ဒီဖက္ရွင္ေတြက သင့္က်န္းမာေရးကုိဆုိးရြားစြာထိခိုက္ေစတယ္လို႔ေျပာရင္ယံုလိုက္ပါ

ဘယ္လိုဖက္ရွင္ေတြကုိ သင္မွားယြင္း၀တ္ဆင္ေနမိျပီလဲ ဖတ္ၾကည့္လိုက္ရေအာင္။ ကမာၻတစ္၀န္းလံုးက အမ်ိဳးသမီး ၇၃ရာခုိင္ႏႈန္းက သူတို႔၀တ္ဆင္တဲ႔ အ၀တ္အစားေတြ၊ လက္၀တ္တန္ဆာေတြနဲ႔ပတ္သက္ျပီး ျပႆနာေလးေတြၾကံဳေတြ႔ရတဲ႔အေၾကာင္းကုိ ေလ့လာျပီး
ေဖာ္ျပထားတဲ႔ေဆာင္းပါးတစ္ခုကုိ ျပန္လည္မ်ွေ၀ေပးမွာျဖစ္လို႔ ေသခ်ာဖတ္ၾကည့္လိုက္ပါဦး။

၁)တင္းက်ပ္လြန္းတဲ႔ ေဘာင္းဘီရွည္
တင္းက်ပ္လြန္းတဲ႔ဖိအားနဲ႔ဆြဲဆန္႔မႈေၾကာင့္ ဒီလုိ Skinny Jeans ေတြက က်န္းမာေရးကိုထိခိုက္ ေစပါတယ္။ဘယ္လုိထိခိုက္ေစလဲဆုိရင္က်ပ္ထုပ္ေနတဲ႔အတြက္ေသြးလည္ပတ္မႈေတြေကာင္းေကာင္းမလည္ပတ္ေတာ့ဘူး၊ဗိုက္ေနရာမွာတင္းက်ပ္ေနတဲ႔အတြက္  အစာေျခစနစ္ကုိေႏွာင့္ေနွး ေစပါတယ္။ေသြးေၾကာေတြဆန္႔ကားထြက္လာေစပါတယ္။ျပီးေတာ့တင္းက်ပ္ေနေအာင္၀တ္ထားတာျဖစ္လို႔ ျပန္ခြ်တ္တဲ႔အခါမွာအသားအရည္ေတြထံုထုိင္းေစျပီး ေပါင္သားေတြကုိနာက်င္ေစပါ တယ္။အဲ႔ဒါေၾကာင့္ ေနာက္တစ္ခါ skinny jeans ၀တ္မယ္ဆုိရင္ သင့္က်န္းမာေရးကုိ မထိခိုက္ေစေအာင္ခႏၶာကိုယ္နဲ႔သက္ေတာင့္သက္သာျဖစ္ေစတဲ႔ေဘာင္းဘီရွည္မ်ိဳးကုိေရြးခ်ယ္၀တ္ဆင္သင့္ပါတယ္။

၂)ေဒါက္ဖိနပ္အျမင့္
ေလ့လာခ်က္ေတြအရ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ေလးဆေလာက္ေျခေထာက္နဲ႔ ပတ္သက္တဲ႔ ျပႆနာေတြၾကံဳရေလ့ရွိပါတယ္။အရုိးနာက်င္မႈ၊ေျခက်င္း၀တ္နာက်င္မႈ ၊အေၾကာပ်က္စီးမႈစတဲ႔က်န္းမာေရးျပႆနာေတြပါ။အထူးသျဖင့္ဖိနပ္အျမင့္အျမဲစီးေလ့ရွိသူေတြၾကံဳရတတ္ပါတယ္။ဖိနပ္အျမင့္ေတြဟာေသြးေၾကာနဲ႔ပတ္သက္ျပီးေကာင္းေကာင္းၾကီးဒုကၡေပးႏုိင္ပါတယ္။အဲ႔ဒါေၾကာင့္ဖိနပ္အျမင့္ကုိစီးတယ္ဆုိရင္လည္းအၾကိမ္ေရေလ်ွာ့စီးပါ။သက္ေတာင့္သက္သာျဖစ္တဲ႔ ဖိနပ္ေတြ နဲ႔လဲလွယ္စီးပါ။ဖိနပ္အျမင့္စီးျပီးအိမ္ျပန္ေရာက္တဲ႔အခါ ေျခေထာက္၊ေျခဖ၀ါး ေလ့က်င့္ခန္းေလး ေတြလုပ္ေပးပါ။

