သင်တကယ်ချစ်တဲ့သူနဲ့စကားပြောနေရရင် ဒီလိုတွေဖြစ်နေတတ်ပါတယ်

လောကကြီးမှာ ရည်းစားတစ်ယောက်မှမထားဖူးတဲ့ရှင်းလင်းတဲ့ဘဝနဲ့သူတွေလည်းရှိမှာဖြစ်သလို ရည်းစားတွေ၊ပိုတန်ရှယ်တွေ၊အကျိုးအမြတ်ရှိတဲ့သူငယ်ချင်းတွေ သူငယ်ချင်းမကရည်းစားမကျတွေ၊ခဏတွဲသူတွေ၊ပြန်လိုချင်ရတဲ့ရည်းစားဟောင်းတွေ၊တိတ်တခိုးကြိတ်ချစ်မိနေတဲ့သူ၊မျက်စိကျမိနေသူတွေ၊လေးစားရာက crush မိနေရသူတွေ၊ဘဝမှာဘယ်တော့မှမေ့မှာမဟုတ်တဲ့ တစ်ယောက်သောသူ၊သူသာပြန်ချစ်ရင်လက်ထပ်ဖို့ထိကြံရွယ်ထားသူတစ်ယောက်.. စသဖြင့်များစွာသောသံယောဇဉ်ကြိုးတွေနဲ့အချစ်ရေးမှာအမြဲတမ်းရှုပ်ထွေးပွေလီနေသူတွေလည်းရှိမှာပါ။ လူဆိုတာက တစ်ခါတစ်လေကိုယ့်စိတ်ကိုယ်တောင်ဘာမှန်းမသိတဲ့အဖြစ်တွေရှိပါတယ်။ဟိုတစ်ယောက်နဲ့ရှိနေရရင်ပဲပျော်သလိုလို၊ဒီတစ်ယောက်ကိုပဲလွမ်းသလိုလို ဘာမှန်းမသိဖြစ်တတ်ပါတယ်။ကိုယ်ကသာကိုယ့်စိတ်ကိုယ်မသေချာပေမယ့်ကိုယ့်ရဲ့ Body language ကတော့ တစ်စုံတစ်ယောက်ကိုချစ်မိပြီဆိုရင် သင်္ကေတတွေကိုရှင်းလင်းပြတ်သားစွာပြတတ်ပါတယ်။ဒါကြောင့် ကိုယ်သူ့ကိုတကယ်ချစ်မိနေပြီလားဆိုတာ ဆုံးဖြတ်လို့ရအောင် သင်တကယ်ချစ်မိနေသူနဲ့အတူရှိရတဲ့အခါ ဖြစ်နေတတ်တဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

သူလုပ်သလိုလိုက်လုပ်မိနေမယ်

ကော်ဖီဆိုင်မှာစကားပြောနေကြတယ်ပဲဆိုပါတော့.. (Formal date တွေက များသောအားဖြင့်ကော်ဖီဆိုင်မှာပဲဒိတ်တတ်ကြတာလေနော်၊ First date မှာကိုအခြားတစ်နေရာရာမှာဒိတ်တယ်ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲလေနော်) စကားပြောရင်းနဲ့သူ့မျက်ဝန်းတွေပြုံးရယ်လာတဲ့အခါ ကိုယ်ပါလိုက်ပြုံးမိနေမယ်။သူကကော်ဖီတစ်ငုံယူသောက်လိုက်ရင်ကိုယ်ပါကော်ဖီခွက်ကိုလိုက်မပြီးသောက်မိနေမယ်။သူက စကားပြောရင်းနဲ့ နားရွက်ကိုကိုင်လိုက်ရင်ကိုယ်လည်းလိုက်ကိုင်မိမယ်။သူလုပ်သမျှကိုသင်ကပုံတူကူးပြီးလိုက်လုပ်မိနေမှာပါ။ ဒါဆိုရင်တော့ သူ့ကိုသင်တကယ်ချစ်နေပါပြီ။

 

ရှက်သွေးဖြာမယ်

အသားဖြူတဲ့သူဆိုရင် မျက်နှာကြီိးပါကောက်ခါငင်ခါနီလာမယ်။အသားညိုတဲ့သူဆိုရင်တော့ မျက်နှာသိသိသာသာပူနွေးလာတာခံစားရနိုင်တယ်။ အဲ့ဒါဆိုရင်တော့ သူ့ကိုသင်တကယ်ချစ်နေတာသေချာပါတယ်။

 

