ႏႈတ္ခမ္းနီမေလးေတြအသည္းႏွလံုး Park Bo Gum အေၾကာင္း စုမိသမ်ွ 😍

ဒါေလးေတြသိထားသင့္ပါတယ္။Park Bo Gum ရဲ ႔Fan girl မွန္ရင္ေပ့ါ <3 ေတာင္ကုိရီးယားႏုိင္ငံရဲ ႔အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ႔ Park Bo Gum ဆုိရင္မသိတဲ႔သူ မရွိၾကပါဘူး။မိန္းကေလးပရိသတ္ေတြရဲ ႔အသည္းႏွလံုးအျဖစ္”Moonlight Drawn by Clouds” ဇာတ္လမ္းတြဲက သူ႔ကုိပ႔ံပုိးေပးႏိုင္ခဲ႔ပါတယ္။အဲ႔ဒီဇာတ္လမ္းတြဲနဲ႔ ေတာက္ေလ်ွာက္အာရံုစုိက္ခံ၊ပရိသတ္ေတြသေဘာက်ႏွစ္သက္ခံခဲ့ရတဲ႔ ခ်စ္စရာေကာင္ေလး Park Bo Gum မွာ ပရိသတ္ေတြမသိေသးတဲ႔ဒီလုိအခ်က္ေလးေတြရွိေနပါတယ္။

၁)ပထမဆံုး Park Bo Gum ရဲ ႔နာမည္အဓိပၸာယ္ေလးကိုေျပာရမယ္ဆုိရင္ျဖင့္ “အဖိုးထုိက္တန္လြန္းတဲ႔ဓား”လို႔အဓိပၸာယ္ရပါတယ္တဲ႔။ဘယ္ေလာက္
ထက္ျပီး ဘယ္ေလာက္အဖုိးတန္ေအာင္ျမင္ေနလဲဆုိတာ အခုပဲၾကည့္ပါေတာ့။

၂)ေမြးခ်င္းသံုးေယာက္ရွိျပီး အငယ္ဆုံးသားျဖစ္ပါတယ္။သူ႔ကုိၾကည့္ရတာ အျမဲေပ်ာ္ရႊင္ တက္ၾကြေနေပမဲ႔ သူ႔ရဲ႔ ဘ၀က နည္းနည္းေတာ့စိတ္မေကာင္းစရာပါ။သူသံုးတန္းအရြယ္ တည္းက အေမျဖစ္သူဆံုးသြားခဲ႔တာပါတဲ႔ 😞

၃)တကယ္ေတာ့ Park Bo Gum က အဆုိေတာ္သီခ်င္းေရးဆရာတစ္ေယာက္ျဖစ္ခ်င္ခဲ႔တာပါတဲ႔။ အသက္ ငါးႏွစ္အရြယ္တည္းက စႏၵရားတီးတာကုိသင္ယူခဲ႔တဲ႔ကေလးေလးပါ။ျပီးေတာ ့စႏၵရားတီးျပီးသီခ်င္းဆုိထားတဲ႔ဗီဒီယိုေတြကုိလည္း နာမည္ေက်ာ္ေအဂ်င္စီေတြပုိ႔ခဲ႔ဖူးသလို ကမ္းလွမ္းမႈေတြလည္းရခဲ႔ဖူးပါတယ္။ေနာက္မွ သရုပ္ေဆာင္ေလာကထဲကုိ ၀င္ေရာက္ခဲ႔တာ ျဖစ္ပါတယ္။

၄)သူ႔ရဲ ႔ၾကင္နာမႈ၊ခ်ိဳသာမႈနဲ႔အေကာင္းျမင္တတ္တဲ႔စိတ္ေလးေတြေၾကာင့္ ကုိရီးယားႏုိင္ငံမီဒီယာ ေတြက သူ႔ကုိဆုိ “National Man of Good Influence”လုိ႔ေတာင္ နာမည္ေပးထား ၾကပါတယ္။သူက ပရိသတ္ေတြကုိလည္းအရမ္းတန္ဖိုးထားျပီး အျမဲေက်းဇူးတင္ေနတတ္တဲ႔ မင္းသားတစ္လက္လည္းျဖစ္ပါတယ္ 😍

