ငိုကြွေးခြင်းက သင့်ခန္ဓာကိုယ်ကိုဒီလိုတွေသက်ရောက်မှုဖြစ်စေပါတယ်

လောကကြီးက ငိုချင်စရာကြီးပါပဲ။သိပ်ပျော်နေတတ်တဲ့လူတွေဆိုတာ ရင်ထဲမှာငိုနေတတ်သူတွေပါ။ ငိုကြွေးခြင်းမှာဘာမှအမှားမရှိပါဘူး။ ငိုလိုက်လို့အရာအားလုံးအဆင်ပြေသွားမယ်ဆိုရင် ထိုင်ထိုင်ပြီးငိုပဲနေတော့မယ် လို့ ပြောဖူးတဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူဟာလည်းသူချစ်တဲ့ အမျိုးသမီးလေးရဲ့ ပခုံးပေါ်ခေါင်းအပ်ပြီးငိုခဲ့ဖူးတာပါပဲ။ငိုကြွေးခြင်းက ကိုယ်တို့ရဲ့ခန္ဓာကိုယ်တွေပေါ်ဒီိလိုတွေသက်ရောက်မှုဖြစ်စေပါတယ်။

 

လေ့ကျင့်ခန်းလုပ်လိုက်သလိုပဲ

ဒါကတော့ ငိုတဲ့ပုံစံနဲ့ဆိုင်ပါတယ်။ငိုတဲ့နေရာမှာ ခန္ဓာကိုယ်ဘာမှမလှုပ်မရှားပဲ ချောင်လေးမှာကပ်နေပြီး တအိအိရှိုက်နေတတ်တဲ့သူဆိုရင်တော့ ဘာမှမဘာပဲငိုရတာနဲ့တင်ပဲမောတာပဲအဖတ်တင်ပါလိမ့်မယ်။ ဝုန်းဒိုင်းကြဲပြီးငိုတတ်သူ လှုပ်လှုပ်ရှားရှားငိုတတ်သူ၊ကုတင်ကိုထုထုပြီိးငိုတာတို့ဘာတို့လုပ်တတ်သူဆိုရင်တော့ လေ့ကျင့်ခန်းလုပ်လိုက်သလိုဖြစ်တာမို့ ကယ်လိုရီတွေတောင်ကျစေပါတယ်တဲ့။ငိုရမယ့်အတူတူ ခန္ဓာကိုယ်လှအောင်ငိုသင့်ပါတယ်နော်။

 

မေးရိုးကြွက်သားတွေကိုသေးသွယ်စေတယ်

Botox ထိုးလိုက်သလိုတော့သေးသွယ်သွားမှာမဟုတ်ပါဘူး။ဒါကလည်းငိုတဲ့ပုံနဲ့ဆိုင်တာပါပဲ။ မျက်ရည်တွေပဲတွေတွေကျနေတတ်ပြီး ဘာမှမလှုပ်ရှားသူဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ အော်ကြီးဟစ်ကျယ်နဲ့ငိုတတ်သူဆိုရင်တော့ ငိုတိုင်းမှာ ပါးစပ်တစ်ဝိုက်ကကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်နေပြီး မေးရိုးသေးသွယ်သွားနိုင်ချေရှိပါတယ်။ မေးရိုးသွယ်ချင်ရုံနဲ့တော့ငိုဖို့မလိုပါဘူး V shape ဖြစ်အောင်လေ့ကျင့်ခန်းတွေရှိပေသားပဲ။အဲ့ဒါလေးတွေအချိန်မှန်လုပ်ပေးသွားလို့ရပါတယ်။ငိုရတဲ့နေ့တွေနဲ့ကြုံရင်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင်တတ်နိုင်သမျှများများအော်ငိုပေါ့။

 

