ခဏခဏစားခ်င္ေနတတ္တဲ႔ကိစၥျကီးကိုဒီလိုေျဖရွင္းရေအာင္

ဗိုက္ဆာလုိ႕ တကယ္ကို လိုလုိလားလားနဲ႕စားဖို႕လုိလို႕စားတာဟာကိစၥမရွိပင္မဲ႔ ဒီတိုင္းမ်က္စိဆာတာနဲ႕လုိက္ျပီးေတြ႕သမ်ွစားမိေနတာမ်ိဳး၊ မဆာပဲအပိုေတြစားမိေနတာမ်ိဳးေတြေျကာင္႔ခႏၶာကိုယ္မွာ မလိုအပ္တဲ႔အဆီပိုေတြျဖစ္လာေစတာမလို႕ခဏခဏစားခ်င္ေနတဲ႔ ကိစၥျကီးကိုဒီလိုနည္းလမ္းေလးေတြနဲ႕ေျဖရွင္းျကည္႔ရေအာင္…
(၁) ပင္ပင္ပန္းပန္းတစ္ခုခုလုပ္ျပီးခ်ိန္မွာေရအ၀ေသာက္ပါ
ပင္ပင္ပန္းပန္းတစ္ခုခုလုပ္ျပီးတဲ႔အခ်ိန္မွာ ေရကိုအျပည္႔၀ေသာက္ေပးသင္႔ပါတယ္။ ဒီလုိမွမဟုတ္ရင္ ခဏခဏဆာေလာင္ျခင္းဆိုတဲ႔ အရာျကီးက၀င္လာတတ္တာမလို႕ ပင္ပန္းႏြမ္းနယ္ေနခ်ိန္မွာ ေရကိုျပည္႔၀လံုေလာက္စြာေသာက္သံုးျခင္းဟာ ခဏခဏဆာေလာင္ျခင္းနဲ႕အစားမျကာခဏစားမိျခင္းေတြရန္ကေနလြတ္ေျမာက္ေအာင္ကူညီေပးနုိင္ပါတယ္။
(၂) ပံုမွန္ထမင္းစားခ်ိန္ေတြမွာ အစာအာဟာရျပည္႔၀တဲ႔အရာမ်ိဳးကိုသာျပည္႔၀ေအာင္စားပါ
ပံုမွန္ထမင္းစားေသာက္ရမဲ႔အခ်ိန္မွာ ျပည္႔၀ျပီးအာဟာရျကြယ္၀တဲ႔အစားအစာမ်ိဳးကိုသာေရြးခ်ယ္စားသံုးသင္႔ပါတယ္။ ဒီလိုမဟုတ္ပဲ ဟိုမေရာက္ဒီမေရာက္နဲ႕မျပည္႔၀တဲ႔အစားစာေတြစားမိတဲ႔အခါ ျပည္႔၀သြားျခင္းမရွိပဲခဏခဏ ဆာေလာင္ေနတတ္ပါတယ္။ ဗုိက္ဆာတာထက္ ထပ္ျပီးတစ္ခုခုကို စားျခင္းေနတာမ်ိဳးျဖစ္တတ္တာမို႕ပံုမွန္ထမင္းစားခ်ိန္ေတြမွာျပည္႔၀စြာစားသံုးေပးပါ။
(၃) တကယ္ဆာမွသာစားပါ
တစ္ခ်ိဳ႕ကဗိုက္ကတကယ္ဆာတာမ်ိဳးမဟုတ္ပဲ မ်က္စိက်ျပီး မ်က္စိဆာတာမ်ိဳးပါ။ ခႏၶာကိုယ္ကမေတာင္းတပင္မဲ႔ မ်က္စိကေတာင္းတာေျကာင္႔စားလုိက္မိတာမ်ိဳးေတြရွိတတ္တာမလို႕ဒီလုိမ်က္စိဆာလုိ႕အပိုေတြစားရင္း၀ိတ္တတ္မခံပါနဲ႕။
(၄) သင္႔ေတာ္တဲ႔အခ်ိန္တစ္ခုသတ္မွတ္ထားျပီး အဲ႔အခ်ိန္၀န္းက်င္ကိုပံုမွန္စားေပးပါ
ပံုမွန္ဘယ္အခ်ိန္ေလာက္ဆိုေန႕လည္စာ စားမယ္ ဘယ္အခ်ိန္မနက္စားစာမယ္စသည္ျဖင္႔ အျကမ္းျပင္အခ်ိန္တစ္ခုသတ္မွတ္ထားျပီးစားသံုးပါ။ အစာစားခ်ိန္မမွန္တာက ဆာေလာင္စိတ္ကိုပိုမိုျပင္းျပေစျပီး တစ္ျခားအပိုစာေတြပါထပ္စားမိနိင္ေစတာေျကာင္႔ သင္႔ေတာ္တဲ႔အခ်ိန္တစ္ခုသတ္မွတ္ျပီး စားသံုးပါ။
