မင်းဟာသူ့အတွက်မရှိမဖြစ် Essential ဆိုတာ…

(၄) သင်နဲ့ရှိနေချိန်ဟာ ဘယ်လိုချိန်ပဲဖြစ်ဖြစ်သူ့အတွက်ပြီးပြည့်စုံတယ်

Unicode

လူတစ်ယောက်ကိုချစ်မိဖို့မခက်ပင်မဲ့ ဒီလူတစ်ယောက်လုံးကိုပဲကိုယ့်တစ်ဘဝလုံးအတွက်လိုအပ်နေတယ်ဆိုတာ မျိုးကခက်ခဲပါတယ်။ ဆိုတော့ ကိုယ့်ချစ်သူအတွက်ကိုယ်ကတကယ်ကိုမရှိမဖြစ် လိုအပ်တဲ့သူတစ်ယောက်လား ဆိုတာဘယ်အချက်တွေကနေသိစေနိုင်သလဲ…
(၁) ကိုယ့်အပေါ်ယုံကြည်တယ်
သင့်အပေါ်မှာသူများထက်ပိုယုံကြည်တတ်ကြပါတယ်။ သင်လုပ်တဲ့အရာတိုင်းဟာ အကျိုးရှိမယ်၊ အဆင်ပြေသွားမယ်ဆိုတဲ့ အကောင်းဘက်ကပဲတွေးမြင်တတ်ကြပါတယ်။
သင်တို့ဟာသူတို့အပေါ်ဘယ်တော့မှစိတ်ထိခိုက်အောင်နာကျင်အောင်မလုပ်ဖူးလို့အကြွင်းမဲ့ယုံကြည်ထားကြပြီး သင်တို့အပေါ်မှာယုံကြည်မှုတွေပြင်းထန်တတ်ကြပါတယ်။
(၂) ဘာဖြစ်ဖြစ်ရင်ဖွင့်ပြောပြတတ်တယ်
သူတို့ခံစားရသမျှသူတို့ကြုံတွေ့ရသမျှကိစ္စသေးသေးလေးကအစသင့်ကို မချွင်းမချန်ပြောပြတတ်ကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့သင်ဟာသူ့ဘဝအတွက်တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်ယောက်ဖြစ်တယ်လို့ယူဆတဲ့အပြင်သင့်ကို ဘာပဲဖြစ်ဖြစ်ပြောပြနေချင်နေတတ်ကြတာပါပဲ။
(၃) သူ့ရဲ့အကျင့်ဆိုးတွေကိုပေးသိတယ်
လူတိုင်းဟာကိုယ့်ရဲ့အကျင့်ဆိုးတွေကို သူများသိမှာကြောက်တတ်ကြပေမဲ့ကိုယ့်ချစ်သူကိုတော့သိထားစေချင်တတ်ကြပါတယ်။ ဒါဟာစိတ်ချင်းရင်းနှီးတာကိုပြတာမျိုးဖြစ်ပြီးကိုယ့်ရဲ့ရှက်စရာချို့ယွင်းချက်တွေကိုပါကိုယ့်ချစ်သူကိုပြောပြနေတတ်ကြတာပါပဲ။ ပြောရရင်လျို့ဝှက်ချက်မရှိပဲသိပ်ကိုပွင့်လင်းလာတယ်ဆိုတဲ့ ဆက်ဆံရေးမျိုးပေါ့။
(၄) သင်နဲဲ့ရှိနေချိန်ဟာ ဘယ်လိုချိန်ပဲဖြစ်ဖြစ်သူ့အတွက်ပြီးပြည့်စုံတယ်
သင်နဲ့ရှိနေရတဲ့အချိန်တိုင်းဟာသူ့အတွက်ဘယ်လိုနေနေပျော်ရွှင်စရာကောင်းနေတတ်တာမျိုးပါပဲ။ အကောင်းစားတွေစားပြီးအကောင်းစားနေရမှပျော်နေတာမျိုးမဟုတ်ပဲဘယ်နေရာရောက်ရောက်ဘယ်လိုအခြေနေမျိုးပဲနေနေ သင်နဲ့သာဆိုရင်ပျော်နေတတ်တာမျိုးပါ။
(၅) တစ်ခြားကောင်းတဲ့အရာတွေထက်သင့်ကိုပိုတန်ဖိုးထားတယ်
သူတို့ဘဝမှာသင့်ထက်ပိုပြီး ပြီးပြည့်စုံတဲ့လူမျိုးတွေရှိလာရင်တောင်သင့်ကိုဘယ်တော့မှ စွန့်ပစ်ဖို့မတွေးတတ်ကြပါဘူး။ သင်ဟာတစ်ခြားသူတွေအတွက် ရိုးရှင်းပင်မဲ့သူ့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက်ဖြစ်နေနိုင်ပါတယ်။
ဆိုတော့ဒီလိုအချက်မျိုးတွေနဲ့သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပြီဆိုရင်တော့ သူဟာသူ့ဘဝအတွက် တကယ့် Essential ပါပဲ…

321 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.