ကုိရီးယားႏုိင္ငံေကေပါ့ပ္အဆုိေတာ္ေတြကုိယ္စား ထုိင္းႏုိင္ငံမွာ သမုိင္းတြင္ေစခဲ႔တဲ႔ YoonA 💛

နာမည္ေက်ာ္ေကေပါ့ပ္အဖြဲ႔တစ္ခုျဖစ္တဲ႔ Girls’ Generation အဖြဲ႔၀င္ YoonA (Im Yoon-ah)ဟာဆုိရင္ျဖင့္ ထုိင္းႏုိင္ငံမွာ ေကေပါ့ပ္အဆိုေတာ္ေတြကုိဂုဏ္တက္ေစခဲ႔
တဲ႔သူတစ္ေယာက္၊သမိုင္းတြင္ေစခဲ႔တဲ႔သူတစ္ေယာက္ျဖစ္ခဲ႔ပါျပီ။

YoonA ဟာ ျပီးခဲ႔တဲ႔လက ဆုိးလ္မွာ ပရိသတ္ေတြ႔ဆံုပြဲလုပ္ျပီး ဘန္ေကာက္၊တုိက်ိဳ၊ အိုဆာကာ၊ေဟာင္ေကာင္က ပရိသတ္ေတြ ကုိေတြ႔ဆံုဖို႔စီစဥ္ထားခဲ႔တာျဖစ္ပါတယ္။ ဘယ္လုိဂုဏ္တက္ေစခဲ႔တာလဲဆုိရင္  ဇူလိုင္ ၇ရက္ေန႔၊ထုိင္းႏုိင္ငံ၊ဘန္ေကာက္ျမိဳ႔၊Thunder Dome ရံုမွာျပဳလုပ္မယ့္ပရိသတ္ေတြ႔ဆံုပြဲမွာ ထုိင္ခံုလက္မွတ္ေတြအားလံုးေရာင္းခ်ႏုိင္ခဲ႔လိုက္တာ ပဲျဖစ္ပါတယ္။ပရိသတ္ေတြအတြက္စုစုေပါင္း ထုိင္ခံု အလံုး ၃၈၀၀ ေရာင္းခ်ႏုိင္ခဲ႔တာပါ။ဇြန္လ ၉ရက္ေန႔ကစတင္ေရာင္းခ်ခဲ႔တာျဖစ္ျပီးအခိ်န္တိုအတြင္းမွာအားလံုးကုန္သြားတာပဲျဖစ္ပါတယ္။ ဒါကုိၾကည့္ျခင္းအားျဖင့္ YoonA ရဲ ႔ပရိသတ္ေတြက နုိင္ငံတကာမွာရွိေနတယ္ဆိုတာ
ျမင္ေတြ႔ႏုိင္ပါတယ္။YoonA ဟာ ဇူလိုင္ ၇ရက္ေန႔မွာ ထုိင္းပရိသတ္ေတြနဲ႔ေတြ႔ဆံုမွာျဖစ္ျပီး သူမဟာ ထုိင္းႏုိင္ငံမွာ ပရိသတ္ေတြ႔ဆံုပြဲအတြက္ လက္မွတ္အားလံုးကုန္ေအာင္ေရာင္းထြက္ႏုိင္ခဲ ႔တဲ႔ပထမဆံုးကုိရီးယား အမ်ိဳးသမီး အႏုပညာရွင္လည္းျဖစ္ပါတယ္။

ဂီတဘက္တင္မက သရုပ္ေဆာင္ပုိင္းကိုပါ ၾကိဳးစားလုပ္ေဆာင္္ေနတဲ႔ YoonA ဟာ အခုလက္ရွိ “EXIT”ဆုိတဲ႔ဇာတ္ကားမွာ ပါ၀င္ရုိက္ကူးဖုိ႔လက္ခံထားျပီးေႏြရာသီမွာစတင္ ရုိက္ကူးမွာ ျဖစ္ပါတယ္။ ရုပ္ရွင္ဇာတ္လမ္းတြဲမွာဆုိရင္ သူမကုိ K2ဇာတ္ကားနဲ႔ပုိျပီးလူသိမ်ားခဲ႔တာပါ။ ကုိရီးယားတင္မက သူမဟာ တရုတ္ဇာတ္လမ္းတြဲျဖစ္တဲ႔ God of War, Zhao Yun ဇာတ္ကားနဲ႔လည္းတရုတ္ႏုိင္ငံကပရိသတ္ေတြသေဘာက်ႏွစ္သက္တဲ႔အႏုပညာရွင္
မင္းသမီးတစ္လက္ျဖစ္ခဲ႔ပါေသးတယ္။

