တစ္စံုတစ္ေယာက္ကိုသက္ဆံုးတုိင္တကယ္ပိုင္ဆိုင္ခ်င္တဲ႔အခါ

လူတစ္ေယာက္ဆီကျကိုက္နွစ္သက္ျခင္းကိုခံရဖုိ႕၊ လူတစ္ေယာက္ဆီကခ်စ္စကားျကိုက္စကားေတြအေျပာခံရဖို႕ လြယ္ပင္မဲ႔ လူတစ္ေယာက္ရဲ႕စစ္မွန္တဲ႔ခ်စ္ျခင္းေမတၱာနဲ႕ဒီလူရဲ႕တစ္ဘ၀လံုးကို
သက္ဆံုးတုိင္ပိုင္ဆုိင္နုိ္င္ဖုိ႕ဆိုတာ သိပ္ကိုခက္ခဲလွတဲ႔အရာပါပဲ။ ဆုိေတာ႔သင္ခ်စ္တဲ႔သူတစ္ေယာက္ရဲ႕ေမတၱာေတြေရာသူ႕ဘ၀တစ္ခုလံုးကိုပါအမွန္တကယ္ပိုင္ဆိုင္ခ်င္တယ္ဆုိရင္ေတာ႔သင္႔မွာဒီလိုစိတ္ဓာတ္ေလးေတြရွိဖို႕လိုပါျပီ…
(၁) ခြင္႔လႊတ္တတ္ပါေစ
လူတစ္ေယာက္ကိုတကယ္ခ်စ္တဲ႔အခါ ခြင္႔လြႊတ္တတ္ဖို႕ကသင္စရာမလုိေလာက္ေအာင္ကိုတတ္ေနျကတယ္ဆုိတာခံစားဖူးသူေတြသာအသိပါ။ တစ္ျခားသူေတြနဲ႕ဆို သည္းမခံတတ္တဲ႔ကိုယ္က သူန႕ဲက်မွအင္မတန္ခြင္႔လႊတ္သည္းခံေနတတ္တာမ်ိဳးပါ။ လူတစ္ေယာက္ရဲ႕အခ်စ္ကိုလုိခ်င္တယ္တမ္းတတယ္ဆုိရင္ေတာ႔အရင္ဆံုးခြင္႔လႊတ္သည္းခံတတ္ေအာင္ျကိုးစားးပါ။
(၂) နားလည္နုိင္ပါေစ
လူတစ္ေယာက္ကိုတကယ္ပိုင္ဆိုင္ခ်င္ရင္နားလည္္တတ္ဖို႕လုိပါတယ္။ သူ႕ရဲအတြင္းစိတ္ အေျခေနေတြထုတ္ေျပာတဲ႔စကားေတြဒါေတြအားလံုးကို အမွန္တကယ္နားလည္နုိင္ဖို႕လုိပါတယ္။ သူမ်ားေတြနားမလည္ေပးနုိင္တဲ႔ကိစၥေတြကိုေတာင္ကိုယ္ကအတတ္နုိင္ဆံုးနားလည္ေပးမွသာသူ႕ဆီကေမတၱာေတြကိုအမွန္တကယ္ခံစားရမွပါ။ ဒါေျကာင္႔တကယ္ခ်စ္ရင္နားလည္တတ္ပါေစ။
(၃) မေမ်ွာ္လင္႔မိပါေစနဲ႕
ကိုယ္ကေတာ႔ဘယ္ေလာက္ခ်စ္ရတယ္ သူကေတာ႔ဒီေလာက္ေတာင္ျပန္မခ်စ္ဘူးဆုိတာမ်ိဳး၊ ကိုယ္ကဒါေပးတယ္သူ႕ဆီကေတာ႔ဘာမွမရဘူးဆုိတာမ်ိဳးေတြနဲ႕စိတ္ပင္ပန္းမခံပါနဲ႕။ တကယ္ခ်စ္တဲ႔အခါ ကိုယ္ကေပးေနရတာေတြသူ႕ဆီကမရတာေတြေတာင္ေတြးမိခ်ိန္ရွိမွာမဟုတ္လို႕ေမတၱာသန္႔သန္႔စိတ္ရွင္းရွင္းနဲ႕ကိုယ္႔ဘက္ကအခ်စ္ေတြကိုျမင္သာလာေအာင္သက္ေသျပနုိင္ပါေစ။
