မင်းသမီး Son Ye Jin နဲ့တကယ်ပဲဒိတ်လုပ်နေလားဆိုတဲ့သတင်းကို Jung Hae In တုံ့ပြန်လိုက်ပုံက…
Unicode
“Pretty Noona Who Buys Me Food” ဇာတ်လမ်းတွဲက တွဲဖက်သရုပ်ဆောင်မင်းသမီးချော Son Ye Jin နဲ့ မင်းသားကိုပရိသတ်တွေအားလုံးကသဘောကျပြီး အပြင်မှာလည်းတကယ် စုံတွဲဖြစ်စေချင်ကြတဲ့သတင်းကပရိသတ်တိုင်းသိထားပြီးသားဖြစ်မှာပါ။ဒါပေမဲ့ သူတို့ဘက်က ဘာမှတုံ့ပြန်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။မကြာသေးခင်က အင်တာဗျူးတစ်ခုမှာတော့ မင်းသား Jung Hae In က မင်းသမီးချောနဲ့ဒိတ်သတင်း ကောလဟာလထွက်ရှိလာတဲ့အပေါ် အခုလိုပဲပြောပြခဲ့ပါတယ်။
“ကျွန်တော့်အနားမှာရှိတဲ့သူတွေက တစ်ခါတစ်လေမေးကြပါတယ်။ဘာလို့ မင်းတို့နှစ်ယောက် မတွဲတာလဲ?တကယ်လို့ မင်းတို့တွဲမယ်ဆိုရင်သူတို့က အမြဲအားပေးမှာ”ဆိုပြီးမေးကြ ပြောကြတာပါ။ကျွန်တော်နဲ့ အစ်မ Son Ye Jinတောင်ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောဖြစ်ကြပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ကရုပ်ရှင်ရိုက်တာပါ။တကယ့်အဖြစ်အပျက်မဟုတ်ပါဘူး။ အကုန်လုံးကသရုပ်ဆောင်ချက်တွေပါပဲ။ကျွန်တော်က အချိန်တိုင်း ဒီဇာတ်ရုပ်ကိုပီပြင်နစ်မျောအောင် ကြိုးစားခဲ့ပါတယ်။ပြီးတော့ ကျွန်တော်တို့နှစ်ယောက်လုံးရဲ ့သရုပ်ဆောင်ပီပြင်မှုကြောင့် အခုလိုအောင်မြင်စွာပြီးစီးသွားတဲ့ဇာတ်လမ်းတွဲဖြစ်လာခဲ့တာပါ။ဒါပေမဲ့ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။အခု ကျွန်တော်နဲ့ အစ်မ Ye Jin က ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးပြီးချိန်မှာလည်း ပိုပြီးရင်းနှီးလာခဲ့ပါတယ်။အခုချိန်ထိလည်း
လွတ်လွတ်လပ်လပ်တွေ့ဆုံစကားပြောနေတုန်းပါ။အစ်မ Ye Jin က ကျွန်တော်ထိတ်လန့်ပြီး စိတ်သက်တောင့်သက်သာ မဖြစ်ရတဲ့စီနီယာတစ်ယောက်မဟုတ်တော့ပါဘူး။အခု စကားလည်းပေါ့ပေ့ါပါးပါးပြောလို့ရသလို ကျွန်တော့်ရဲ ့စိတ်ကူး၊အတွေးတွေကိုလည်း နားထောင်ပေးတဲ့ရင်းနှီးတဲ့အစ်မတစ်ယောက်ဖြစ်နေပါပြီ။နောက်ထပ်လည်းကျွန်တော်တို့တွေဒီလိုလဲ လွတ်လပ်ပေါ့ပါးစွာဆက်သွယ်တွေ့ဆုံဖြစ်နေဦးမှာပါ”လို့ပြောခဲ့ပါတယ်။
ဒီကောလဟာလသတင်းနဲ့ပတ်သက်ပြီးမင်းသမီး Son Ye Jin ကိုမေးတဲ့အခါမှာလည်း မင်းသမီးက “ဒီသတင်းနဲ့ပတ်သက်ပြီးအခုဆိုရင် ကျွန်မကို လူတွေက ဒိတ်လုပ်နေပြီလား လို့တောင်မမေးပါဘူး။သူတို့က မင်းအခုတစ်ယောက်ယောက်ကိုတွဲနေတာ ဟုတ်တယ်မှတ်လား ဆိုပြီးတော့ပဲမေးပါတော့တယ်။ဒါမှမဟုတ်လည်းမင်းဒိတ်လုပ်နေပြီလို့ကြားတယ်”ဆိုပြီးပြောကြပါတယ်။သူတို့နှစ်ယောက်ရဲ့တကယ့်ပြင်ပဆက်ဆံရေးနဲ့ပတ်သက်ပြီးမေးတဲ့အခါမှာတော့ မင်းသမီးက “ဒီမေးခွန်းကိုကျွန်မအစား Jung Hae In ကိုဖြေစေချင်တယ်”ဆိုပြီးပဲပြောခဲ့ပါတယ်။
ပရိသတ်တွေက သူတို့စုံတွဲကို Ship နေကြပေမဲ့ သူတို့ကတော့ ရင်းနှီးတဲ့အနုပညာမောင်နှမတွေ အဖြစ်သာရှိနေတဲ့ပုံပါပဲ။ပရိသတ်ကြီးလည်း“Pretty Noona Who Buys Me Food” ဇာတ်လမ်းတွဲလေးမကြည့်ရသေးရင် ကြည့်လိုက်ပါဦးလို့ လက်တို့လိုက်ပါတယ်။
253 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.