ရေမချိုးပဲနေရင် သင့်ခန္ဓာကိုယ်မှာ ဒါတွေဖြစ်လာမယ်

ရေချိုးပျင်းသူလေးတွေ လက်ညိုးထောင်။ဆယ့်နှစ်ရာသီရေချိုးပျင်းတဲ့လူတန်းစားကသပ်သပ်ကိုရှိနေတာပါ။ ရေချိုးမယ်ကြံရင် မနေ့ကရေချိုးထားလားဆိုတာ သေချာစဉ်းစားပြီးမှ မချိုးထားတာသေချာမှ ချိုးဖို့လေးတိလေးကန်နဲ့ကြိုးစားတာမျိုး။ရေချိုးခန်းစောင့်နတ်နဲ့ရန်ဖြစ်ထားသလားမှတ်ရလောက်အောင် ရေချိုးပျင်းတာမျိုး။ ရေချိုးပျင်းသူလေးတွေအတွက် ရေမချိုးပဲနေရင်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။ဒါတောင်မှ ဆက်ပြီးပျင်းနေသေးရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော်။

 

ပိုးမွှားတွေအရေပြားမှာပွားများလာမယ်

ဟုတ်ပါတယ်။ အရေပြားဆိုတာမျိုးကရေချိုးခြင်းနဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ အရာပါ။ ရေမချိုးတော့ဘူးဆိုရင် အရေပြားမှာဆဲလ်အသေတွေစုပုံလာမယ်။ဆဲလ်အသေတွေကိုမှီတင်းနေထိုင်တဲ့ပိုးမွှားတွေလည်းတစ်နေ့ထက်တစ်နေ့များပြားလာမယ်။ ရက်အနည်းငယ်မှာမသိသာသေးပေမယ့် ရက်အတန်ကြာရေမချိုးပဲနေမယ်ဆိုရင်တော့ အရေပြားပေါ်မှာ ချေးကြောင်းတွေထင်နေပြီး တိုက်ရချွတ်ရခက်ခဲလာမှာပါ။

 

အနံ့အသက်ဆိုးရွားလာမယ်

ရေမချိုးပါဘူးဆိုမှ အနံ့အသက်ကတော့ဆိုးပြီပေါ့။ လူတွေဟာတစ်နေ့တစ်နေ့ချွေးမထွက်ရင်တောင် အရေပြားကထွက်တဲ့အဆီဆိုတာရှိပါတယ်။ရေချိုးတိုက်ချွတ်ခြင်းမပြုရင်အဲဒီအဆီတွေက ခန္ဓာကိုယ်ပေါ်မှာစုပုံလာပြီး အနံ့ဆိုးတွေဖြစ်ပေါ်စေပါတယ်။

 

အရေပြားခြောက်သွေ့ယားယံလာမယ်

အရေပြားပေါ်မှာ ပိုးမွှားတွေနဲ့အဆီတွေ၊ချေးတွေစုပြုံလာတဲ့အခါ အရေပြားကအသက်ရှုလို့မရတော့ပါဘူး ဒါကြောင့် အသက်ရှုလို့မရတဲ့အရေပြားဟာ ခြောက်သွေ့ယားယံလာမှာအမှန်ပါ။ ဆောင်းတွင်းဆိုအက်ကွဲလာပါလိမ့်မယ်။ ကံမကောင်းရင် အရေပြားမှိုတွေစွဲကပ်ပြီး အရေပြားကင်ဆာလိုအရာမျိုးတွေတောင်ဖြစ်သွားနိုင်ပါတယ်။ အဲဒီအချိန်ရောက်မှဆိုရင် များသောအားဖြင့်ဘာမှလုပ်လို့မရတော့ပါဘူး။ဒါကြောင့် ရေပုံမှန်ချိုးပြီး အရေပြားကို အလှဆီိတွေအစိုဓာတ်ထိန်းခရင်မ်တွေလိမ်းပေးခြင်းနဲ့ ကုသသင့်ပါတယ်။

 

ဝက်ခြံတွေနေရာအနှံ့ပေါက်လာမယ်

ကျွမ်းကျင်တဲ့ အရေပြားကုဆရာဝန်တွေရဲ့ပြောကြားချက်အရ ရေမချိုးတာဟာ ဝက်ခြံတွေကိုဖိတ်ခေါ်နေတာပါပဲတဲ့။ ရေမချိုးတာနှစ်ရက်သုံးရက်လောက်ရှိရင်ကို ဝက်ခြံတွေကအလိုလိုပေါက်လာတော့တာပါ။ ရေမချိုးတာထိုက်သင့်သလောက်ကြာသွားပြီဆိုတာနဲ့ ဝက်ခြံတွေကသင့်ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာပြူထွက်လာကြတော့မှာဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ရေချိုးခြင်းဟာခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပြီး ရေမချိုးတဲ့အခါ ခန္ဓာကိုယ်အပူချိန်က တက်လာတာကြောင့် ဝက်ခြံတွေအလျိုလျိုထွက်လာတာပါ။

 

 

အရေပြားတွေနီရဲယောင်ယမ်းပြီး ကွာကျလာမယ်

ဒါကတော့ အရေပြားယားယံခြင်းရဲ့အကျိုးဆက်ပါ။ အရေပြားတွေယားတော့ကုတ်မယ်ဖဲ့မယ်ခြစ်မယ် အားပါရင်ပါသလောက်အရေပြားတွေနီရဲမယ်၊အရေခွံတွေလန်မယ်၊သွေးစို့မယ်၊ကုတ်ရင်ကုတ်သလောက် ပိုးတွေကဘေးကအရေပြားတွေကိုပါပျံ့နှံ့ပြီး ကူးစက်လာမယ်။ ကြောက်စရာကောင်းတဲ့အနေအထားဖြစ်ပြီး ကြည့်ရလည်းဆိုးပါတယ်။ခံရတဲ့လူတွေမှာလည်းမသက်သာပါဘူး။ ဒါကြောင့်ဒီလိုအခြေအနေထိမရောက်ခင်ရေမှန်မှန်ချိုးကြဖို့တိုက်တွန်းလိုက်ရပါတယ်။

 

Unicode Format












543 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.