ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီးကဲ့ရဲ့တတ်ကြတဲ့သူတွေကိုဒီလိုတုန့်ပြန်သင့်
(၁) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင်ကြိုးစားပါ
Unicode
တစ်ချို့သောသူတွေဟာ လူတစ်ယောက်ကိုကြည့်ပြီးရုပ်ပိုင်ဆိုင်ရာအားဖြင့်ကဲ့ရဲ့ရှုံ့ချပြီးမခံချင်လာအောင်တွေပြောဆိုတတ်ပါတယ်။ ဒီလိုပြောဆိုမှုတွေကြောင့် မခံစားနိုင်တဲ့သူတွေဟာ စိတ်ဓာတ်တွေကျအားတွေငယ်ပြီးကိုယ့်ကိုယ်စိတ်ပျက်လာကာ ယုံကြည်မှုလျော့နည်းလာကြတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ ကဲ့ရဲ့တဲ့သူတွေကို အနို်င်ပေးလိုက်သလိုဖြစ်သွားပါပြီ၊ ဆိုတော့ကဲ့ရဲ့တတ်တဲ့သူတွေကိုဘယ်လိုအကောင်းဆုံးအနိုင်ယူသင့်သလဲဆိုတာ…
(၁) ကိုုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင်ကြိုးစားပါ
လူတစ်ယောက်ရဲ့တကယ့်စစ်မှန်တဲ့ အလှတရားတွေဆိုတာ ရင်ထဲကကြီးမားတဲ့မေတ္တာတရားနဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှုပါပဲ။ ဒါကြောင့် တစ်ပါးသူတွေပေါ်စိတ်ရင်းစေတနာကောင်းပြီး ကိုယ့်ဘဝကို ယုံကြည််မှုရှိရှိနဲ့နေထိုင်တတ်အောင်ကြိုးစားပါ။ သင့်ကိုသင်ယုံကြည်မှုရှိနေသမျှကာလပတ်လုံးလူတွေရဲ့ကဲ့ရဲ့သံဟာသင့်အတွက်တော့ ရယ်စရာတစ်ခုသာသာပါပဲ။
(၂) ကိုယ်ပိုင်ကျွမ်းကျင်တဲ့အရည်ချင်းတစ်ခုရှိအောင်ကြိုးစားပါ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ကကျွမ်းကျင်တတ်မြောက်တဲ့အရာတွေရှိနေဖို့လည်းလိုပါတယ်။ ဒါကြောင့်ကိုယ်တာဝန်ယူထားတဲ့နေရာတွေမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်အဖြစ်လှလှထည်ထည်လေးရှိနေနိုင်အောင်ကြိုးစားဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာဘုရားပေးတဲ့အပြင်ပိုင်းရုပ်ပိုင်းဆိုင်ရာဟာ ချို့ယွင်းအားနည်းနေရင်တောင် ပညာအရောင် စိတ်ထားအရောင်ကြောင့်လူကအလိုလိုနေရင်းထည်ဝါနေပါလိမ့်မယ်။
(၃) ကဲ့ရဲ့ချိန်တိုင်းရန်နဲ့မပြုတုန့်ပြန်ပါနဲ့
ကိုယ့်ကိုကဲ့ရဲ့တဲ့အချိန်တိုင်းမခံချင်စိတ်နဲ့တုန့်ပြန်ရန်ထောင်တာမျိုးမလုပ်ပါနဲ့။ ဒါဆိုကိုယ်ဟာသူတို့ပြောတာကိုလက်ခံလို့ဆိုတာမျိုးဖြစ်သွားပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုပေါ်တင်ပဲကဲ့ရဲ့ကဲ့ရဲ့ ကွယ်ရာမှာပဲပြောပြောရန်မထောင် စကားခြေတင်မပြောပဲအပြုံးနဲ့သာတုန့်ပြန်နိုင်ပါစေ။
(၄) ဂရုမစိုက်တဲ့ပုံစံမပြပါနဲ့
ဂရုမစိုက်တဲ့ပုံစံနဲ့ပဲနေပါ။ ကဲ့ရဲ့တဲ့စကားလုံးတိုင်းအပြောတိုင်းကို လိုက်Feel နေစရာမလိုပါဘူး။ သူတို့ပြောသမျှကိုလိုက်ဂရုစိုက်နေရင်သင်တစ်ပန်းရှုံးသွားတာမလို့ ကိုယ်ကိုယ့်ကိုယ်ယုံကြည်မှုရှိရှိနဲ့လုပ်သင့်လုပ်ထိုက်တာတွေကိုသာလုပ်ပါ။
(၅) ပြောင်းလဲယူဖို့လိုတာတွေကိုပြောင်းလဲယူပါ
ရုပ်ပိုင်းဆိုင်ရာလှခြင်းမလှခြင်းဆိုတာ ရှေးဘဝကကုသိုလ်နဲ့လည်းဆိုင်ပါတယ်။ ဒါကြောင့်ပြောင်းလဲယူလို့ရမဲ့အပိုင်းလောက်သာတတ်နိုင်သလောက်ကြိုးစားပြင်ယူပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထားပြီးရှေ့ဆက်ပါ။ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ကိုပြုပြင်ပြောင်းလဲသင့်တာပြောင်းလဲပြီး အတတ်နိုင်ဆုံးပျော်ရွှင်နေရတဲ့လူတစ်ယောက်အဖြစ်ဘဝကိုဖြတ်သန်းသင့်ပါတယ်။
149 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.