ရထားေပၚမွာ ေဘးခ်င္းကပ္ထုိင္ခဲ႔မိရာကေန ေရႊလက္တြဲခဲ႔ၾကတဲ႔အထိဖူးစာဆံုခဲ႔ၾကတဲ႔ စံုတြဲ

ခရီးသြားတဲ႔အခါ ကုိယ့္ေဘးနားက လူမေခ်ာဘူးဆုိရင္ေတာ့ စကားမေျပာမိပါေစနဲ႔ေနာ္ 😜

ဖူးစာဆုိတာတကယ္မရွိဘူးလို႔ေျပာလာရင္ ဒီျဖစ္ရပ္မွန္ဇာတ္လမ္းေလး နဲ႔သာျပန္ျငင္းလိုက္ပါ။ ျဖစ္ရပ္မွန္ ဇာတ္လမ္းတစ္ပုဒ္ကုိ စာဖတ္သူေတြအတြက္ျပန္ျပီးမ်ွေ၀ေပးမွာျဖစ္ျပီးဒီဇာတ္လမ္းက Reader’s digest မွာေဖာ္ျပထားတဲ႔ Anne Hill ဆုိသူ အမ်ိဳးသမီးစာေရးဆရာရဲ ႔ေဆာင္းပါးပဲျဖစ္ပါတယ္။မီးရထားစီးရင္း ေဘးခ်င္းကပ္ထုိင္ခဲ႔တဲ႔ ေကာင္ေလးနဲ႔ေကာင္မေလး ေနာက္ထပ္ႏွစ္ႏွစ္ၾကာတဲ႔အခါ ဇနီးေမာင္ႏံွေတြျဖစ္သြားခဲ႔တဲ႔ အေၾကာင္း ျပန္လည္ေျပာျပထားတာပါ။

ဇာတ္လမ္းကေတာ့…၁၉၅၀ ခုနွစ္အလယ္ပုိင္းေလာက္မွာ ကြ်န္မ ယူအက္စ္ျပည္နယ္ Clevelandမွာရွိတဲ ႔ေဆြမ်ိဳးေတြဆီမီးရထားစီးျပီးအလည္သြားခဲ႔ပါတယ္။အဲ႔ဒီအခ်ိန္တုန္းက ေက်ာင္းျပီးခါစျဖစ္ျပီးရံုးစာေရးနဲ႔လက္ေရးတိုကြ်မ္းက်င္သူတစ္ေယာက္အျဖစ္အလုပ္စလုပ္ေနခ်ိန္ပါ။အျပန္ခရီးမွာေတာ့မ်က္ေစာင္းထုိးခံုတန္းမွာထုိင္ေနတဲ႔လူငယ္စစ္သားေကာင္ေလးနဲ႔ေကာင္မေလးတစ္ေယာက္ စကားလက္ဆံုက်ေနတာကုိျမင္ခဲ႔ရပါတယ္။သူတုိ႔ကုိၾကည့္ရတာအခုမွရထားေပၚမွာ စေတြ႔တာျဖစ္ျပီး ခရီးလမ္းေၾကာင္းခ်င္းလည္းတူပံုမရပါ။ေနာက္ေတာ့ ထုိအမ်ိဳးသမီးေလး နယူးေယာ့ခ္၊Rochesterျမိဳ႔မွာဆင္းသြားခဲ႔ပါတယ္။သူနဲ႔ေဘးခ်င္းကပ္ထုိင္ေနတဲ႔စစ္သားအမ်ိဳးသား က ရုပ္ရည္လည္းေခ်ာေမာလို႔ ကြ်န္မလည္းသတိမျပဳမိပဲမေနႏုိင္ခဲ႔ပါဘူး။

ခဏၾကာေတာ့ သူက ကြ်န္မကုိင္ထားတဲ႔ရထားအခ်ိန္စာရင္းကုိ ၾကည့္လုိ႔ရမလားေမးျပီး ကြ်န္မရဲ႔ ေဘးခံုမွာလာထုိင္ခဲ႔ပါတယ္။အဲ႔ဒီေနာက္သူ႔ကုိကြ်န္မအေဒၚထည့္ေပးလုိက္တဲ႔ေန႔လည္စာအတူစားဖုိ႔ ဖိတ္ေခၚလိုက္ပါတယ္။ျပီးေတာ့ ကြ်န္မရဲ႔ ခရီးဆံုးအရပ္ Onieda ေရာက္တဲ႔အထိ
စကားေတြေတာက္ေလ်ွာက္ေျပာလာခဲ႔ပါတယ္။သူက ရထားနဲ႔သြားရင္ ၂နာရီေလာက္ၾကာတဲ႔ Albany ျမိဳ႔ေလးမွာေနတာပါ။ျပီးေတာ့သူ ကြ်န္မကုိဆက္သြယ္မယ္ေျပာလို႔ လိပ္စာခ်င္းလဲလွယ္ခဲ႔ၾကပါတယ္။