၅)Park Bo Gum က ခရစ္ယာန္ဘာသာ၀င္တစ္ေယာက္ျဖစ္ျပီး ဘုရားေက်ာင္းမွာ မၾကာခဏဆုိသလုိ စႏၵရားတီးေပးေလ့ရွိပါတယ္တဲ႔။

၆)ထူးထူးျခားျခား သူနဲ႔ရုပ္ခ်င္းဆင္တဲ႔ အႏုပညာရွင္တစ္ေယာက္လည္းရွိေနပါတယ္။သူကေတာ့ Lee Hyun Woo ပါ။သူတု႔ိနွစ္ေယာက္က အသက္လည္းရြယ္တူျဖစ္ျပီး ရုပ္ခ်င္းကလည္းဆင္လို ႔ညီအစ္ကုိေတြလို႔ေျပာရင္ယံုေလာက္ပါတယ္။ျပီးေတာ့ Lee Hyun Woo က Bo Gum ရဲ ႔အႏုပညာရွင္စီနီယာတစ္ေယာက္လည္းျဖစ္ပါတယ္။သူတို႔က တကၠသိုလ္ဖြင့္ပြဲမွာစေတြ႔ခဲ႔ၾက တာျဖစ္ျပီးသူငယ္ခ်င္းေတြလည္းျဖစ္ပါေသးတယ္။အင္တာဗ်ဴးေတြမွာဆုိလည္း
တစ္ေယာက္အေၾကာင္းတစ္ေယာက္ထည့္ေျပာေလ့ရွိပါတယ္တဲ႔ <3 Bromance

၇)Park Bo Gum ဟာ ရုပ္ရည္တင္ျပည့္စံုတာမဟုတ္ပါဘူး။စိတ္သေဘာထားလည္းေႏြးေထြး ေကာင္းမြန္သူပါ။သူနဲ႔ရုပ္ရွင္ရုိက္ဖူးတဲ႔တြဲဖက္သရုပ္ေဆာင္တုိင္းသူဘယ္ေလာက္ေႏြးေထြးျပီးစိတ္သေဘာထားျဖဴစင္ရုိးသားတယ္ဆိုိတဲ႔အေၾကာင္းေျပာျပေလ့ရွိပါတယ္။

၈)အထက္တန္းေက်ာင္းကတည္းက ဘယ္သူနဲ႔မွ်မတြဲခဲ႔ဖူးပါဘူးတဲ႔။အဟင္းး ကုိယ့္ Crush ဆယ္လီက single ဆုိတာ ဘယ္သူကမၾကိဳက္ပဲေနမလဲေနာ္ 🤭

၉)Park Bo Gum ဟာရထားစီးရတာကုိလည္းႏွစ္သက္တဲ႔အေၾကာင္းပရိသတ္ေတြ႔ဆံုပြဲ တစ္ခုမွာေျပာျပခဲ႔ဖူးပါတယ္။ပရိသတ္ေတြရဲ ႔အခ်စ္ေတြေၾကာင့္မၾကာခဏလည္း ၀မ္းသာမ်က္ရည္က်ခဲ႔ဖူးပါတယ္ 😍

၁၀)ေနာက္ဆံုးအခ်က္ကေတာ့ ဘယ္လုိဇာတ္ရုပ္မ်ိဳးမွာမဆုိ ပီျပင္ေအာင္၊အံ၀င္ခြင္က်ျဖစ္ေအာင္ သရုပ္ေဆာင္ႏုိင္တာပါပဲ။“Coin Locker Girl” ၊“I Remember You” ၊ “Reply 1988” ၊ “Moonlight Drawn By Clouds” စတဲ႔ဇာတ္ကားေတြမွာသူ႔ရဲ႔ဇာတ္ရုပ္နဲ႔လိုက္ဖက္စြာ သရုပ္ေဆာင္ႏုိင္တာကုိပရိသတ္ေတြျမင္ေတြ႔ရမွာပါ။အဲ႔ဒါေၾကာင့္လည္း ပရိသတ္ေတြရဲ ႔အားေပးမႈေတြအျမဲတမ္းရရွိေနတာပါ။

