စိတ္ပုိင္းဆုိင္ရာခက္ခဲမႈအေျခအေနေတြၾကံဳေတြ႔ခဲ႔ဖူးေၾကာင္းေျပာျပလာတဲ႔ သူတို႔…

တစ္ခါတစ္ေလ ကုိယ့္မွာ စိတ္ပုိင္းဆုိင္ရာျပႆနာေတြရွိေနေပမဲ႔လည္း ကုိယ့္ကုိယ့္ကုိယ္ ၀န္မခံခ်င္တဲ႔ အခိုက္အတန္႔ေတြရွိေနတတ္ပါတယ္။စိတ္ပုိင္းဆုိင္ရာျပႆနာေတြဆုိတာ သာမန္လူေတြတင္မကပါဘူး။နာမည္ေက်ာ္အႏုပညာရွင္ေတြ၊ေအာင္ျမင္ေနတဲ႔သူေတြမွာေတာင္ စိတ္ဓာတ္က်တာေတြ၊စိတ္ပုိင္းဆိုင္ရာျပႆနာေတြရွိတတ္ပါတယ္။အခုလည္း စိတ္ပုိင္းဆုိင္ရာ ျပႆနာေတြကုိရင္ဆုိင္တုိက္ထုတ္ျပီး ေအာင္ျမင္မႈအတြက္အာရံုစုိက္ေျပာင္းလဲ လိုက္တဲ႔ေဟာလိ၀ုဒ္ အႏုပညာရွင္ေတြအေၾကာင္းကုိေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

၁)J. K. Rowling
J. K. Rowling ဆိုတာ ဟယ္ရီေပၚတာဇာတ္လမ္းတြဲရဲ ႔နာမည္ေက်ာ္ စာေရးဆရာတစ္ေယာက္ပါ။ သူမဟာ စိတ္က်ေရာဂါခံစားခဲ႔ရပါတယ္လို႔၀န္ခံခဲ႔ဖူးပါတယ္။သူမရဲ ႔ပထမခင္ပြန္းနဲ႔ ကြာရွင္းျပီးတဲ႔ေနာက္ စိတ္က်ေရာဂါစြဲကပ္ခဲ႔ျပီးကုိယ့္ကုိယ့္ကုိယ္သတ္ေသဖုိ႔အထိေတာင္ စိတ္ကူးခဲ႔ပါတယ္။ကုိယ့္ကုိယ့္ကုိယ္လည္းနာက်င္ေအာင္လုပ္လြန္းလို႔ သူမရဲ ႔သမီးေလးနဲ႔ဆရာ၀န္ အကူအညီယူခဲ႔ရပါတယ္။ဘာတစ္ခုမွမရွိေတာ့သလို လစ္ဟာသြားတဲ႔ခံစားခ်က္မ်ိဳး ၊ေမ်ွာ္လင့္ခ်က္ မရွိေတာ့ သလုိမ်ိဳးခံစားခဲ႔ရတာပါတဲ႔။သူမဟာ အဲ႔ဒီလိုၾကမ္းတမ္းတဲ႔အခ်ိန္ကာလေတြကုိ ျဖတ္ေက်ာ္ခဲ႔ရတာျဖစ္ျပီး ျဖတ္ေက်ာ္ႏုိင္ခဲ႔တဲ႔အတြက္လည္း ဂုဏ္ယူမိတယ္လို႔ေျပာျပခဲ႔ပါတယ္။ သူမလိုပဲ Beyonce ၊ Prince Harry ၊ Hugh Laurie ၊Cara Delevingne ၊Jim Carrey ၊ Ellen DeGeneres ၊ Lady Gaga ၊ Miley Cyrus ၊ Dwayne Johnson တုိ႔လည္းစိတ္က်ေရာဂါကုိခံစားခဲ႔ရဖူးပါတယ္။

