လေယာဉ်မယ်တစ်ယောက်မှာရှိသင့်တဲ့ အရည်ချင်းလက္ခဏာများနဲ့ ရှောင်ရန်အချက်များ

လေယာဉ်မယ်အလုပ်ဆိုရင်တော့ နေ့တိုင်း ခရီးတွေသွားနေရမယ်။ ခရီးသွားရတာကို ကြိုက်နှစ်သက်သူဆိုရင် ၊ လေယာဉ်မယ် အလုပ်ကိုလည်း ဝါဿနာပါတယ်ဆိုရင် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။

လေယာဉ်မယ်တစ်ယောက်ရဲ့ဘဝဟာ ပျော်ရွှင်စရာလည်းကောင်းသလို ၊ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတွေလည်း ရှိတယ်။ လေယာဉ်မယ်တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကတော့ –

Image result for beautiful flight attendant

ကြည့်ကောင်းဖို့လို
မျက်နှာကျပုံပန်းသဏ္ဍာန်ဟာ အရမ်းမချောရင်တောင် ကြည့်ကောင်းဖို့လိုပါတယ်။ လှပကြော့ရှင်းတဲ့ မျက်နှာအသွင်မျိုးနဲ့ နှုတ်ခမ်းနီဟာ မပါမဖြစ် အမြဲဆိုးထားသင့်တဲ့ စည်းကမ်း နံပါတ်တစ်ပဲဖြစ်ပါတယ်။

ကြံ့ခိုင် သာမန်
ပေါင် (၅ဝ)ကို ကြမ်းပေါ်ကနေ အသာလေး မနိုင်ဖို့လိုပြီး (၂၂)ပေါင်ကို ခေါင်းပေါ်ကျော်သည်ထိ မနိုင်ဖို့လိုပါတယ်။

ဆေးလိပ်မသောက်ရ
အနည်းဆုံး (၆)လအတွင်း နီကိုတင်းဓာတ်ကင်းအောင် နေထိုင်ဖို့လိုပါတယ်။ ဆေးလိပ်လုံးဝသောက်လို့မရပါဘူး။ ဒါကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။

ပါးစပ်အပေါက်မဖောက်ရ
လျှာမှာပဲဖြစ်ဖြစ် ၊ ပါးစပ်နှုတ်ခမ်းနားတစ်ဝှိက်မှာပဲဖြစ်ဖြစ် အပေါက်ဖောက် ၊ အလှဆင်တာမျိုးတွေ လုပ်ခွင့်မရှိပါဘူး။ လေယာဉ်မယ်တစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့မကိုက်ညီဘူးလို့သတ်မှတ်ပါတယ်။

Image result for flight attendant

သဘာဝဆံကေသာ
ဆံပင်အရောင်ဟာ သဘာဝတိုင်းပဲဖြစ်ရပါမယ်။ ဆံပင်အမြင့်ထုံးခြင်း ကျစ်ဆံမြှီးဆံပင် မျိုးလက်ခံခြင်းမရှိ။ ဆံပင်ကိုသပ်ရပ်စွာ အနောက်မှာပဲထုံးထားရပါတယ်။

တက်တူးမထိုးရ
ခြေထောက်မှာ တက်တူးထိုးခွင့်မရှိပါဘူး။ မမြင်ရတဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းဆို ဘာမှမဖြစ်ပေမယ့် ခြေထောက်တို့ လက်တို့မှာ တက်တူးထိုးခွင့်ပိတ်ပင်ထားပါတယ်။

လက်စွပ်
လက်စွပ်အများကြီး ဝတ်ဆင်လို့မရပါဘူး။ လက်စွပ်ကို ၂ကွင်းထက်ပိုပြီး ဝတ်ဆင်လို့မရဘူးလို့ တားမြစ်ထားပါတယ်။

Concealer အမြဲဆောင်ထား
လေယာဉ်မယ်တစ်ယောက်ရဲ့မျက်နှာဟာ ကြည့်လိုက်တာနဲ့ ကြည်လင်ပြီး အမည်းစက်ကင်း လှပနေဖို့လိုပါတယ်။ အမာရွတ်၊ ဝက်ခြံနဲ့ အခြားအမည်းစက်တွေ ၊ မျက်ကွင်းညိုတာတွေကို ဖုံးကွယ်ဖို့အတွက် Concealer ဆောင်ထားဖို့လိုပါတယ်။

Single
လေယာဉ်မယ်တစ်ယောက်ဟာ Single ဖြစ်ဖို့လိုတယ်ဆိုတာတော့ သိလောက်ပါတယ်။

ဖော်ပြပါ အချက်တွေကိုသာ လိုက်နာစောင့်ထိန်းနိုင်မယ်ဆိုရင်တော့ လေယာဉ်မယ်တစ်ယောက်လုပ်ဖို့ တစ်ဝက်လောက်အောင်မြင်နိုင်ပါပြီ။

218 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.