ဆောင်းရာသီမို့ သွားလာစရာ ပွဲလမ်းသဘင်တွေကလည်း အများသား။ ခရစ်စမတ်၊ နယူးရီးယားနဲ့ ဟောလီးဒေးလေးတွေ ရလာပြီဆို သူငယ်ချင်းတွေနဲ့ ဘယ်ပွဲသွားရင် ကောင်းမလဲ၊ ချစ်သူနဲ့ ဘယ်ပွဲတက်စရာရှိလဲ အဲ့ဒီလို သွားစရာလာစရာ ပွဲလမ်းသဘင်တွေအတွက် အ၀တ်အစားတွေ၊ accessories တွေကိုလည်း စီစဉ်ကြရပြီလေ။ မိန်းကလေး ဖြစ်တာမို့ ဘယ်ကာလာတွေ၊ ဘယ်လိုဒီဇိုင်းတွေ ခေတ်ရှေ့ပြေးနေတယ်ဆိုတာလည်း သိချင်ပြန်ပါရော။ အဲ့ဒီတော့ ပွဲတစ်ပွဲတက်တော့မယ်ဆိုရင်ထည့်သွင်း မစဉ်းစားလို့ မဖြစ်တဲ့အရာတွေထဲက ဖိနပ် အကြောင်း ပြောပြပေးထားပါတယ်။ ဒေါက်မြင့်ဖိနပ်ပဲဖြစ်ဖြစ်၊ Pencil Heel ပဲဖြစ်ဖြစ်၊ ရိုးရိုး Flat လေးတွေပဲ စီးစီး ကိုယ့်ရွေးချယ်မှုက အထာကျပြီး ခေတ်ရှေ့ပြေးဖြစ်နေအောင် ခုလို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
၁။ နောက်ဆုံးပေါ် ဒီဇိုင်းဖြစ်ပြီး ဟောလိဝုဒ်အနုပညာရှင် ငါးဦးရဲ့ အားပေးထောက်ခံချက်ကို ရရှိထားတဲ့ ဖိနပ်ဒီဇိုင်းပါ။ ဒေါက်က မြင့်တာမို့ အကြာကြီးရပ်ရမယ့် ပွဲမျိုးဆိုရင်တော့ မစီးသင့်ပါဘူး။
၂။စီးလိုက်တာနဲ့ အားလုံးငေးသွားမယ့် ဖိနပ်ဒီဇိုင်းမျိုးပါ။ ဂါဝန်ရှည်နဲ့ဖြစ်ဖြစ်၊ အတိုနဲ့ပဲဖြစ်ဖြစ် အားလုံးနဲ့ လိုက်ဖက်တင့်တယ်နေမှာပါ။
၃။ပေါ့ပေါ့ပါးပါး စီးနိုင်တဲ့ Flat ပုံစံလေးမို့ သူငယ်ချင်းတွေနဲ့အတူ ကျင်းပမယ့် နယူးရီးယားပါတီလို ကိုယ်ပါဝင်သောင်းကျန်းဖို့ ဆုံးဖြတ်ထားတဲ့ ပွဲမျိုးတွေအတွက် ကွက်တိပါပဲ။
၎။သူကတော့ ကြည့်လိုက်တာနဲ့ ခန့်ခန့်ထည်ထည် ဖြစ်လွန်းတဲ့ ဒီဇိုင်းမို့ အ၀တ်အစား နည်းနည်းရွေးပါလိမ့်မယ်။ ရွှေရောင်နဲ့ အနက် ဦးစားပေး အ၀တ်အစား၊ dress တွေနဲ့သာ သင့်တော်ပါတယ်။
၅။စီးကွင့်ဖိနပ်လေးမို့ ဒင်နာပွဲတွေ၊ ဒါမှမဟုတ် ချစ်သူနဲ့နှစ်ဦးတည်း လျှောက်လည်မယ့် ခရစ်စမတ်နဲ့ နယူးရီးယား ညမျိုးတွေမှာ စီးဖို့ အကြံပေးချင်ပါတယ်။
၆။ပန်းပွင့်၊ ပန်းနွယ်လေးတွေကိုမှ နှစ်သက်တဲ့ အမျိုးသမီးတွေ လက်မလွတ်တမ်း စီးကြည့်သင့်တဲ့ ဖိနပ်လေးပါ။ ကာလာက အဖျော့လေးမို့ အပေါ်က ရှုပ်ရှုပ်ယှက်ယှက် အကျီဒီဇိုင်းတွေ မဟုတ်ရင် အိုကေပါတယ်။
၇။Heel အထူတွေ နှစ်ခြိုက်တဲ့ ပျိုမေတွေ ဧည့်ခံပွဲအခမ်းအနား နဲ့ ဒင်နာပွဲတွေမှာ စီးရမယ့် အခန့်ဒီဇိုင်းပါ။
Ref: harpersbazaar.co.uk