မျက်ဝန်းကိုကြည်လင်လှပစေတယ်

မငိုတတ်တဲ့မျက်ဝန်းတွေဟာ မလှတတ်ဘူးတဲ့ မောင်ပြောဖူးပါတယ် တူနှဲ့တယ်နှယ်ဆိုတဲ့ ခေတ်ဟောင်းသီချင်းလေးကြားဖူးကြမယ်ထင်ပါတယ်။မကြားဖူးရင်လည်း ကြားဖူးသယောင်ခေါင်းလေးတစ်ညိတ်ညိတ်လုပ်နေလိုက်ပါ။ ငိုလိုက်ခြင်းအားဖြင့် မျက်လုံးတွေကိုမျက်ရည်တွေနဲ့ဆေးကြောပေးလိုက်သလိုဖြစ်စေပြီး သင့်မျက်ဝန်းတွေကိုကြည်လင်လှပစေပါတယ်တဲ့။

 

သင့်စိတ်ခံစားမှုကို ကောင်းမွန်စေတယ်

အကြာကြီိးငိုပြီးသွားရင် သင့်စိတ်ထဲမှာရှိနေတဲ့ စိတ်ရှုပ်ထွေးနောက်ကျစရာတွေအားလုံးဟာ မျက်ရည်တွေနဲ့မျောပါသွားသလိုခံစားရစေပါလိမ့်မယ်။လူတွေဟာတစ်ခါတစ်လေမှာ စိတ်ဖိစီးမှုတွေသိပ်များနေတဲ့အခါ ငိုရမှာတောင်မေ့နေတတ်ကြပါတယ်။ အဲဒီလိုအချိန်မှာ ကိုယ်ချစ်တဲ့လူတစ်ယောက်ယောက်ကိုရင်ဖွင့်ပြီးငိုလိုက်ခြင်းအားဖြင့် သင့်စိတ်ထဲကစိတ်ညစ်စရာတွေလျော့ပါးသွားပြီိးစိတ်ခံစားမှုကိုအကောင်းဘက်ကိုပြောင်းလဲရောက်ရှိစေပါတယ်။ တစ်ယောက်တည်းတော့မငိုစေချင်ပါဘူး။ဆေးပညာစမ်းသပ်စစ်ဆေးချက်တွေအရ တစ်ယောက်တည်းငိုတတ်သူ ဆယ်ယောက်မှာ သုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတတ်ကြတာဖြစ်လို့ပါပဲ။

 

မှန်ကန်တဲ့လမ်းကိုမြင်စေတယ်

တစ်ခါတစ်လေ စိတ်တွေအရမ်းရှုပ်လွန်းနေတဲ့ အချိန်မှာ ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာကိုတွေးလို့မရအောင် overwhelmed ဖြစ်သွားတာမျိုးဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် အချိန်ယူပြီးအေးဆေးငိုလိုက်ပြီးချိန်မှာဆို ခံစားချက်တွေလျော့ပါးသွားချိန်မှာဦးနှောက်ရဲ့စကားကနားထဲဝင်လာစေပါတယ်။ဒါကြောင့် ငိုပြီးအိပ်ပျော်သွားပြီးချိန်မှာဆို ရှေ့ဆက်သွားဖို့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချလို့ရစေပြီးအဲဒီလိုဆုံးဖြတ်ချက်တွေဟာလည်း ခိုင်မာတတ်ပါတယ်။

ဒါတွေကတော့ ငိုကြွေးခြင်းကကိုယ်တို့ခန္ဓာကိုယ်နဲ့ဘဝကိုဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်စေသလဲဆိုတာပါ။ တစ်ခုပြောစရာရှိတာကယောက်ျားလေးရယ်မိန်းကလေးရယ်မဟုတ်ပါဘူး။လူတိုင်းငိုတတ်ကြတာမို့ ငိုတာဟာ မိန်းကလေးတွေအတွက်သီးသန့််ချည်းပဲမဟုတ်ပါဘူး။ ကိုယ့်ချစ်သူယောက်ျားလေးက ငိုကြွေးနေခဲ့မယ်ဆိုရင်လည်း မလှောင်ပဲ နှစ်သိမ့်ပေးစေချင်ပါတယ်။အဲ့ဒါကသင်တို့ရဲ့အချစ်ရေးကိုပိုမိုနက်ရှိုင်းခိုင်မြဲစေပါလိမ့်မယ်။

Unicode Version













247 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.