၃)အတြင္းခံေဘာင္းဘီ
တကယ္လို႔သင္ဟာ Swimsuit အတြင္းခံေဘာင္းဘီလိုမ်ိဳးမၾကာခဏ၀တ္ေလ့ရွိတယ္ဆိုရင္ ဒီေန႔ကစျပီးအၾကိမ္ေရေလ်ွာ့၀တ္ပါ။၁၀၀ရာခုိင္ႏႈန္းခ်ည္ထည္စစ္စစ္ေဘာင္းဘီေတြကုိ သာေရြးခ်ယ္၀တ္ပါလို႔တိုက္တြန္းခ်င္ပါတယ္။ဘာလို႔လဲဆိုေတာ့ဒီလုိ Swimsuit ေဘာင္းဘီေတြဟာအမ်ိဳးသမီးအတြင္းအဂၤါကူးစက္ေရာဂါ၊ယားယံတာေတြ၊အသားအရည္ပူေလာင္တာမ်ိဳးေတြျဖစ္ဖုိ႔ ပုိျပီးအခြင့္အလမ္းမ်ားေစပါတယ္။အထူးသျဖင့္ ဒီလုိေဘာင္းဘီမ်ိဳးကုိ ေႏြရာသီမွာမ၀တ္ဆင္သင့္ပါဘူး။

၄)ေလးလံတဲ႔နားကပ္နဲ႔ ဆြဲၾကိဳး
ေလ့လာေတြ႔ရွိခ်က္အရ နားေပါက္ေဖာက္ထားတာဟာ ဘတ္တီးရီးယားကူးစက္မႈကုိ ၂၀ရာခုိင္နႈန္းတုိးပြားေစပါတယ္တဲ႔။အထူးသျဖင့္ ေလးလံျပီးၾကီးမားတဲ႔နားကပ္ေတြ ၀တ္တာၾကာလာတဲ႔အခါ နားကပ္၀တ္ဆင္ရာေနရာကုိ ပ်က္စီးေစျပီးတစ္ခါတစ္ေလ ျပန္လည္ျပဳျပင္ရတာေတြေတာင္ရွိတတ္ပါတယ္တဲ႔။ဆြဲၾကိဳးလည္းအတူတူပါပဲ။ေလးလံတဲ႔ဆြဲၾကိဳးေတြဟာ လည္ပင္းကုိနာက်င္ေစပါတယ္။

၅)တင္းက်ပ္လြန္းတဲ႔လည္စည္း
ဒီျပႆနာကေတာ့ အမ်ိဳးသမီးေတြလံုး၀မၾကံဳေတ႔ြရႏုိင္တဲ႔ျပႆနာတစ္ခုပါ။Cornell တကၠသိုလ္ရဲ ႔ေလ့လာခ်က္အရ အမ်ိဳးသား ၆၇ရာခုိင္ႏႈန္းဟာ သူတို႔ရဲ ႔လည္ပင္းထက္ ပုိျပီးက်ဥ္းက်ပ္တဲ႔ရွပ္အက်ီ ေတြကုိ၀ယ္ေလ့ရွိပါတယ္။အဲ႔ဒါေၾကာင့္လည္စည္းပါထပ္စည္းလိုက္တဲ႔အခါ က်ဥ္းက်ပ္ျပီး
ေသြးလည္ပတ္မႈကုိမေကာင္းမြန္ေစေတာ့ပါဘူး။အဲ႔ဒီအတြက္ေခါင္းကိုက္တာေတြ၊လည္ပင္းေရြ႔လ်ားမႈခက္တာေတြ၊ပုခံုးေၾကာၾကြက္သားေတြတင္းျပီးနာက်င္မႈေတြကုိခံစား လာရတာပဲျဖစ္ပါတယ္။