၂)David Beckham
David Beckham ဟာ OCD ေရာဂါကိုခံစားခဲ႔ဖူးပါတယ္။OCD (obsessive-compulsive disorder )ဆုိတာ အခန္းထဲက ပစၥည္းေတြအရင္အတုိင္းေနရာမက်ေသးသေရြ႔ ၊ေနရာမွန္
မေရာက္ေသးသေရြ႔ အနားမယူႏုိင္ပဲ မွန္တဲ႔အထိ ထပ္တလဲလဲျပင္ေနတာမ်ိဳးပါ။စစ္ျပီးသား ပစၥည္းေတြကိုလည္း ထပ္တလဲလဲစစ္မွရမယ္လို႔ခံစားေနရတဲ႔ေရာဂါမ်ိဳးကို David ခံစားခဲ႔ရတာ ျဖစ္ပါတယ္။သူ႔ရဲ႔အိမ္မွာဆိုရင္ ပစၥည္းေတြအားလံုးက ရွိေနက်ေနရာမွာပဲ ရွိေနေအာင္၊မွန္ေအာင္ ထားတတ္ပါတယ္။ေရခဲေသတၱာထဲက အစားအစာေတြကုိေတာင္ ေနရာတက်၊ဒီေနရာမွ ဒီေနရာထား တတ္သူတစ္ေယာက္ျဖစ္ခဲ႔ပါတယ္။ဒီလုိေရာဂါမ်ိဳးကစိတ္အလြန္ပင္ပန္းရတဲ ႔ေရာဂါတစ္မ်ိဳးပါပဲ။David Beckham ဟာ ဒီအေၾကာင္းကိုေျပာျပခဲ့ျပီး တစ္ျခားသူေတြကုိလည္း ဆရာ၀န္အကူအညီယူသင့္ရင္ယူဖုိ႔တိုက္တြန္းခဲ႔ပါတယ္။Leonardo DiCaprio ၊ Lena Dunham ၊Megan Fox ၊ Jessica Alba နဲ႔ Cameron Diaz တုိ႔ဟာလည္း OCD ေရာဂါကုိခံစားခဲ႔ရဖူးပါတယ္။

၃)Emma Stone
La-la-land ဇာတ္ေကာင္မင္းသမီး Emma Stone ဟာ သူမရဲ ႔အသက္ ၇ႏွစ္အရြယ္တည္းက ေၾကာက္စိတ္မႊန္တဲ႔ေရာဂါတစ္မ်ိဳးကုိခံစားခဲ႔ရတာပါ။ရုတ္တရက္ထိတ္လန္႔ဖြယ္အေျခအေနနဲ႔ၾကံဳလာတဲ႔အခါ ေၾကာက္လန္္႔စိတ္ေၾကာင့္ဘာမွမလုပ္ႏုိင္တဲ႔အေျခအေနမ်ိဳးပါ။Emma ဟာ အဲ႔ဒီအေျခအေနမ်ိဳးကုိငယ္ငယ္ကတည္းကခံစားခဲ႔ရတာျဖစ္ျပီး အ႔ဲဒီေရာဂါရဲ႔အက်ိဳးဆက္ကေတာ့ အဖ်ားၾကီးတာ၊ေအာ့အန္တာ၊ေခြ်းအလြန္အကြ်ံထြက္တာ၊ေၾကာက္လန္႔စိတ္
မျပယ္ေသးတာစတာေတြပဲျဖစ္ပါတယ္။အဲ႔ဒါေၾကာင့္စိတ္ေရာဂါနဲ႔သက္ဆုိင္တဲ႔ဆရာနဲ႔ေတာင္ျပသခဲ႔ရတယ္လို႔သိရပါတယ္။ကုသမႈေၾကာင့္သူမရဲ႔ ေၾကာက္စိတ္မႊန္တဲ႔အေျခအေနက တုိးတက္ ေကာင္းမြန္လာခဲ ႔ပါတယ္။အခုဆုိရင္ Emma ဟာဒီလုိေရာဂါခံစားေနရတဲ႔ကေလးေတြ ကုိကူညီေပးတဲ႔အဖြဲ႔အစည္းတစ္ခုတည္ေထာင္ထားပါေသးတယ္။Dakota Johnson ၊ Zayn Malik နဲ႔ Sarah Silverman တို႔ဟာလည္း ဒီအေျခအေနမ်ိဳးကုိခံစားခဲ႔ဖူးပါတယ္။