(၄) စြန္႔လႊတ္နုိင္ပါေစ
တကယ္ခ်စ္မိသြားတဲ႔အခါ ကိုယ္႔ဆႏၵကိုယ္႔အတၱထက္ ကိုယ္႔ခ်စ္သူရဲ႕ဆႏၵကုိယ္႔ခ်စ္သူရဲ႕ေပ်ာ္ရႊင္မႈကိုတန္ဖိုးထားဦးစားေပးစဥ္းစားတတ္သြားျကတာသဘာ၀ပါပဲ။ ဒါေျကာင္႔ ကိုယ္႔အတၱေဇာ္ေျကာင္႔ကိုယ္႔ခ်စ္သူကိုမေပ်ာ္ရႊင္ေစတာမ်ိဳးမျဖစ္ေစပဲ သူ႕ရဲ႕စိတ္ရင္းမွန္ကိုသာဦးစားေပးျပီး စြန္႔ပစ္ဖို႕စြန္႔ခြာေပးဖို႕ လိုလာရင္လည္း ေမတၱာကိုေရွးရႈျပီးစြန္႔လႊတ္ေပးလုိက္ပါ။ ကိုယ္႔ရဲ႕တကယ္႔ေမတၱာကိုသူအမွန္တကယ္သေဘာေပါက္သြားပါလိမ္႔မယ္ ကိုယ္နဲ႕မေပါင္းစည္းရဘူးဆုိရင္ေတာင္ေပါ့။
(၅) ျပဳျပင္ေပးနုိင္ပါေစ
ဘယ္ဟာကမွားေနတယ္ဘယ္ဟာကမွန္တယ္ဆိုတာကိုကူညီေဖးမစဥ္းစားေပးျပီး ေဘးေန၀ိုင္းျပီး လိုအပ္ခ်က္ေတြကို အားျဖည္႔ကူညီေပးပါ။ ဘာျပန္ရရပါလို၏ ဆုိတဲ႔ စိတ္မ်ိဳး မထားပဲ ေမတၱာသန္႔သန္႔နဲ႕ အနားမွာေနေပးနိုင္ပါေစ။
(၆) ေစာင္႔ဆုိင္းနုိင္ပါေစ
အခ်ိန္အျကာျကီးနဲ႕မျဖစ္နုိင္ေတာ႔တာကိုေစာင္႔ဆုိင္းခိုင္းတာမ်ိဳးမဟုတ္ပဲ အခ်ိန္အတိုင္းတာတစ္ခုထိ ကိုုယ္လုိခ်င္တဲ႔ေမတၱာကိုစိတ္ရွည္ရွည္နဲ႕ေစာင္႔ဆုိင္းတတ္ဖို႕လိုပါတယ္။သင္႔ေတာ္တဲ႔ေစာင္႔ဆုိင္းျခင္းက စစ္မွန္တဲ႔ေမတၱာနဲ႕ကိုယ္ခ်စ္သူရဲ႕ဘ၀ကိုပိုင္ဆုိင္နုိင္ေစတာမလို႕အေျခေနတိုင္းတာတစ္ခုထိေစာင္႔ဆုိင္းဖို႕မေမ႔ပါနဲ႕။

အေပၚကအခ်က္ေလးေတြတုိင္းသင္ခ်စ္ေပးနိုင္မယ္ ေမတၱာထားနုိင္မယ္ဆိုရင္ေတာ႔သင္႔ခ်စ္သူရဲ႕ေမတၱာစစ္နဲ႕သူ႕ရဲ႕ဘ၀ကို ပိုင္ဆိုင္နုိင္မွာ ေသခ်ာသေလာက္ပါပဲ။ေနာက္ဆံုးမပိုင္ဆုိင္လုိက္ရရင္ေတာင္ ကိုယ္ဟာသူ႕အတြက္ဘယ္ေတာ႔မွအဖိုးျဖတ္လို႕မတဲ႔လူသားတစ္ေယာက္အျဖစ္နွလံုးသားထဲစြဲက်န္ခဲ႔မွာပါ….