တစ္ပတ္ၾကာတဲ႔အထိ သူ႔ဆီက ဘာသံမွမၾကားပါဘူး။အဲ႔ဒါေၾကာင့္ သူေတာ့ကြ်န္မကုိေမ့သြားျပီ ထင္တယ္လို႔ေတြးမိခဲ႔ပါတယ္။အဲ႔ဒီ အပတ္စေနေန႔လည္းေရာက္ေရာ ရင္းႏွီးတဲ႔အသံတစ္ခုျဖစ္တဲ႔ သူ႔ဆီကဖုန္းဆက္လာခဲ႔ပါတယ္။သူနဲ႔အတူရုပ္ရွင္ၾကည့္နုိင္မလားလို႔ေမးခဲ႔တာပါ။Oneida ကုိ
သူေရာက္လာခဲ႔ျပီး ကြ်န္မတို႔ Kallet ရုပ္ရွင္ရံုမွာ On the Waterfront ဇာတ္ကား အတူၾကည့္ခဲ႔ၾကပါတယ္။

သူ႔ရဲ ႔စစ္အားလပ္ခြင့္အတြင္း ကြ်န္မတို႔ေတြ႔ဆံုျဖစ္ခဲ႔ၾကပါတယ္။ျပီးေတာ့ သူက ျပည္ပကုိ ေစလႊတ္ခံခဲ႔ရပါတယ္။ေနာက္ထပ္ ႏွစ္အနည္းငယ္အၾကာမွာေတာ့ သူနဲ႔ကြ်န္မခ်စ္သူေတြ ျဖစ္ကာ သူ႔ရဲ ႔အားလပ္ခြင့္တုိင္း ကြ်န္မဆီလာလည္ခဲ႔ပါတယ္။၁၉၅၇ခုႏွစ္မွာေတာ့ လက္ထပ္ခဲ႔ၾကပါတယ္။ ကြ်န္မတို႔ေတြ၅၅ႏွစ္ေက်ာ္ေအာင္အတူတူရွိေနခဲ႔ပါတယ္။သမီးသံုးေယာက္လည္းရျပီး အခုဆုိရင္ေျမးေတြလည္းရေနပါျပီ။

Cleveland ျမိဳ႔ကုိခရီးမထြက္လာခင္လြန္ခဲ့တဲ႔ႏွစ္အနည္းငယ္ကေတာ့ ကြ်န္မကုိ ရထားေပၚမွာေတြ႔တဲ႔လူစိမ္းေတြနဲ႔ ဘယ္ေတာ့မွစကားမေျပာမိဖုိ႔ သတိေပးခံခဲ႔ရဖူး ပါတယ္။အဲ႔ဒီစကားကုိနားမေထာင္ခဲ့မိတဲ႔အတြက္ ကြ်န္မအရမ္းကုိ၀မ္းသာမိပါတယ္ “ဆုိတာေလးပါပဲ။

ဒီဇာတ္လမ္းေလးကျဖစ္ရပ္မွန္ဇာတ္လမ္းေလးကုိ ျပန္ျပီးေရးဖြဲ႔ထားတာပါ။စာဖတ္သူေတြေရာ ဖူးစာဆုိတာကုိယံုရဲ႔လား?

Unicode

ခရီးသွားတဲ့အခါ ကိုယ့်ဘေးနားကလူမချောဘူးဆိုရင်စကားမပြောမိပါစေနဲ့နော် 😛

ဖူးစာဆိုတာတကယ်မရှိဘူးလို့ပြောလာရင် ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေး နဲ့သာပြန်ငြင်းလိုက်ပါ။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို စာဖတ်သူတွေအတွက်ပြန်ပြီးမျှဝေပေးမှာဖြစ်ပြီးဒီဇာတ်လမ်းက Reader’s digest မှာဖော်ပြထားတဲ့ Anne Hill ဆိုသူ အမျိုးသမီးစာရေးဆရာရဲ ့ဆောင်းပါးပဲဖြစ်ပါတယ်။မီးရထားစီးရင်း ဘေးချင်းကပ်ထိုင်ခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး နောက်ထပ်နှစ်နှစ်ကြာတဲ့အခါ ဇနီးမောင်နှံတွေဖြစ်သွားခဲ့တဲ့ အကြောင်း ပြန်လည်ပြောပြထားတာပါ။