၄)Ryan Reynolds
Dead pool စတား Ryan Reynolds ဟာလည္း ကေလးဘ၀တည္းကစိတ္ဖိစီးမႈမ်ားျပားတဲ႔ အေျခအေနတစ္မ်ိဳးကုိခံစားခဲ႔ရပါတယ္။တစ္ခုခုဆုိႏွလံုးခုန္ႏႈန္းေတြျမင့္တက္လာျပီး မူးေ၀လာတဲ႔အထိ စိတ္ဖိစီးမႈေတြမ်ားျပားတဲ႔အေျခအေနတစ္မ်ိဳးျဖစ္ပါတယ္။Deadpool ဇာတ္ကားရိုက္ကူးျပီးခ်ိန္မွာေတာ့ပုိျပီးဆုိးလာခဲ႔ပါတယ္။ပရိသတ္ေတြက သူ႔ကုိလက္မခံမွာ ၊အားမေပးတာကုိစိုးရိမ္ပူပန္ေနခဲ႔တာျဖစ္ပါတယ္။စိတ္ဖိစီးမႈအေျခအေနေၾကာင့္ညဘက္ေတြဆုိ အိပ္ေတာင္မအိပ္ႏုိင္ခဲ႔ပါဘူးတဲ႔။ဆရာ၀န္နဲ႔ဇနီးျဖစ္သူရဲ႔အားေပးမႈနဲ႔ကုသမႈေၾကာင့္ သူ့စိတ္အေျခအေနက တုိးတက္လာခဲ႔တာျဖစ္ပါတယ္။

၅)Demi Lovato
Demi Lovato ဟာ bulimia ေရာဂါခံစားေနရတဲ႔သူပါ။Bulimia ဆုိတာ အစားအေသာက္ပုိင္း ဆုိင္ရာျပႆနာတစ္ခုပါ။သူမရဲ ႔၆ႏွစ္တာလက္တြဲခဲ႔တဲ႔ခ်စ္သူ နဲ႔လမ္းခြဲျပတ္စဲျပီးတဲ႔ေနာက္ ဒီလိုအေျခအေနမ်ိဳးခံစားခဲ့ရတာျဖစ္ပါတယ္။အစားအေသာက္ေတြအမ်ားၾကီးအလြန္အကြ်ံစားျပီးတဲ႔ေနာက္မွာ ၀ိတ္တက္မွာစုိးလုိ႔ျပန္ျပီးအန္ထုတ္ဖုိ႔ၾကိဳးစားတဲ႔အေျခအေနမ်ိဳးပဲျဖစ္ပါတယ္။Demi ဟာ သူမရဲ ႔အေျခအေနကုိ မွတ္တမ္းတင္ရိုက္ကူးခဲ႔ျပီး သူမလိုပဲခံစားေနရတဲ႔သူေတြကုိ
ျပသခဲ႔ပါတယ္။ဒီေန႔မွာေတာ့ သူမဟာ ကုသမႈခံယူေနဆဲျဖစ္ေပမဲ႔ အစားအေသာက္ ကုိဂရုတစုိက္စားေသာက္ကာ ေလ့က်င့္ခန္းလည္းပံုမွန္လုပ္ေနပါျပီ။

ဒီလုိစိတ္ပုိင္းဆုိင္ရာအေျခအေနေတြခံစားခဲ႔ရတဲ႔အႏုပညာရွင္ေတြကသူတို႔မွာျဖစ္ခဲ႔တဲ႔၊ျဖစ္ေနဆဲအေျခအေနေတြအေၾကာင္းကုိဖြင့္ဟ၀န္ခံျပီးတစ္ျခားသူေတြကုိပါ အားတက္ေအာင္ တိုက္တြန္းေပးခဲ႔တာျဖစ္ပါတယ္။စိတ္ပုိင္းဆုိင္ရာအေျခအေနကုိ ေက်ာ္ျဖတ္ႏုိင္ေအာင္ အားေပးထားတဲ႔အႏုပညာရွင္ေတြလည္းျဖစ္ပါတယ္။