၆)အတြင္းခံအက်ီ
အမ်ိဳးသမီးအမ်ားစုဟာ သူတုိ႔ရဲ ႔ဆုိဒ္မဟုတ္ပဲ အတြင္းခံအက်ီေတြကုိ မွားယြင္း၀ယ္မိတတ္ပါတယ္။ အဲ႔ဒီလုိမွားယြင္းမႈေတြ၊ကြာလတီမေကာင္းတဲ႔အတြင္းခံအက်ိီေတြေၾကာင့္ ပုခံုး၊ေနာက္ေက်ာ ၊ေက်ာရိုးေတြမွာအေၾကာနဲ႔ပတ္သက္တဲ႔က်န္းမာေရးျပႆနာေတာ္ေတာ္မ်ားမ်ားျဖစ္ေလ့ရွိပါတယ္။အဲ႔ဒါေၾကာင့္အတြင္းခံအက်ီ၀ယ္ယူေတာ့မယ္ဆုိရင္ကုိယ္နဲ႔ကြက္တိျဖစ္သလိုသက္ေတာင့္သက္သာရွိတာမ်ိဳးကုိေရြးခ်ယ္ပါ။ရင္သားၾကီးတဲ႔အမ်ိဳးသမီးေတြဆုိ ၾကိဳးေသးတာမ်ိဳးကုိ မေရြးမိပါေစနဲ႔။ရင္သားေသးတဲ႔အမ်ိဳးသမီးေတြဆုိလည္း သင့္အသားအရည္ကို မပ်က္စီးမပြန္းပဲ႔ေစတဲ႔ၾကိဳးမ်ိဳး၊အတြင္းခံမ်ိဳးကုိေရြးခ်ယ္သင့္ပါတယ္။

၇)Pencil skirts
ပံုထဲမွာျမင္ေတြ႔ရတဲ႔ Pencil skirt ေတြဟာ သင့္ေျခေထာက္ေတြကုိ ပူးကပ္ေနေစတာအမွန္ပါပဲ။ လမ္းေလ်ွာက္တဲ႔အခါ၊ကားေပၚတက္တဲ့အခါလိုသလိုလွမ္းလို႔မရတဲ႔စကတ္ေတြေပါ့။ဒီစကတ္ေတြက တစ္ခါတစ္ေလ သင့္ကုိဟန္ခ်က္ပ်က္ေအာင္ေတာင္လု္ႏုိင္ပါတယ္။သင့္ရဲ႔ ေရြ႔လ်ားမႈေတြကုိ
ထိန္းခ်ဳပ္ႏုိင္တဲ႔စကတ္ေတြကၾကြက္သားေတြတင္းက်ပ္တာ၊ဒူးအေနအထားအခ်ိဳးအစားမမွန္တာေတြျဖစ္လာေစပါတယ္တဲ႔။

ကဲ သင္ေရာ ဒီဖက္ရွင္ေတြကုိ၀တ္ဆင္ေနသူတစ္ေယာက္လား?ဒါဆိုရင္ေတာ့ ေသခ်ာဂရုစုိက္၀တ္ဆင္ဖုိ႔လိုေနျပီေနာ္

Unicode

ဘယ်လိုဖက်ရှင်တွေကို သင်မှားယွင်းဝတ်ဆင်နေပြီမိလဲ ဖတ်ကြည့်လိုက်ရအောင်။ ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီး ၇၃ရာခိုင်နှုန်းက သူတို့ဝတ်ဆင်တဲ့ အဝတ်အစားတွေ၊ လက်ဝတ်တန်ဆာတွေနဲ့ပတ်သက်ပြီး ပြဿနာလေးတွေကြုံတွေ့ရတဲ့အကြောင်းကို လေ့လာပြီး
ဖော်ပြထားတဲ့ဆောင်းပါးတစ်ခုကို ပြန်လည်မျှဝေပေးမှာဖြစ်လို့ သေချာဖတ်ကြည့်လိုက်ပါဦး။