သူ႔ရဲ႔နာမည္ၾကီးခဲ႔တဲ႔ Bombastic သီခ်င္းေလးနဲ႔အကေလးလည္း ျပန္ျပီးမ်ွေ၀လိုက္ပါတယ္။

Unicode

ဒါလေးတွေသိထားသင့်ပါတယ်။Park Bo Gum ရဲ ့Fan girl မှန်ရင်ပေ့ါ <3 တောင်ကိုရီးယားနိုင်ငံရဲ ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Park Bo Gum ဆိုရင်မသိတဲ့သူ မရှိကြပါဘူး။မိန်းကလေးပရိသတ်တွေရဲ ့အသည်းနှလုံးအဖြစ်”Moonlight Drawn by Clouds” ဇာတ်လမ်းတွဲက သူ့ကိုပ့ံပိုးပေးနိုင်ခဲ့ပါတယ်။အဲ့ဒီဇာတ်လမ်းတွဲနဲ့ တောက်လျှောက်အာရုံစိုက်ခံ၊ပရိသတ်တွေသဘောကျနှစ်သက်ခံခဲ့ရတဲ့ ချစ်စရာကောင်လေး Park Bo Gum မှာ ပရိသတ်တွေမသိသေးတဲ့ဒီလိုအချက်လေးတွေရှိနေပါတယ်။

၁)ပထမဆုံး Park Bo Gum ရဲ ့နာမည်အဓိပ္ပာယ်လေးကိုပြောရမယ်ဆိုရင်ဖြင့် “အဖိုးထိုက်တန်လွန်းတဲ့ဓား”လို့အဓိပ္ပာယ်ရပါတယ်တဲ့။ဘယ်လောက်
ထက်ပြီး ဘယ်လောက်အဖိုးတန်အောင်မြင်နေလဲဆိုတာ အခုပဲကြည့်ပါတော့။

၂)မွေးချင်းသုံးယောက်ရှိပြီး အငယ်ဆုံးသားဖြစ်ပါတယ်။သူ့ကိုကြည့်ရတာ အမြဲပျော်ရွှင် တက်ကြွနေပေမဲ့ သူ့ရဲ့ ဘဝက နည်းနည်းတော့စိတ်မကောင်းစရာပါ။သူသုံးတန်းအရွယ် တည်းက အမေဖြစ်သူဆုံးသွားခဲ့တာပါတဲ့ 😞

၃)တကယ်တော့ Park Bo Gum က အဆိုတော်သီချင်းရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့တာပါတဲ့။ အသက် ငါးနှစ်အရွယ်တည်းက စန္ဒရားတီးတာကိုသင်ယူခဲ့တဲ့ကလေးလေးပါ။ပြီးတော ့စန္ဒရားတီးပြီးသီချင်းဆိုထားတဲ့ဗီဒီယိုတွေကိုလည်း နာမည်ကျော်အေဂျင်စီတွေပို့ခဲ့ဖူးသလို ကမ်းလှမ်းမှုတွေလည်းရခဲ့ဖူးပါတယ်။နောက်မှ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

၄)သူ့ရဲ ့ကြင်နာမှု၊ချိုသာမှုနဲ့အကောင်းမြင်တတ်တဲ့စိတ်လေးတွေကြောင့် ကိုရီးယားနိုင်ငံမီဒီယာ တွေက သူ့ကိုဆို “National Man of Good Influence”လို့တောင် နာမည်ပေးထား ကြပါတယ်။သူက ပရိသတ်တွေကိုလည်းအရမ်းတန်ဖိုးထားပြီး အမြဲကျေးဇူးတင်နေတတ်တဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ် 😍

