ကီဝီသီးနဲ့ပတ်သက်လို့ ဒီအချက်ကိုတော့ မဖြစ်မနေသိထားစေချင်
Unicode
ကီဝီသီးကြိုက်သူလေးတွေရှိလား?တကယ်လို့များကီဝီသီးဝယ်လာပြီး အခွံခွာစားတော့မယ်ဆိုရင် တစ်ချက်တော့ပြန်ပြီးစဉ်းစားစေချင်ပါတယ်။ဘာကိုစဉ်းစားရမှာလဲဆိုတော့ အခွံခွာမခွာပါ။ကီဝီသီးရဲ ့အခွံတွေက သိတဲ့အတိုင်းပါးပါးလေးတွေပါ။အဲ့ဒါကြောင့် အဲ့ဒီအခွံလေးတွေကိုမခွာပဲလည်း
စားလို့ရပါတယ်တဲ့။ပြီးတော ့ဒီလိုအခွံနဲ့စားတားက သင့်အတွက်ကောင်းကျိုးတွေလည်းရပါတယ်။
ကီဝီသီးအခွံက ပါးလျပေမဲ့ အခွံပါစားမယ်ဆိုရင် အခွံခွာစားတာထက် အမျှင်ဓာတ် သုံးဆတောင် ပိုပြီးရရှိမှာပါ။အမျှင်ဓာတ်များတာက အစာအိမ်နဲ့အစာချေဖျက်စနစ်အတွက်ကောင်းမွန်စေ ပါတယ်။ပြီးတော့ အခွံမှာ ဗီတာမင်စီဓာတ်လည်းပါဝင်လို့ တော်ရုံရောဂါလောက်က အပျော့ပါ။ပြီးတော့ အိုမင်းရင့်ရော်မှုလည်းနှေးကွေးစေပြီး ပုံမှန်စားပေးမယ်ဆိုရင် အသားအရည်လည်းလှပလာစေပါတယ်။
တစ်ခုသတိထားရမှာကတော့ ကီဝီသီးကိုအခွံမခွာပဲစားဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ရေနဲ့သေချာ ဆေးကြောသန့်စင်ဖို့မမေ့ပါနဲ့။ကီဝီသီးက သူ့အတိုင်းလည်းအရသာရှိသလို ပျားရည်၊ကီဝီ၊Pecan ဆလတ်နဲ့ရောစပ်စားတာမျိုး၊တစ်ခြားအစားအစာတွေနဲ့ရောစပ်ချက်ပြုတ်စားသောက်တာမျိုးကလည်း ပိုပြီးအရသာရှိပါတယ်လို့ အကြံလေးပေးလိုက်ပါရစေ။
175 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.