သူမကြိုက်တာတွေမလုပ်မိအောင်အလိုလိုသတိထားမိနေမယ်

သင်ကသူ့ကိုချစ်မိနေတာကိုသင့်နှလုံးသားကဦးနှောက်ကိုသတင်းပို့ထားပြီးသားပါ။ဒါကြောင့် သင်မသိလိုက်ရင်တောင်မှ သင့်ဦးနှောက်က သူမကြိုက်တာတွေမလုပ်မိအောင်သင့်ခန္ဓာကိုယ်ကိုအလိုလိုအမိန့်ပေးထားပြီးသားဖြစ်တာကြောင့် သူမကြိုက်လောက်တာတွေကိုမလုပ်မိအောင်သင်ကအလိုလိုသတိထားမိပြီးသားဖြစ်နေမှာပါ။

 

အယောင်ယောင်အမှားမှားတွေလုပ်မိမယ်

ဒါကတော့ဆယ်ကျော်သက်အရွယ်မှာဖြစ်တတ်တဲ့သဘောပါ။ ကိုယ်တကယ်ချစ်နေတဲ့သူရှေ့ရောက်ရင်ဘာလုပ်လို့လုပ်ရမှန်းမသိတော့၊ဘာမှလည်းမကြားတော့ပဲအယောင်ယောင်အမှားမှားတွေလုပ်တတ်တာက ချစ်ဖို့ကောင်းတဲ့ဖြူစင်တဲ့တုံ့ပြန်မှုဖြစ်ပါတယ်။လူကငယ်သေးတဲ့အချိန်မှာ ဦးနှောက်ထက် စိတ်ခံစားမှုကခန္ဓာကိုယ်ကိုပိုလွှမ်းမိုးထားတတ်တာကြောင့်လို့သိရပါတယ်။အသက်ကြီးလာချိန်မှာတော့ Brain က Control ခိုင်မာနေပြီဖြစ်လို့ ဒီလိုဖြစ်တာနည်းသွားပါတယ်။နှလုံးသားကအတွေ့အကြုံများလာတာလည်းပါမှာပေါ့လေ။

 

သင်ရယ်မောနေမယ်

တစ်ခါတစ်လေကိုယ်ရယ်နေတာကိုကိုယ့်ဘာသာသတိမထားလိုက်မိတာမျိုး၊သူ..အဝေးကြီးကနေလမ်းလျှောက်လာတာကိုမြင်တာနဲ့ပဲ “ခေါင်းလေးလှုပ်တာ၊လမ်းလျှောက်သွားတာ… ဆည်းလည်းသံလေးများလို…”ဆိုတဲ့သီချင်းလို အလိုလိုရင်တွေခုန်ပြီးပြုံးမိနေတာ (တော်ကြာ အက်ဒမင်ကိုယ်တွေ့လားလို့မေးနေကြဦးမယ် ဖြီးတာလေးတွေနည်းနည်းလျှော့မှ -__-) အဲဒီလိုတွေဖြစ်နေပြီိဆိုရင်တော့ အဲဒီအခိုက်အတန့်မှာ သင်က အဲဒီလူကိုအမှန်တကယ်ချစ်မြတ်နိုးမိနေတာဖြစ်ပါတယ်။

 

သူ့စကားတွေကိုမလွတ်တမ်းနားထောင်မိနေမယ်

ကိုယ်ချစ်တဲ့သူနဲ့ပက်သက်ရင်ဘာမဆိုသိချင်ကြတာသဘာဝပါ။ဒါပေမယ့် သူပြောလိုက်တဲ့စကားအခွန်းတိုင်းကိုမလွတ်တမ်းငေးမောနားထောင်မိနေမယ်၊ပြန်စဉ်းစားရင်လည်းအလွတ်ရနေမယ်ဆိုရင်တော့ သင်သူ့ကိုတကယ်ချစ်နေတာသေချာသထက်သေချာနေပါပြီ။

 

ဗေဒင်တွေဟောစာတမ်းတွေဖတ်တဲ့အခါ သူ့အတွက်ပါပိုဖတ်မိနေမယ်

လူတစ်ယောက်ကိုချစ်မိတဲ့အခါ ဘာလုပ်လုပ်သတိရနေမှာပါပဲ။ ဒီလိုပဲဗေဒင်တွေဘာတွေဖတ်တဲ့အခါလည်းယုံသည်ဖြစ်စေမယုံသည်ဖြစ်စေ သူ့နေ့နံကိုသိရင်ဒါမှမဟုတ်မွေးလကိုသိရင်သူ့အတွက်ပါပိုဖတ်မိနေတာမျိုး၊သူ့ကိုသွားပြလိုက်ချင်ပေမယ့်လည်း သူကဗေဒင်ယုံပါ့မလား၊စိတ်အနှောက်အယှက်များဖြစ်သွားမလား ဆိုတာမျိုး တွေးမိနေပြီဆိုရင် မြေကြီးကိုလက်နဲ့ပုတ်ရင်တောင်လွဲရင်လွဲဦးမယ် သင်သူ့ကိုချစ်နေပြီဆိုတဲ့အမှန်တရားကတော့ မလွဲတော့ပါဘူး။

 

Unicode Format
















0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.