(၅) ကိုယ္တကယ္ျကိုက္ျပီးတင္းတိမ္တဲ႔အရာမ်ိဳးကိုစားပါ
စားမယ္လုိ႕ျကံလုိက္တာနဲ႕ကိုယ္တကယ္စားခ်င္တဲ႔အရာကိုသာဦးစားေပးစားပါ။ ဟိုဟာစားမလုိဒီဟာစားမလုိလုပ္ရင္းဗိုက္မျပည္႔ ၊ မတင္းတိမ္ပဲ က်န္တာေတြကို တစ္ခုခုျပီးတစ္ခုထပ္စားခ်င္စိတ္ေတြျဖစ္လာေစပါတယ္။ ဒီလိုကိစၥမ်ိဳးကိုလူေတာ္ေတာ္မ်ားမ်ားတစ္ခါမဟုတ္တစ္ခါေတာ႔ျကံုဖူးျကမွာပါ။ ကိုယ္စားခ်င္တာကိုတုိက္ရိုက္မစားပဲတစ္ျခားဟာေတြစားရင္းကေနမတင္းတိမ္ပဲ က်န္တာေတြပါ ဘာစားလုိ႕စားခ်င္မွန္းမသိလုိက္စားေနတာမ်ိဳးျဖစ္တတ္ျကပါတယ္။
ဆိုေတာ႔ ခဏခဏဆာျပီးတစ္ခုျပီးတစ္ခုစားကာ မလိုအပ္ပဲ၀ိတ္ေတြပိုတတ္လာေစျခင္းကကင္းေ၀းေစဖို႕ဒီနည္းေလးေတြကအနည္းငယ္ျဖစ္ျဖစ္အေထာက္ကူျပဳပါေစလို႕ဆုေတာင္းရင္း…

Unicode

ဗိုက်ဆာလို့ တကယ်ကို လိုလိုလားလားနဲ့စားဖို့လိုလို့စားတာဟာကိစ္စမရှိပင်မဲ့ ဒီတိုင်းမျက်စိဆာတာနဲ့လိုက်ပြီးတွေ့သမျှစားမိနေတာမျိုး၊ မဆာပဲအပိုတွေစားမိနေတာမျိုးတွေကြောင့်ခန္ဓာကိုယ်မှာ မလိုအပ်တဲ့အဆီပိုတွေဖြစ်လာစေတာမလို့ခဏခဏစားချင်နေတဲ့ ကိစ္စကြီးကိုဒီလိုနည်းလမ်းလေးတွေနဲ့ဖြေရှင်းကြည့်ရအောင်…
(၁) ပင်ပင်ပန်းပန်းတစ်ခုခုလုပ်ပြီးချိန်မှာရေအဝသောက်ပါ
ပင်ပင်ပန်းပန်းတစ်ခုခုလုပ်ပြီးတဲ့အချိန်မှာ ရေကိုအပြည့်ဝသောက်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ခဏခဏဆာလောင်ခြင်းဆိုတဲ့ အရာကြီးကဝင်လာတတ်တာမလို့ ပင်ပန်းနွမ်းနယ်နေချိန်မှာ ရေကိုပြည့်ဝလုံလောက်စွာသောက်သုံးခြင်းဟာ ခဏခဏဆာလောင်ခြင်းနဲ့အစားမကြာခဏစားမိခြင်းတွေရန်ကနေလွတ်မြောက်အောင်ကူညီပေးနိုင်ပါတယ်။
(၂) ပုံမှန်ထမင်းစားချိန်တွေမှာ အစာအာဟာရပြည့်ဝတဲ့အရာမျိုးကိုသာပြည့်ဝအောင်စားပါ