Unicode

တစ်ခါတစ်လေ ကိုယ့်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေပေမဲ့လည်း ကိုယ့်ကိုယ့်ကိုယ် ဝန်မခံချင်တဲ့ အခိုက်အတန့်တွေရှိနေတတ်ပါတယ်။စိတ်ပိုင်းဆိုင်ရာပြဿနာတွေဆိုတာ သာမန်လူတွေတင်မကပါဘူး။နာမည်ကျော်အနုပညာရှင်တွေ၊အောင်မြင်နေတဲ့သူတွေမှာတောင် စိတ်ဓာတ်ကျတာတွေ၊စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိတတ်ပါတယ်။အခုလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုရင်ဆိုင်တိုက်ထုတ်ပြီး အောင်မြင်မှုအတွက်အာရုံစိုက်ပြောင်းလဲ လိုက်တဲ့ဟောလိဝုဒ် အနုပညာရှင်တွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁)J. K. Rowling
J. K. Rowling ဆိုတာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲရဲ ့နာမည်ကျော် စာရေးဆရာတစ်ယောက်ပါ။ သူမဟာ စိတ်ကျရောဂါခံစားခဲ့ရပါတယ်လို့ဝန်ခံခဲ့ဖူးပါတယ်။သူမရဲ ့ပထမခင်ပွန်းနဲ့ ကွာရှင်းပြီးတဲ့နောက် စိတ်ကျရောဂါစွဲကပ်ခဲ့ပြီးကိုယ့်ကိုယ့်ကိုယ်သတ်သေဖို့အထိတောင် စိတ်ကူးခဲ့ပါတယ်။ကိုယ့်ကိုယ့်ကိုယ်လည်းနာကျင်အောင်လုပ်လွန်းလို့ သူမရဲ ့သမီးလေးနဲ့ဆရာဝန် အကူအညီယူခဲ့ရပါတယ်။ဘာတစ်ခုမှမရှိတော့သလို လစ်ဟာသွားတဲ့ခံစားချက်မျိုး ၊မျှော်လင့်ချက် မရှိတော့ သလိုမျိုးခံစားခဲ့ရတာပါတဲ့။သူမဟာ အဲ့ဒီလိုကြမ်းတမ်းတဲ့အချိန်ကာလတွေကို ဖြတ်ကျော်ခဲ့ရတာဖြစ်ပြီး ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိတယ်လို့ပြောပြခဲ့ပါတယ်။ သူမလိုပဲ Beyonce ၊ Prince Harry ၊ Hugh Laurie ၊Cara Delevingne ၊Jim Carrey ၊ Ellen DeGeneres ၊ Lady Gaga ၊ Miley Cyrus ၊ Dwayne Johnson တို့လည်းစိတ်ကျရောဂါကိုခံစားခဲ့ရဖူးပါတယ်။

၂)David Beckham
David Beckham ဟာ OCD ရောဂါကိုခံစားခဲ့ဖူးပါတယ်။OCD (obsessive-compulsive disorder )ဆိုတာ အခန်းထဲက ပစ္စည်းတွေအရင်အတိုင်းနေရာမကျသေးသရွေ့ ၊နေရာမှန်
မရောက်သေးသရွေ့ အနားမယူနိုင်ပဲ မှန်တဲ့အထိ ထပ်တလဲလဲပြင်နေတာမျိုးပါ။စစ်ပြီးသား ပစ္စည်းတွေကိုလည်း ထပ်တလဲလဲစစ်မှရမယ်လို့ခံစားနေရတဲ့ရောဂါမျိုးကို David ခံစားခဲ့ရတာ ဖြစ်ပါတယ်။သူ့ရဲ့အိမ်မှာဆိုရင် ပစ္စည်းတွေအားလုံးက ရှိနေကျနေရာမှာပဲ ရှိနေအောင်၊မှန်အောင် ထားတတ်ပါတယ်။ရေခဲသေတ္တာထဲက အစားအစာတွေကိုတောင် နေရာတကျ၊ဒီနေရာမှ ဒီနေရာထား တတ်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒီလိုရောဂါမျိုးကစိတ်အလွန်ပင်ပန်းရတဲ ့ရောဂါတစ်မျိုးပါပဲ။David Beckham ဟာ ဒီအကြောင်းကိုပြောပြခဲ့ပြီး တစ်ခြားသူတွေကိုလည်း ဆရာဝန်အကူအညီယူသင့်ရင်ယူဖို့တိုက်တွန်းခဲ့ပါတယ်။Leonardo DiCaprio ၊ Lena Dunham ၊Megan Fox ၊ Jessica Alba နဲ့ Cameron Diaz တို့ဟာလည်း OCD ရောဂါကိုခံစားခဲ့ရဖူးပါတယ်။