Unicode

လူတစ်ယောက်ဆီကကြိုက်နှစ်သက်ခြင်းကိုခံရဖို့၊ လူတစ်ယောက်ဆီကချစ်စကားကြိုက်စကားတွေအပြောခံရဖို့ လွယ်ပင်မဲ့ လူတစ်ယောက်ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ဒီလူရဲ့တစ်ဘဝလုံးကို
သက်ဆုံးတိုင်ပိုင်ဆိုင်နို်င်ဖို့ဆိုတာ သိပ်ကိုခက်ခဲလှတဲ့အရာပါပဲ။ ဆိုတော့သင်ချစ်တဲ့သူတစ်ယောက်ရဲ့မေတ္တာတွေရောသူ့ဘဝတစ်ခုလုံးကိုပါအမှန်တကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့သင့်မှာဒီလိုစိတ်ဓာတ်လေးတွေရှိဖို့လိုပါပြီ…
(၁) ခွင့်လွှတ်တတ်ပါစေ
လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ခွင့်လွွှတ်တတ်ဖို့ကသင်စရာမလိုလောက်အောင်ကိုတတ်နေကြတယ်ဆိုတာခံစားဖူးသူတွေသာအသိပါ။ တစ်ခြားသူတွေနဲ့ဆို သည်းမခံတတ်တဲ့ကိုယ်က သူနဲ့ကျမှအင်မတန်ခွင့်လွှတ်သည်းခံနေတတ်တာမျိုးပါ။ လူတစ်ယောက်ရဲ့အချစ်ကိုလိုချင်တယ်တမ်းတတယ်ဆိုရင်တော့အရင်ဆုံးခွင့်လွှတ်သည်းခံတတ်အောင်ကြိုးစားးပါ။
(၂) နားလည်နိုင်ပါစေ
လူတစ်ယောက်ကိုတကယ်ပိုင်ဆိုင်ချင်ရင်နားလည််တတ်ဖို့လိုပါတယ်။ သူ့ရဲအတွင်းစိတ် အခြေနေတွေထုတ်ပြောတဲ့စကားတွေဒါတွေအားလုံးကို အမှန်တကယ်နားလည်နိုင်ဖို့လိုပါတယ်။ သူများတွေနားမလည်ပေးနိုင်တဲ့ကိစ္စတွေကိုတောင်ကိုယ်ကအတတ်နိုင်ဆုံးနားလည်ပေးမှသာသူ့ဆီကမေတ္တာတွေကိုအမှန်တကယ်ခံစားရမှပါ။ ဒါကြောင့်တကယ်ချစ်ရင်နားလည်တတ်ပါစေ။
(၃) မမျှော်လင့်မိပါစေနဲ့
ကိုယ်ကတော့ဘယ်လောက်ချစ်ရတယ် သူကတော့ဒီလောက်တောင်ပြန်မချစ်ဘူးဆိုတာမျိုး၊ ကိုယ်ကဒါပေးတယ်သူ့ဆီကတော့ဘာမှမရဘူးဆိုတာမျိုးတွေနဲ့စိတ်ပင်ပန်းမခံပါနဲ့။ တကယ်ချစ်တဲ့အခါ ကိုယ်ကပေးနေရတာတွေသူ့ဆီကမရတာတွေတောင်တွေးမိချိန်ရှိမှာမဟုတ်လို့မေတ္တာသန့်သန့်စိတ်ရှင်းရှင်းနဲ့ကိုယ့်ဘက်ကအချစ်တွေကိုမြင်သာလာအောင်သက်သေပြနိုင်ပါစေ။