၁)တင်းကျပ်လွန်းတဲ့ ဘောင်းဘီရှည်
တင်းကျပ်လွန်းတဲ့ဖိအားနဲ့ဆွဲဆန့်မှုကြောင့် ဒီလို Skinny Jeans တွေက ကျန်းမာရေးကိုထိခိုက် စေပါတယ်။ဘယ်လိုထိခိုက်စေလဲဆိုရင်ကျပ်ထုပ်နေတဲ့အတွက်သွေးလည်ပတ်မှုတွေကောင်းကောင်းမလည်ပတ်တော့ဘူး၊ဗိုက်နေရာမှာတင်းကျပ်နေတဲ့အတွက် အစာခြေစနစ်ကိုနှောင့်နှေး စေပါတယ်။သွေးကြောတွေဆန့်ကားထွက်လာစေပါတယ်။ပြီးတော့တင်းကျပ်နေအောင်ဝတ်ထားတာဖြစ်လို့ ပြန်ချွတ်တဲ့အခါမှာအသားအရည်တွေထုံထိုင်းစေပြီး ပေါင်သားတွေကိုနာကျင်စေပါ တယ်။အဲ့ဒါကြောင့် နောက်တစ်ခါ skinny jeans ဝတ်မယ်ဆိုရင် သင့်ကျန်းမာရေးကို မထိခိုက်စေအောင်ခန္ဓာကိုယ်နဲ့သက်တောင့်သက်သာဖြစ်စေတဲ့ဘောင်းဘီရှည်မျိုးကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

၂)ဒေါက်ဖိနပ်အမြင့်
လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်လေးဆလောက်ခြေထောက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြုံရလေ့ရှိပါတယ်။အရိုးနာကျင်မှု၊ခြေကျင်းဝတ်နာကျင်မှု ၊အကြောပျက်စီးမှုစတဲ့ကျန်းမာရေးပြဿနာတွေပါ။အထူးသဖြင့်ဖိနပ်အမြင့်အမြဲစီးလေ့ရှိသူတွေကြုံရတတ်ပါတယ်။ဖိနပ်အမြင့်တွေဟာသွေးကြောနဲ့ပတ်သက်ပြီးကောင်းကောင်းကြီးဒုက္ခပေးနိုင်ပါတယ်။အဲ့ဒါကြောင့်ဖိနပ်အမြင့်ကိုစီးတယ်ဆိုရင်လည်းအကြိမ်ရေလျှော့စီးပါ။သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်တွေ နဲ့လဲလှယ်စီးပါ။ဖိနပ်အမြင့်စီးပြီးအိမ်ပြန်ရောက်တဲ့အခါ ခြေထောက်၊ခြေဖဝါး လေ့ကျင့်ခန်းလေး တွေလုပ်ပေးပါ။

၃)အတွင်းခံဘောင်းဘီ
တကယ်လို့သင်ဟာ Swimsuit အတွင်းခံဘောင်းဘီလိုမျိုးမကြာခဏဝတ်လေ့ရှိတယ်ဆိုရင် ဒီနေ့ကစပြီးအကြိမ်ရေလျှော့ဝတ်ပါ။၁ဝဝရာခိုင်နှုန်းချည်ထည်စစ်စစ်ဘောင်းဘီတွေကို သာရွေးချယ်ဝတ်ပါလို့တိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလို Swimsuit ဘောင်းဘီတွေဟာအမျိုးသမီးအတွင်းအင်္ဂါကူးစက်ရောဂါ၊ယားယံတာတွေ၊အသားအရည်ပူလောင်တာမျိုးတွေဖြစ်ဖို့ ပိုပြီးအခွင့်အလမ်းများစေပါတယ်။အထူးသဖြင့် ဒီလိုဘောင်းဘီမျိုးကို နွေရာသီမှာမဝတ်ဆင်သင့်ပါဘူး။

၄)လေးလံတဲ့နားကပ်နဲ့ ဆွဲကြိုး
လေ့လာတွေ့ရှိချက်အရ နားပေါက်ဖောက်ထားတာဟာ ဘတ်တီးရီးယားကူးစက်မှုကို ၂ဝရာခိုင်နှုန်းတိုးပွားစေပါတယ်တဲ့။အထူးသဖြင့် လေးလံပြီးကြီးမားတဲ့နားကပ်တွေ ဝတ်တာကြာလာတဲ့အခါ နားကပ်ဝတ်ဆင်ရာနေရာကို ပျက်စီးစေပြီးတစ်ခါတစ်လေ ပြန်လည်ပြုပြင်ရတာတွေတောင်ရှိတတ်ပါတယ်တဲ့။ဆွဲကြိုးလည်းအတူတူပါပဲ။လေးလံတဲ့ဆွဲကြိုးတွေဟာ လည်ပင်းကိုနာကျင်စေပါတယ်။