၃)Emma Stone
La-la-land ဇာတ်ကောင်မင်းသမီး Emma Stone ဟာ သူမရဲ ့အသက် ရနှစ်အရွယ်တည်းက ကြောက်စိတ်မွှန်တဲ့ရောဂါတစ်မျိုးကိုခံစားခဲ့ရတာပါ။ရုတ်တရက်ထိတ်လန့်ဖွယ်အခြေအနေနဲ့ကြုံလာတဲ့အခါ ကြောက်လန့််စိတ်ကြောင့်ဘာမှမလုပ်နိုင်တဲ့အခြေအနေမျိုးပါ။Emma ဟာ အဲ့ဒီအခြေအနေမျိုးကိုငယ်ငယ်ကတည်းကခံစားခဲ့ရတာဖြစ်ပြီး အဲ့ဒီရောဂါရဲ့အကျိုးဆက်ကတော့ အဖျားကြီးတာ၊အော့အန်တာ၊ချွေးအလွန်အကျွံထွက်တာ၊ကြောက်လန့်စိတ်
မပြယ်သေးတာစတာတွေပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်စိတ်ရောဂါနဲ့သက်ဆိုင်တဲ့ဆရာနဲ့တောင်ပြသခဲ့ရတယ်လို့သိရပါတယ်။ကုသမှုကြောင့်သူမရဲ့ ကြောက်စိတ်မွှန်တဲ့အခြေအနေက တိုးတက် ကောင်းမွန်လာခဲ ့ပါတယ်။အခုဆိုရင် Emma ဟာဒီလိုရောဂါခံစားနေရတဲ့ကလေးတွေ ကိုကူညီပေးတဲ့အဖွဲ့အစည်းတစ်ခုတည်ထောင်ထားပါသေးတယ်။Dakota Johnson ၊ Zayn Malik နဲ့ Sarah Silverman တို့ဟာလည်း ဒီအခြေအနေမျိုးကိုခံစားခဲ့ဖူးပါတယ်။

၄)Ryan Reynolds
Dead pool စတား Ryan Reynolds ဟာလည်း ကလေးဘဝတည်းကစိတ်ဖိစီးမှုများပြားတဲ့ အခြေအနေတစ်မျိုးကိုခံစားခဲ့ရပါတယ်။တစ်ခုခုဆိုနှလုံးခုန်နှုန်းတွေမြင့်တက်လာပြီး မူးဝေလာတဲ့အထိ စိတ်ဖိစီးမှုတွေများပြားတဲ့အခြေအနေတစ်မျိုးဖြစ်ပါတယ်။Deadpool ဇာတ်ကားရိုက်ကူးပြီးချိန်မှာတော့ပိုပြီးဆိုးလာခဲ့ပါတယ်။ပရိသတ်တွေက သူ့ကိုလက်မခံမှာ ၊အားမပေးတာကိုစိုးရိမ်ပူပန်နေခဲ့တာဖြစ်ပါတယ်။စိတ်ဖိစီးမှုအခြေအနေကြောင့်ညဘက်တွေဆို အိပ်တောင်မအိပ်နိုင်ခဲ့ပါဘူးတဲ့။ဆရာဝန်နဲ့ဇနီးဖြစ်သူရဲ့အားပေးမှုနဲ့ကုသမှုကြောင့် သူ့စိတ်အခြေအနေက တိုးတက်လာခဲ့တာဖြစ်ပါတယ်။

၅)Demi Lovato
Demi Lovato ဟာ bulimia ရောဂါခံစားနေရတဲ့သူပါ။Bulimia ဆိုတာ အစားအသောက်ပိုင်း ဆိုင်ရာပြဿနာတစ်ခုပါ။သူမရဲ ့၆နှစ်တာလက်တွဲခဲ့တဲ့ချစ်သူ နဲ့လမ်းခွဲပြတ်စဲပြီးတဲ့နောက် ဒီလိုအခြေအနေမျိုးခံစားခဲ့ရတာဖြစ်ပါတယ်။အစားအသောက်တွေအများကြီးအလွန်အကျွံစားပြီးတဲ့နောက်မှာ ၀ိတ်တက်မှာစိုးလို့ပြန်ပြီးအန်ထုတ်ဖို့ကြိုးစားတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။Demi ဟာ သူမရဲ ့အခြေအနေကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး သူမလိုပဲခံစားနေရတဲ့သူတွေကို
ပြသခဲ့ပါတယ်။ဒီနေ့မှာတော့ သူမဟာ ကုသမှုခံယူနေဆဲဖြစ်ပေမဲ့ အစားအသောက် ကိုဂရုတစိုက်စားသောက်ကာ လေ့ကျင့်ခန်းလည်းပုံမှန်လုပ်နေပါပြီ။

ဒီလိုစိတ်ပိုင်းဆိုင်ရာအခြေအနေတွေခံစားခဲ့ရတဲ့အနုပညာရှင်တွေကသူတို့မှာဖြစ်ခဲ့တဲ့၊ဖြစ်နေဆဲအခြေအနေတွေအကြောင်းကိုဖွင့်ဟဝန်ခံပြီးတစ်ခြားသူတွေကိုပါ အားတက်အောင် တိုက်တွန်းပေးခဲ့တာဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာအခြေအနေကို ကျော်ဖြတ်နိုင်အောင် အားပေးထားတဲ့အနုပညာရှင်တွေလည်းဖြစ်ပါတယ်။

37 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.