဲ့
ယောက်ျားကောင်းဖြစ်ချင်တယ် ” လို့ So Ji Sub ကပြောသွားပါတယ်။

128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.