ပထမဆံုးျပသတဲ႔အပုိင္းမွာတင္ ပရိသတ္ၾကည့္ရႈႏႈန္းျမင့္တက္ခဲ႔တဲ႔ “What’s Wrong With Secretary Kim”

လတ္တေလာအြန္လုိင္းမွာေရပန္းစားေနတဲ႔ကိုရီးယားဇာတ္လမ္းတြဲေလးတစ္ခုရွိပါတယ္။သိတဲ႔သူေတြလည္းသိၾကမွာပါ။သူ႔ကုိယ္သူအရမ္းခ်စ္၊အရမ္းတန္ဖိုးထားျပီးဇီဇာေၾကာင္တတ္တဲ႔သူေဌးနဲ႔ သူ႔ရဲ႔အတြင္းေရးမွဴးကင္တုိ႔အၾကားရယ္စရာအျဖစ္အပ်က္ေလးေတြ၊အလြဲျဖစ္ရပ္ေလးေတြနဲ႔စတင္ထားတဲ႔“What’s Wrong With Secretary Kim”ဆုိတဲ႔ဇာတ္လမ္းတြဲေလးပါ။

ဒီဇာတ္လမ္းတြဲဟာ ကုိရီးယားႏုိင္ငံမွာ ဇြန္လ ၆ရက္ေန႔ကစတင္ျပသတာျဖစ္ျပီး ဗုဒၶဟူး ၊ၾကာသပေတးႏွစ္ရက္ ထုတ္လႊင့္ျပသတာျဖစ္ပါတယ္။Episode နဲ႔ဆုိရင္ အပုိင္း ၂ထိထြက္ရွိျပီးပါျပီ။ဟာသနဲ႔အခ်စ္ေရာစပ္ထားတဲ႔ဇာတ္လမ္းမ်ိဳးျဖစ္ျပီးထူးျခားစြာနဲ႔ ဒီဇာတ္လမ္းတြဲဟာ ပထမဆံုးျပသတဲ႔အပိုင္းမွာတင္ ပရိသတ္ၾကည့္ရႈႏႈန္းျမင့္တက္ခဲ႔တဲ႔ ဇာတ္လမ္းတြဲျဖစ္ပါတယ္။ Real-time viewership ratings research company တစ္ခုျဖစ္တဲ႔ ATAM ရဲ ႔ေျပာျပခ်က္အရ ဒီဇာတ္လမ္းတြဲဟာ ပထမဆံုးအပုိင္းမွာ ၇.၄၄ ရာခိုင္ႏႈန္း ၾကည့္ရႈသူပ်မး္မွ်ရွိခဲ႔ျပီး အပိုင္း ၁ျပီးဆံုးခ်ိန္မွာေတာ့ ၁၀.၃ ရာခိုင္ႏႈန္းအထိျမင့္တက္လာခဲ႔တာ ျဖစ္တယ္လို႔သိရပါတယ္။အရင္ျပသခဲ႔တဲ႔ “My Ahjussi” ဇာတ္လမ္းဟာဆုိရင္ ပထမဆံုးအပိုင္းမွာ ၃.၉ရာခိုင္ႏႈန္းကေန အျမင့္ဆံုး ၅.၇ ရာခိုင္ႏႈန္းအထိပဲေရာက္ခဲ႔တာပါ။

မင္းသားေခ်ာ Park Seo Joon နဲ႔မင္းသမီးေခ်ာ Park Min Young တုိ႔ပါ၀င္သရုပ္ေဆာင္ထားတဲ႔ “What’s Wrong With Secretary Kim” ဟာေတာ့ လက္ရွိျပသျပီးတဲ႔ အပုိင္း ၂ပိုင္းမွာတင္ ပရိသတ္ေတြရဲ ႔စိတ္၀င္စားမႈေတြကုိအပုိင္သိမ္းဆြဲေဆာင္ထားႏုိင္ခဲ့ျပီျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ၀က္ဘ္ဆုိက္၀တၳဳတစ္ပုဒ္ကုိျပန္ျပီးအသက္သြင္း ရိုက္ကူးထား တာလည္းျဖစ္ပါတယ္။

ဇာတ္လမ္းပံုစံကေတာ့ ရုပ္ရည္ေခ်ာေမာျပီးအရည္အခ်င္းအျပည့္ရွိေပမဲ႔လံုး၀ဇီဇာေၾကာင္၊ ကုိယ့္ကုိယ့္ကုိယ္အရမ္းအထင္ၾကီးခ်စ္ျမတ္ႏုိးတတ္၊သူ႔ရဲ႔အတြင္းေရးမွဴးကလြဲလို႔ က်န္တဲ႔မိန္းကေလးေတြလက္ဖ်ားနဲ႔ေတာင္ အထိမခံေရႊပန္းကန္ ကုမၸဏီပုိင္ရွင္မင္းသားနဲ႔ ၉ႏွစ္ၾကာသူ႔ရဲ႔ ေဘးနားမွာရွိေနျပီးေစ့ေစ့စပ္စပ္နဲ႔အကြက္ျမင္တတ္တဲ႔အတြင္းေရးမွဴးေခ်ာ မင္းသမီး၊ဒါေပမဲ႔ဒီလုိကုိးႏွစ္ၾကာလက္တြဲခဲ႔ျပီး တစ္ရက္မွာေတာ့ အတြင္းေရးမွဴးက အလုပ္ထြက္ခြင့္ေတာင္းလာခဲ႔ရာကေန ရယ္စရာအလြဲေလးေတြ၊စိတ္၀င္စားစရာ အျဖစ္အပ်က္ေလးေတြ ျဖစ္လာခဲ႔တဲ႔ဇာတ္လမ္းေလးပဲျဖစ္ပါတယ္။