၅)Park Bo Gum က ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဘုရားကျောင်းမှာ မကြာခဏဆိုသလို စန္ဒရားတီးပေးလေ့ရှိပါတယ်တဲ့။

၆)ထူးထူးခြားခြား သူနဲ့ရုပ်ချင်းဆင်တဲ့ အနုပညာရှင်တစ်ယောက်လည်းရှိနေပါတယ်။သူကတော့ Lee Hyun Woo ပါ။သူတို့နှစ်ယောက်က အသက်လည်းရွယ်တူဖြစ်ပြီး ရုပ်ချင်းကလည်းဆင်လို ့ညီအစ်ကိုတွေလို့ပြောရင်ယုံလောက်ပါတယ်။ပြီးတော့ Lee Hyun Woo က Bo Gum ရဲ ့အနုပညာရှင်စီနီယာတစ်ယောက်လည်းဖြစ်ပါတယ်။သူတို့က တက္ကသိုလ်ဖွင့်ပွဲမှာစတွေ့ခဲ့ကြ တာဖြစ်ပြီးသူငယ်ချင်းတွေလည်းဖြစ်ပါသေးတယ်။အင်တာဗျူးတွေမှာဆိုလည်း
တစ်ယောက်အကြောင်းတစ်ယောက်ထည့်ပြောလေ့ရှိပါတယ်တဲ့ <3 Bromance

၇)Park Bo Gum ဟာ ရုပ်ရည်တင်ပြည့်စုံတာမဟုတ်ပါဘူး။စိတ်သဘောထားလည်းနွေးထွေး ကောင်းမွန်သူပါ။သူနဲ့ရုပ်ရှင်ရိုက်ဖူးတဲ့တွဲဖက်သရုပ်ဆောင်တိုင်းသူဘယ်လောက်နွေးထွေးပြီးစိတ်သဘောထားဖြူစင်ရိုးသားတယ်ဆိိုတဲ့အကြောင်းပြောပြလေ့ရှိပါတယ်။

၈)အထက်တန်းကျောင်းကတည်းက ဘယ်သူနဲ့မျှမတွဲခဲ့ဖူးပါဘူးတဲ့။အဟင်းး ကိုယ့် Crush ဆယ်လီက single ဆိုတာ ဘယ်သူကမကြိုက်ပဲနေမလဲနော် 🤭

၉)Park Bo Gum ဟာရထားစီးရတာကိုလည်းနှစ်သက်တဲ့အကြောင်းပရိသတ်တွေ့ဆုံပွဲ တစ်ခုမှာပြောပြခဲ့ဖူးပါတယ်။ပရိသတ်တွေရဲ ့အချစ်တွေကြောင့်မကြာခဏလည်း ဝမ်းသာမျက်ရည်ကျခဲ့ဖူးပါတယ် 😍

၁၀)နောက်ဆုံးအချက်ကတော့ ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆို ပီပြင်အောင်၊အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တာပါပဲ။“Coin Locker Girl” ၊“I Remember You” ၊ “Reply 1988” ၊ “Moonlight Drawn By Clouds” စတဲ့ဇာတ်ကားတွေမှာသူ့ရဲ့ဇာတ်ရုပ်နဲ့လိုက်ဖက်စွာ သရုပ်ဆောင်နိုင်တာကိုပရိသတ်တွေမြင်တွေ့ရမှာပါ။အဲ့ဒါကြောင့်လည်း ပရိသတ်တွေရဲ ့အားပေးမှုတွေအမြဲတမ်းရရှိနေတာပါ။

သူ့ရဲ့နာမည်ကြီးခဲ့တဲ့ Bombastic သီချင်းလေးနဲ့အကလေးလည်း ပြန်ပြီးမျှဝေလိုက်ပါတယ်။

114 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.