(၄) စွန့်လွှတ်နိုင်ပါစေ
တကယ်ချစ်မိသွားတဲ့အခါ ကိုယ့်ဆန္ဒကိုယ့်အတ္တထက် ကိုယ့်ချစ်သူရဲ့ဆန္ဒကိုယ့်ချစ်သူရဲ့ပျော်ရွှင်မှုကိုတန်ဖိုးထားဦးစားပေးစဉ်းစားတတ်သွားကြတာသဘာဝပါပဲ။ ဒါကြောင့် ကိုယ့်အတ္တဇော်ကြောင့်ကိုယ့်ချစ်သူကိုမပျော်ရွှင်စေတာမျိုးမဖြစ်စေပဲ သူ့ရဲ့စိတ်ရင်းမှန်ကိုသာဦးစားပေးပြီး စွန့်ပစ်ဖို့စွန့်ခွာပေးဖို့ လိုလာရင်လည်း မေတ္တာကိုရှေးရှုပြီးစွန့်လွှတ်ပေးလိုက်ပါ။ ကိုယ့်ရဲ့တကယ့်မေတ္တာကိုသူအမှန်တကယ်သဘောပေါက်သွားပါလိမ့်မယ် ကိုယ်နဲ့မပေါင်းစည်းရဘူးဆိုရင်တောင်ပေါ့။
(၅) ပြုပြင်ပေးနိုင်ပါစေ
ဘယ်ဟာကမှားနေတယ်ဘယ်ဟာကမှန်တယ်ဆိုတာကိုကူညီဖေးမစဉ်းစားပေးပြီး ဘေးနေဝိုင်းပြီး လိုအပ်ချက်တွေကို အားဖြည့်ကူညီပေးပါ။ ဘာပြန်ရရပါလို၏ ဆိုတဲ့ စိတ်မျိုး မထားပဲ မေတ္တာသန့်သန့်နဲ့ အနားမှာနေပေးနိုင်ပါစေ။
(၆) စောင့်ဆိုင်းနိုင်ပါစေ
အချိန်အကြာကြီးနဲ့မဖြစ်နိုင်တော့တာကိုစောင့်ဆိုင်းခိုင်းတာမျိုးမဟုတ်ပဲ အချိန်အတိုင်းတာတစ်ခုထိ ကိုုယ်လိုချင်တဲ့မေတ္တာကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းတတ်ဖို့လိုပါတယ်။သင့်တော်တဲ့စောင့်ဆိုင်းခြင်းက စစ်မှန်တဲ့မေတ္တာနဲ့ကိုယ်ချစ်သူရဲ့ဘဝကိုပိုင်ဆိုင်နိုင်စေတာမလို့အခြေနေတိုင်းတာတစ်ခုထိစောင့်ဆိုင်းဖို့မမေ့ပါနဲ့။

အပေါ်ကအချက်လေးတွေတိုင်းသင်ချစ်ပေးနိုင်မယ် မေတ္တာထားနိုင်မယ်ဆိုရင်တော့သင့်ချစ်သူရဲ့မေတ္တာစစ်နဲ့သူ့ရဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ သေချာသလောက်ပါပဲ။နောက်ဆုံးမပိုင်ဆိုင်လိုက်ရရင်တောင် ကိုယ်ဟာသူ့အတွက်ဘယ်တော့မှအဖိုးဖြတ်လို့မတဲ့လူသားတစ်ယောက်အဖြစ်နှလုံးသားထဲစွဲကျန်ခဲ့မှာပါ….

1 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.