မၾကည့္ရေသးဘူးဆုိရင္ အျမန္သာေျပးၾကည့္လုိက္ေတာ့ေနာ္ 😉

Unicode

လတ်တလောအွန်လိုင်းမှာရေပန်းစားနေတဲ့ကိုရီးယားဇာတ်လမ်းတွဲလေးတစ်ခုရှိပါတယ်။သိတဲ့သူတွေလည်းသိကြမှာပါ။သူ့ကိုယ်သူအရမ်းချစ်၊အရမ်းတန်ဖိုးထားပြီးဇီဇာကြောင်တတ်တဲ့သူဌေးနဲ့ သူ့ရဲ့အတွင်းရေးမှူးကင်တို့အကြားရယ်စရာအဖြစ်အပျက်လေးတွေ၊အလွဲဖြစ်ရပ်လေးတွေနဲ့စတင်ထားတဲ့“What’s Wrong With Secretary Kim”ဆိုတဲ့ဇာတ်လမ်းတွဲလေးပါ။

ဒီဇာတ်လမ်းတွဲဟာ ကိုရီးယားနိုင်ငံမှာ ဇွန်လ ၆ရက်နေ့ကစတင်ပြသတာဖြစ်ပြီး ဗုဒ္ဓဟူး ၊ကြာသပတေးနှစ်ရက် ထုတ်လွှင့်ပြသတာဖြစ်ပါတယ်။Episode နဲ့ဆိုရင် အပိုင်း ၂ထိထွက်ရှိပြီးပါပြီ။ဟာသနဲ့အချစ်ရောစပ်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီးထူးခြားစွာနဲ့ ဒီဇာတ်လမ်းတွဲဟာ ပထမဆုံးပြသတဲ့အပိုင်းမှာတင် ပရိသတ်ကြည့်ရှုနှုန်းမြင့်တက်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Real-time viewership ratings research company တစ်ခုဖြစ်တဲ့ ATAM ရဲ ့ပြောပြချက်အရ ဒီဇာတ်လမ်းတွဲဟာ ပထမဆုံးအပိုင်းမှာ ၇.၄၄ ရာခိုင်နှုန်း ကြည့်ရှုသူပျမး်မျှရှိခဲ့ပြီး အပိုင်း ၁ပြီးဆုံးချိန်မှာတော့ ၁၀.၃ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။အရင်ပြသခဲ့တဲ့ “My Ahjussi” ဇာတ်လမ်းဟာဆိုရင် ပထမဆုံးအပိုင်းမှာ ၃.၉ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၅.၇ ရာခိုင်နှုန်းအထိပဲရောက်ခဲ့တာပါ။

မင်းသားချော Park Seo Joon နဲ့မင်းသမီးချော Park Min Young တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “What’s Wrong With Secretary Kim” ဟာတော့ လက်ရှိပြသပြီးတဲ့ အပိုင်း ၂ပိုင်းမှာတင် ပရိသတ်တွေရဲ ့စိတ်ဝင်စားမှုတွေကိုအပိုင်သိမ်းဆွဲဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဝက်ဘ်ဆိုက်ဝတ္ထုတစ်ပုဒ်ကိုပြန်ပြီးအသက်သွင်း ရိုက်ကူးထား တာလည်းဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံကတော့ ရုပ်ရည်ချောမောပြီးအရည်အချင်းအပြည့်ရှိပေမဲ့လုံးဝဇီဇာကြောင်၊ ကိုယ့်ကိုယ့်ကိုယ်အရမ်းအထင်ကြီးချစ်မြတ်နိုးတတ်၊သူ့ရဲ့အတွင်းရေးမှူးကလွဲလို့ ကျန်တဲ့မိန်းကလေးတွေလက်ဖျားနဲ့တောင် အထိမခံရွှေပန်းကန် ကုမ္ပဏီပိုင်ရှင်မင်းသားနဲ့ ၉နှစ်ကြာသူ့ရဲ့ ဘေးနားမှာရှိနေပြီးစေ့စေ့စပ်စပ်နဲ့အကွက်မြင်တတ်တဲ့အတွင်းရေးမှူးချော မင်းသမီး၊ဒါပေမဲ့ဒီလိုကိုးနှစ်ကြာလက်တွဲခဲ့ပြီး တစ်ရက်မှာတော့ အတွင်းရေးမှူးက အလုပ်ထွက်ခွင့်တောင်းလာခဲ့ရာကနေ ရယ်စရာအလွဲလေးတွေ၊စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတွေ ဖြစ်လာခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

မကြည့်ရသေးဘူးဆိုရင် အမြန်သာပြေးကြည့်လိုက်တော့နော် 😉

337 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.