ဇာတ်လမ်းကတော့…၁၉၅၀ ခုနှစ်အလယ်ပိုင်းလောက်မှာ ကျွန်မ ယူအက်စ်ပြည်နယ် Clevelandမှာရှိတဲ ့ဆွေမျိုးတွေဆီမီးရထားစီးပြီးအလည်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက ကျောင်းပြီးခါစဖြစ်ပြီးရုံးစာရေးနဲ့လက်ရေးတိုကျွမ်းကျင်သူတစ်ယောက်အဖြစ်အလုပ်စလုပ်နေချိန်ပါ။အပြန်ခရီးမှာတော့မျက်စောင်းထိုးခုံတန်းမှာထိုင်နေတဲ့လူငယ်စစ်သားကောင်လေးနဲ့ကောင်မလေးတစ်ယောက် စကားလက်ဆုံကျနေတာကိုမြင်ခဲ့ရပါတယ်။သူတို့ကိုကြည့်ရတာအခုမှရထားပေါ်မှာ စတွေ့တာဖြစ်ပြီး ခရီးလမ်းကြောင်းချင်းလည်းတူပုံမရပါ။နောက်တော့ ထိုအမျိုးသမီးလေး နယူးယော့ခ်၊Rochesterမြို့မှာဆင်းသွားခဲ့ပါတယ်။သူနဲ့ဘေးချင်းကပ်ထိုင်နေတဲ့စစ်သားအမျိုးသား က ရုပ်ရည်လည်းချောမောလို့ ကျွန်မလည်းသတိမပြုမိပဲမနေနိုင်ခဲ့ပါဘူး။

ခဏကြာတော့ သူက ကျွန်မကိုင်ထားတဲ့ရထားအချိန်စာရင်းကို ကြည့်လို့ရမလားမေးပြီး ကျွန်မရဲ့ ဘေးခုံမှာလာထိုင်ခဲ့ပါတယ်။အဲ့ဒီနောက်သူ့ကိုကျွန်မအဒေါ်ထည့်ပေးလိုက်တဲ့နေ့လည်စာအတူစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ပြီးတော့ ကျွန်မရဲ့ ခရီးဆုံးအရပ် Onieda ရောက်တဲ့အထိ
စကားတွေတောက်လျှောက်ပြောလာခဲ့ပါတယ်။သူက ရထားနဲ့သွားရင် ၂နာရီလောက်ကြာတဲ့ Albany မြို့လေးမှာနေတာပါ။ပြီးတော့သူ ကျွန်မကိုဆက်သွယ်မယ်ပြောလို့ လိပ်စာချင်းလဲလှယ်ခဲ့ကြပါတယ်။

တစ်ပတ်ကြာတဲ့အထိ သူ့ဆီက ဘာသံမှမကြားပါဘူး။အဲ့ဒါကြောင့် သူတော့ကျွန်မကိုမေ့သွားပြီ ထင်တယ်လို့တွေးမိခဲ့ပါတယ်။အဲ့ဒီ အပတ်စနေနေ့လည်းရောက်ရော ရင်းနှီးတဲ့အသံတစ်ခုဖြစ်တဲ့ သူ့ဆီကဖုန်းဆက်လာခဲ့ပါတယ်။သူနဲ့အတူရုပ်ရှင်ကြည့်နိုင်မလားလို့မေးခဲ့တာပါ။Oneida ကို
သူရောက်လာခဲ့ပြီး ကျွန်မတို့ Kallet ရုပ်ရှင်ရုံမှာ On the Waterfront ဇာတ်ကား အတူကြည့်ခဲ့ကြပါတယ်။

သူ့ရဲ ့စစ်အားလပ်ခွင့်အတွင်း ကျွန်မတို့တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ပြီးတော့ သူက ပြည်ပကို စေလွှတ်ခံခဲ့ရပါတယ်။နောက်ထပ် နှစ်အနည်းငယ်အကြာမှာတော့ သူနဲ့ကျွန်မချစ်သူတွေ ဖြစ်ကာ သူ့ရဲ ့အားလပ်ခွင့်တိုင်း ကျွန်မဆီလာလည်ခဲ့ပါတယ်။၁၉၅ရခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ ကျွန်မတို့တွေ၅၅နှစ်ကျော်အောင်အတူတူရှိနေခဲ့ပါတယ်။သမီးသုံးယောက်လည်းရပြီး အခုဆိုရင်မြေးတွေလည်းရနေပါပြီ။

Cleveland မြို့ကိုခရီးမထွက်လာခင်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတော့ ကျွန်မကို ရထားပေါ်မှာတွေ့တဲ့လူစိမ်းတွေနဲ့ ဘယ်တော့မှစကားမပြောမိဖို့ သတိပေးခံခဲ့ရဖူး ပါတယ်။အဲ့ဒီစကားကိုနားမထောင်ခဲ့မိတဲ့အတွက် ကျွန်မအရမ်းကိုဝမ်းသာမိပါတယ် “ဆိုတာလေးပါပဲ။

ဒီဇာတ်လမ်းလေးကဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြန်ပြီးရေးဖွဲ့ထားတာပါ။စာဖတ်သူတွေရော ဖူးစာဆိုတာကိုယုံရဲ့လား?

320 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.