Father’s Day မှာ ဖေဖေတွေအလိုချင်ဆုံးလက်ဆောင်က ဘာများဖြစ်မလဲ?
Unicode
စာဖတ်ပရိသတ်ကြီးရေ…လာမယ့် ဇွန်လ 17 ရက်နေ့ဟာဆိုရင် ကိုယ့်ရဲ့မွေးသဖခင်ကျေးဇူးရှင် ဖေဖေတို့ကို ဂုဏ်ပြုတဲ့အနေနဲ့သတ်မှတ်ထားတဲ့Father’s Day နေ့လေးပါနော်။အဲ့ဒီနေ့မှာဆိုရင် အဖေအတွက်ရည်ရွယ်ပြီးအမှတ်တရစာလေးတွေ၊လက်ဆောင်တွေလည်းပေးလေ့ရှိတာ နှစ်စဉ်နှစ်
တိုင်းလိုလိုပါပဲ။တကယ်လို့သင်လည်း သင့်ရဲ ့အဖေအတွက်အမှတ်တရလက်ဆောင် တစ်ခုခုများရှာနေတယ်ဆိုရင် ဒီနှစ်အတွက်ထူးခြားတာလေးတစ်ခုကိုအရင်ဆုံးပြောပြချင်ပါတယ်။
အမေရိကန်ဂျာနယ်လစ်စ်တစ်ယောက်ဖြစ်တဲ့ Elise Finch က အဖေများနေ့အတွက် အလိုချင်ဆုံးလက်ဆောင်ကဘာများဖြစ်မလဲဆိုပြီးဖေဖေတွေကိုမေးခဲ့စူးစမ်းခဲ့ပါတယ်တဲ့။တကယ်တမ်း အဖေလိုချင်တဲ့လက်ဆောင်က ဘာများလဲ မသိချင်ကြဘူးလား?
လက်ဆောင်ပစ္စည်းတွေအများကြီးနေရာစုံမှာဝယ်လို့ရပါတယ်။ဒါပေမဲ့ ပြီးပြည့်စုံတဲ့လက်ဆောင် ကိုတော့ ဘာနဲ့မှဝယ်လို့မရပါဘူး။တကယ်တမ်းအဖေတွေ အလိုချင်ဆုံးလက်ဆောင်၊ တကယ်လိုချင်တဲ့လက်ဆောင်ကတော့ မိသားစုနဲ့အတူတူရှိပြီး ပျော််ရွှင်စရာကောင်းတဲ့ အချိန်တွေဖြတ်သန်းဖို့ပါပဲတဲ့။
ဒီအဖြေက Elise Finch ရဲ ့မေးမြန်းချက်ထဲမှာပါဝင်တဲ့ အဖေတွေအားလုံးရဲ့ တူညီတဲ့အဖြေ တစ်ခုပါ။မိသားစုနဲ့အတူတူရှိပြီး အတူတူပျော်ပျော်ရွှင်ရွှင်စားသောက်ချင်တယ်။ တစ်ချို့ကလည်း သားသမီးတွေ၊မြေးမြစ်တွေနဲ့ အဲ့ဒီနေ့ကိုပျော်ရွှင်စွာဖြတ်သန်းချင်ကြတယ်။အိမ်မှာပဲ သားသမီးတွေစုံစုံလင်လင်နဲ့နေချင်ကြတယ်။ဒါက အဖေတွေအားလုံး အမှန်တကယ်လိုချင်တဲ့ လက်ဆောင်ပါ။
အဝေးရောက်နေတဲ့သားသမီးဆီက တန်ဖိုးကြီးလက်ဆောင်မဟုတ်သလို အလုပ်များနေလို့ နောက်မှလာတွေ့မယ်ပြောပြီး လက်ဆောင်တွေတပွေ့တပိုက်ထည့်ပေးလိုက်တာကလည်း အဖေတွေတကယ်လိုချင်တဲ့လက်ဆောင်မဟုတ်ပါဘူး။သတ်မှတ်ထားတဲ့ရက်လေးပါ။နောက်နေ့တွေလာလည်းရတာပဲလို့ပြောနိုင်ပေမဲ့ ဇွန်လ ၁ရရက်နေ့ ကျော်သွားရင် ဇွန်လ ၁၈ရက်နေ့ပါ။ ၁ရရက်နေ့ကိုပြန်မရောက်နိုင်သလို အဲ့ဒီနေ့မှာမိသားစုစုံစုံလင်လင်ရှိချင်တဲ့အဖေတစ်ယောက်ရဲ ့မျှော်လင့်ချက်ဟာလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်။တွေ့ချင်တဲ့ဆန္ဒပျောက်သွားတာကိုပြောတာမဟုတ်ဘူးနော်။အော် ငါ့သားသမီးတွေ၊မြေးတွေက ဒီနေ့မှာတောင်လာမတွေ့နိုင်တာ ၊နောက်နေ့တွေမှာရော လာတွေ့နိုင်ပါ့မလား၊လာတွေ့ပါ့မလားဆိုတဲ့စိတ်မကောင်းခြင်းတွေနဲ့ပါ။ အဖေတွေအတွက်ဂုဏ်ပြုသတ်မှတ်ပေးထားတဲ့နေ့ဖြစ်လို့ အဲ့ဒီနေ့က အထူးနေ့ပါပဲ။
အဲ့ဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့သားသမီးတိုင်း၊ဒီစာကိုဖတ်နေတဲ့သူတိုင်းကိုပြောချင်တာက “အဖေများနေ့”မှာ အဖေတွေတကယ်လိုချင်တဲ့လက်ဆောင်ကသူ့သားသမီးတွေနဲ့အတူတူ ရှိနေချင်တဲ့ဆန္ဒဖြစ်ပါလိမ့်မယ်။မိသားစုထက်တန်ဖိုးကြီးတဲ့လက်ဆောင်ဆိုတာမရှိပါဘူးလို့ ❤️အမှတ်တရလက်ဆောင်လေးလည်းပေးရင်း မိသားစုတွေပျော်ရွှင်စွာဖြတ်သန်းရတဲ့နေ ့လေးဖြစ်ပါစေနော် 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.