၅)တင်းကျပ်လွန်းတဲ့လည်စည်း
ဒီပြဿနာကတော့ အမျိုးသမီးတွေလုံးဝမကြုံတွေ့ရနိုင်တဲ့ပြဿနာတစ်ခုပါ။Cornell တက္ကသိုလ်ရဲ ့လေ့လာချက်အရ အမျိုးသား ၆ရရာခိုင်နှုန်းဟာ သူတို့ရဲ ့လည်ပင်းထက် ပိုပြီးကျဉ်းကျပ်တဲ့ရှပ်အကျီ တွေကိုဝယ်လေ့ရှိပါတယ်။အဲ့ဒါကြောင့်လည်စည်းပါထပ်စည်းလိုက်တဲ့အခါ ကျဉ်းကျပ်ပြီး
သွေးလည်ပတ်မှုကိုမကောင်းမွန်စေတော့ပါဘူး။အဲ့ဒီအတွက်ခေါင်းကိုက်တာတွေ၊လည်ပင်းရွေ့လျားမှုခက်တာတွေ၊ပုခုံးကြောကြွက်သားတွေတင်းပြီးနာကျင်မှုတွေကိုခံစား လာရတာပဲဖြစ်ပါတယ်။

၆)အတွင်းခံအကျီ
အမျိုးသမီးအများစုဟာ သူတို့ရဲ ့ဆိုဒ်မဟုတ်ပဲ အတွင်းခံအကျီတွေကို မှားယွင်းဝယ်မိတတ်ပါတယ်။ အဲ့ဒီလိုမှားယွင်းမှုတွေ၊ကွာလတီမကောင်းတဲ့အတွင်းခံအကျိီတွေကြောင့် ပုခုံး၊နောက်ကျော ၊ကျောရိုးတွေမှာအကြောနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတော်တော်များများဖြစ်လေ့ရှိပါတယ်။အဲ့ဒါကြောင့်အတွင်းခံအကျီဝယ်ယူတော့မယ်ဆိုရင်ကိုယ်နဲ့ကွက်တိဖြစ်သလိုသက်တောင့်သက်သာရှိတာမျိုးကိုရွေးချယ်ပါ။ရင်သားကြီးတဲ့အမျိုးသမီးတွေဆို ကြိုးသေးတာမျိုးကို မရွေးမိပါစေနဲ့။ရင်သားသေးတဲ့အမျိုးသမီးတွေဆိုလည်း သင့်အသားအရည်ကို မပျက်စီးမပွန်းပဲ့စေတဲ့ကြိုးမျိုး၊အတွင်းခံမျိုးကိုရွေးချယ်သင့်ပါတယ်။

၇)Pencil skirts
ပုံထဲမှာမြင်တွေ့ရတဲ့ Pencil skirt တွေဟာ သင့်ခြေထောက်တွေကို ပူးကပ်နေစေတာအမှန်ပါပဲ။ လမ်းလျှောက်တဲ့အခါ၊ကားပေါ်တက်တဲ့အခါလိုသလိုလှမ်းလို့မရတဲ့စကတ်တွေပေါ့။ဒီစကတ်တွေက တစ်ခါတစ်လေ သင့်ကိုဟန်ချက်ပျက်အောင်တောင်လု်နိုင်ပါတယ်။သင့်ရဲ့ ရွေ့လျားမှုတွေကို
ထိန်းချုပ်နိုင်တဲ့စကတ်တွေကကြွက်သားတွေတင်းကျပ်တာ၊ဒူးအနေအထားအချိုးအစားမမှန်တာတွေဖြစ်လာစေပါတယ်တဲ့။

ကဲ သင်ရော ဒီဖက်ရှင်တွေကိုဝတ်ဆင်နေသူတစ်ယောက်လား?ဒါဆိုရင်တော့ သေချာဂရုစိုက်ဝတ်ဆင်ဖို့လိုနေပြီနော်

80 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.