အစ်မရဲ့ခြေရာကို အမှီလိုက်တော့မယ့် Taeyeon ရဲ့ချစ်စရာညီမလေး

Taeyeon ရဲ့ ညီမလေးကတော့ သူမအသံပါဝါနဲ့ ပရိတ်သတ်တွေ အာရုံကိုဆွဲဆောင်သွားပြန်ပါပြီ။

Taeyeonရဲ့ညီမလေး Kim Hayeon ဟာ HAC Applied Music မှာ သီချင်းဆိုပြီးနောက်
အင်တာနက်သုံးစွဲသူများကြား ရေပန်းစားလို့နေပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တင်ထားခဲ့တဲ့ ဗီဒီယိုမှာတော့ သူမကိုသိပ်ပြီး သတိမထားမိကြသေးဘူး။

ဒါပေမယ့် Ellie Goulding ရဲ့ “Love Me Like You Do” သီချင်းကို ဆိုပြသွားတဲ့ သူမအသံနေ အသံထားဟာ သေချာလေ့ကျင့်ရင် အဆိုတော်တစ်ယောက်နီးနီးဖြစ်နိုင်ချေရှိပါတယ်။ သူမရဲ့ အင်္ဂလိပ်စကေးကလည်း တော်တော်ကောင်းတယ်။

https://www.youtube.com/watch?v=Q7Wpto9-wto

Image result for Taeyeon’s Sister Hayeon

Taeyeon ကတော့ သူမရဲ့ညီမလေးအတွက် ဂုဏ်ယူနေပါတယ်။ ပရိတ်သတ်တွေဆီက
မထင်မှတ်ထားတဲ့ အားပေးမှုတွေလည်း ရရှိခဲ့တယ်။ မကြာသေးခင်က သူအသစ်ထပ်ဆို
ထားတဲ့ Sabrina Carpenter ရဲ့ “Why” သီချင်းကို လည်း ပရိတ်သတ်တွေ နားဆင်နိုင်ဖို့
အတွက် ဗီဒီယိုလေးပါ ဖော်ပြပေးလိုက်တယ်နော်… SM Entertainment နဲ့ လေ့ကျင့်မှုတွေပြုလုပ်မယ်လို့လည်း သတင်းတွေထွက်လာပါသေးတယ်။

https://www.youtube.com/watch?v=a63kkn2nn10

598 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.