ဒါကြောင့်လည်း McDonald’s ဆိုပြီး အမြဲနာမည်ကြီးနေတာကိုး…
Unicode
McDonald’s ဆိုရင် အမေရိကန်ရဲ ့နာမည်ကျော်စားသောက်ဆိုင်တစ်ခုမှန်းသိကြပါတယ်။ McDonald’s ဟာ 1940 ခုနှစ်ကတည်းက ကြက်ကြော်၊ဟမ်ဘာဂါစတဲ့ အမြန်ရအသင့်စားအစားအစာတွေ မှာယူစားသောက်နိုင်တဲ့ စားသောက်ဆိုင်တစ်ခုပါ။အခုဆိုရင် စားသောက်ဆိုင်ခွဲတွေများစွာပိုင်ဆိုင်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်နေပါပြီ။နောက်တစ်ခု နာမည်ကြီးတာကတော့ McDonald’s က ဝန်ထမ်းတွေကိုလစာပေးချေမှု ကောင်းမွန်တယ်ဆိုတာပါပဲ။
ခိုင်မာတဲ့သတင်းမီဒီယာအရ McDonald’s ရဲ ့ဝန်ထမ်းတစ်ယောက်စီရဲ ့လစာက ရဒေါ်လာကနေ ၁၂ဒေါ်လာအထိရပါတယ်တဲ့။ပုံမှန်ဆို ၈ဒေါ်လာ(မြန်မာငွေ 10,907.60 ကျပ်)ပေါ့။အမြန်အသင့်အစားအစာဝန်ထမ်းတစ်ယောက်ရဲ့ နိုင်ငံတကာပျမ်းမျှလစာက တစ်နာရီကို ၉ဒေါ်လာဖြစ်ပါတယ်။McDonald’s ရဲ ့ငွေစာရင်းကိုင်ကောင်တာဝန်ထမ်းကတော့ တစ်နာရီကို ၆ဒေါ်လာကနေ ၁၄ဒေါ်လာကြား၊ပျမ်းမျှ၈ဒေါ်လာရရှိပါတယ်။စီးပွားရေးဆိုင်ရာ သတင်း အချက်အလက် တွေအရ McDonald’s ရဲ ့ဝန်ထမ်းလစာပေးချေမှုဟာ အများဆုံးလစာငွေ ပေးချေတဲ့စားသောက်ဆိုင်တစ်ခုလည်းအပါအဝင်ဖြစ်တယ်လို့သိရပါတယ်။
McDonald’s ရဲ ့ဝန်ထမ်းတွေပြောစကားအရ “တကယ်လို့များ ပထမဆုံးအလုပ်အနေနဲ ့လျှောက်ဖို့စဉ်းစားထားမယ်ဆိုရင် McDonald’sမှာလျှောက်ဖို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာဆို အလွယ်တကူသင်ယူနိုင်ပြီးလူမျိုးစုံနဲ့လည်းတွေ့ဆုံကြုံတွေ့ရနိုင်ပါတယ် တဲ့။ပြီးတော့ ဒီဆိုင်ကဝန်ထမ်းတွေနောက်ထပ်အကျိုးကျေးဇူးတွေရနိုင်တာကတော့ အလုပ်ခွင်ဝင်ပြီး ရက် ၉ဝကြာရင် ပညာရေးအစီအစဉ်တစ်ခုမှာပါဝင်နိုင်ဖို့အခွင့်အရေးရှိပါတယ်။ စကောလားရှစ်တွေ၊အင်္ဂလိပ်စာသင်တန်းတွေ၊Hamburger University မှာသင်ကြားရမယ့် စီမံခန့်ခွဲရေးသင်တန်းတွေစသဖြင့်ပညာရေးအစီအစဉ်တွေလည်းရှိတဲ့အတွက် ဒီအလုပ်က အလုပ်ရှာနေတဲ့ကျောင်းပြီးခါစလူငယ်တွေ လျှောက်ထားသင့်တဲ့အလုပ်တစ်ခု
လည်းဖြစ်တယ်”လို့အကြံပေးထားကြပါတယ်။တစ်နှစ်သက်တမ်းရှိတဲ့ဝန်ထမ်းအတွက်လည်း အလုပ်မှအနားယူခွင့်ရက်တွေရနိုင်ပါသေးတယ်။
အဲ့ဒါကြောင့်ပဲ McDonald’s မှာအလုပ်လျှောက်ဖို့အဓိကအကြံပေးထားကြတာဖြစ်ပါတယ်။
35 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.