ပုံမှန်ထမင်းစားသောက်ရမဲ့အချိန်မှာ ပြည့်ဝပြီးအာဟာရကြွယ်ဝတဲ့အစားအစာမျိုးကိုသာရွေးချယ်စားသုံးသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ ဟိုမရောက်ဒီမရောက်နဲ့မပြည့်ဝတဲ့အစားစာတွေစားမိတဲ့အခါ ပြည့်ဝသွားခြင်းမရှိပဲခဏခဏ ဆာလောင်နေတတ်ပါတယ်။ ဗိုက်ဆာတာထက် ထပ်ပြီးတစ်ခုခုကို စားခြင်းနေတာမျိုးဖြစ်တတ်တာမို့ပုံမှန်ထမင်းစားချိန်တွေမှာပြည့်ဝစွာစားသုံးပေးပါ။
(၃) တကယ်ဆာမှသာစားပါ
တစ်ချို့ကဗိုက်ကတကယ်ဆာတာမျိုးမဟုတ်ပဲ မျက်စိကျပြီး မျက်စိဆာတာမျိုးပါ။ ခန္ဓာကိုယ်ကမတောင်းတပင်မဲ့ မျက်စိကတောင်းတာကြောင့်စားလိုက်မိတာမျိုးတွေရှိတတ်တာမလို့ဒီလိုမျက်စိဆာလို့အပိုတွေစားရင်းဝိတ်တတ်မခံပါနဲ့။
(၄) သင့်တော်တဲ့အချိန်တစ်ခုသတ်မှတ်ထားပြီး အဲ့အချိန်ဝန်းကျင်ကိုပုံမှန်စားပေးပါ
ပုံမှန်ဘယ်အချိန်လောက်ဆိုနေ့လည်စာ စားမယ် ဘယ်အချိန်မနက်စားစာမယ်စသည်ဖြင့် အကြမ်းပြင်အချိန်တစ်ခုသတ်မှတ်ထားပြီးစားသုံးပါ။ အစာစားချိန်မမှန်တာက ဆာလောင်စိတ်ကိုပိုမိုပြင်းပြစေပြီး တစ်ခြားအပိုစာတွေပါထပ်စားမိနိင်စေတာကြောင့် သင့်တော်တဲ့အချိန်တစ်ခုသတ်မှတ်ပြီး စားသုံးပါ။
(၅) ကိုယ်တကယ်ကြိုက်ပြီးတင်းတိမ်တဲ့အရာမျိုးကိုစားပါ
စားမယ်လို့ကြံလိုက်တာနဲ့ကိုယ်တကယ်စားချင်တဲ့အရာကိုသာဦးစားပေးစားပါ။ ဟိုဟာစားမလိုဒီဟာစားမလိုလုပ်ရင်းဗိုက်မပြည့် ၊ မတင်းတိမ်ပဲ ကျန်တာတွေကို တစ်ခုခုပြီးတစ်ခုထပ်စားချင်စိတ်တွေဖြစ်လာစေပါတယ်။ ဒီလိုကိစ္စမျိုးကိုလူတော်တော်များများတစ်ခါမဟုတ်တစ်ခါတော့ကြုံဖူးကြမှာပါ။ ကိုယ်စားချင်တာကိုတိုက်ရိုက်မစားပဲတစ်ခြားဟာတွေစားရင်းကနေမတင်းတိမ်ပဲ ကျန်တာတွေပါ ဘာစားလို့စားချင်မှန်းမသိလိုက်စားနေတာမျိုးဖြစ်တတ်ကြပါတယ်။
ဆိုတော့ ခဏခဏဆာပြီးတစ်ခုပြီးတစ်ခုစားကာ မလိုအပ်ပဲဝိတ်တွေပိုတတ်လာစေခြင်းကကင်းဝေးစေဖို့ဒီနည်းလေးတွေကအနည်းငယ်ဖြစ်ဖြစ်အထောက်ကူပြုပါစေလို့ဆုတောင်းရင်း…

41 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.