မၾကာေသးခင္က သူမရဲ႔ေမြးေန႔မွာလည္း တရုတ္ႏုိင္ငံကပရိသတ္ေတြက သူမရဲ႔နာမည္နဲ႔စာသင္ေက်ာင္း ေတာင္ေဆာက္လုပ္ေပးခဲ႔တယ္လို႔သိရပါတယ္။ ႏုိင္ငံတလႊားကပရိသတ္ေတြအားေပးမႈကုိရရွိထားတဲ႔ အဆိုေတာ္သရုပ္ေဆာင္မေလးပါပဲ <3

Congratulations YoonA !

Unicode

နာမည်ကျော်ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် YoonA (Im Yoon-ah)ဟာဆိုရင်ဖြင့် ထိုင်းနိုင်ငံမှာ ကေပေါ့ပ်အဆိုတော်တွေကိုဂုဏ်တက်စေခဲ့
တဲ့သူတစ်ယောက်၊သမိုင်းတွင်စေခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါပြီ။

YoonA ဟာ ပြီးခဲ့တဲ့လက ဆိုးလ်မှာ ပရိသတ်တွေ့ဆုံပွဲလုပ်ပြီး ဘန်ကောက်၊တိုကျို၊ အိုဆာကာ၊ဟောင်ကောင်က ပရိသတ်တွေ ကိုတွေ့ဆုံဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဘယ်လိုဂုဏ်တက်စေခဲ့တာလဲဆိုရင် ဇူလိုင် ရရက်နေ့၊ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊Thunder Dome ရုံမှာပြုလုပ်မယ့်ပရိသတ်တွေ့ဆုံပွဲမှာ ထိုင်ခုံလက်မှတ်တွေအားလုံးရောင်းချနိုင်ခဲ့လိုက်တာ ပဲဖြစ်ပါတယ်။ပရိသတ်တွေအတွက်စုစုပေါင်း ထိုင်ခုံ အလုံး ၃၈၀၀ ရောင်းချနိုင်ခဲ့တာပါ။ဇွန်လ ၉ရက်နေ့ကစတင်ရောင်းချခဲ့တာဖြစ်ပြီးအချိန်တိုအတွင်းမှာအားလုံးကုန်သွားတာပဲဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် YoonA ရဲ ့ပရိသတ်တွေက နိုင်ငံတကာမှာရှိနေတယ်ဆိုတာ
မြင်တွေ့နိုင်ပါတယ်။YoonA ဟာ ဇူလိုင် ရရက်နေ့မှာ ထိုင်းပရိသတ်တွေနဲ့တွေ့ဆုံမှာဖြစ်ပြီး သူမဟာ ထိုင်းနိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲအတွက် လက်မှတ်အားလုံးကုန်အောင်ရောင်းထွက်နိုင်ခဲ ့တဲ့ပထမဆုံးကိုရီးယား အမျိုးသမီး အနုပညာရှင်လည်းဖြစ်ပါတယ်။

ဂီတဘက်တင်မက သရုပ်ဆောင်ပိုင်းကိုပါ ကြိုးစားလုပ်ဆောင််နေတဲ့ YoonA ဟာ အခုလက်ရှိ “EXIT”ဆိုတဲ့ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖို့လက်ခံထားပြီးနွေရာသီမှာစတင် ရိုက်ကူးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွဲမှာဆိုရင် သူမကို K2ဇာတ်ကားနဲ့ပိုပြီးလူသိများခဲ့တာပါ။ ကိုရီးယားတင်မက သူမဟာ တရုတ်ဇာတ်လမ်းတွဲဖြစ်တဲ့ God of War, Zhao Yun ဇာတ်ကားနဲ့လည်းတရုတ်နိုင်ငံကပရိသတ်တွေသဘောကျနှစ်သက်တဲ့အနုပညာရှင်
မင်းသမီးတစ်လက်ဖြစ်ခဲ့ပါသေးတယ်။မကြာသေးခင်က သူမရဲ့မွေးနေ့မှာလည်း တရုတ်နိုင်ငံကပရိသတ်တွေက သူမရဲ့နာမည်နဲ့စာသင်ကျောင်းတောင်
ဆောက်လုပ်ပေးခဲ့တယ်လို့သိရပါတယ်။

နိုင်ငံတလွှားကပရိသတ်တွေအားပေးမှုကိုရရှိထားတဲ့ အဆိုတော်သရုပ်ဆောင်မလေးပါပဲ <3

Congratulations YoonA !

118 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.