သက္လယ္ပိုင္းေရာက္ေနျပီဆိုရင္ေန႔စဥ္ဒါေလးေတြကိုမျဖစ္မေနလုပ္သင္႔တယ္ဆိုတာမေမ႔ပါနဲ႕….

လူငယ္ရြယ္မွာေတာ႔ သြားလာလႈပ္ရွားေပါ႔ေပါ႔ပါးပါးနဲ႕ျဖတ္သန္းရင္း ပံုမွန္ရယ္လို႕သတ္မွတ္ထားတာမ်ိဳးေတြမရွိတတ္ျကပါဘူး။ ဒါပင္မဲ႔အသက္အရြယ္ဟာ လူလတ္ပိုင္းေရာက္လာျပီဆိုရင္ေတာ႔ က်န္ရွိခ်ိန္ကိုသက္ရွည္က်န္းမာေပ်ာ္ရႊင္စြာျဖတ္သန္းဖို႕သင္ဒါေလးေတြကိုေန႔စဥ္က်င္႔သံုးေပးဖို႕လိုလာပါလိမ္႔မယ္…
(၁) အိမ္မွာမိသားစုနဲ႕အခ်ိန္ေပးျပီးထမင္းစားပါ


အျပင္မွာသီးသန္႔စားတာမ်ိဳးေတြကိုတတ္နို္င္သေလာက္ေလ်ာ႔ျပီး မိသားစုအစံုအလင္နဲ႕ အိမ္မွာထမင္းစားတတ္တဲ႔အေလ႔ထကိုက်င္႔သံုးပါ။ ဆုိင္ေတြသြားျပီး အျပင္ထြက္သီးသန္႕စားျခင္းထက္အိမ္မွာမိသားစုစံုလင္စြာနဲ႕စားေသာက္ျခင္းကစိတ္ပိုင္းဆုိင္ရာအတြက္ေတာ႔ ကိုယ္က်န္းမာျခင္းအတြက္ပါ ေကာင္းမြန္တဲ႔ အေလ႔ထတစ္ခုျဖစ္တာမလို႕ လူလတ္ပိုင္းအရြယ္ေရာက္ေနျပီဆုိရင္ေတာ႔မျဖစ္မေနလုပ္သင္႔႔ပါျပီ။
(၂) ေရကိုလံုေလာက္စြာေသာက္သံုးတတ္ပါေစ


ေရကိုလံုေလာက္စြာေသာက္သံုးဖို႕ကအသက္အရြယ္အပိုင္းျခားမရွိအေရးပါတဲ႔အရာတစ္ခုပါ။ ငယ္တုန္းမွာေတာ႔အခ်ိဳရည္ေတြအေအးေတြ ကိုစိတ္လြတ္ကိုယ္လြတ္ေသာက္သံုးခဲ႔ျကေပမဲ႔ သက္လတ္ပိုင္းေရာက္လာခ်ိန္မွာေတာ႔ဒါေတြကိုတတ္နိုင္သေလာက္ေလ်ာ႔ျပီးေန႔စဥ္ေရသာမ်ားမ်ားေသာက္ဖို႕လိုပါတယ္။
(၃) သင္႔ေတာ္တဲ႔အစာေျပမုန္႔ပဲသေရစာကိုသာစားသံုးပါ


အစာေျပမုန္႔ပဲသေရစားစားသံုးတဲ႔အခါ ခႏၶာကိုယ္အတြက္အဆီေတြမ်ားလာနုိင္ေစျပီး အဆိပ္ေတာက္မ်ားတဲ႔အစားစာေတြကုိေရွာင္ျကဥ္ျပီး က်န္းမာေရးနဲ႕ညီညြတ္တဲ႔ အစာေျပမုန္႔ပဲသေရစာမ်ိဳးကိုသာေရြးခ်ယ္စားေသာက္သင္႔ပါတယ္။
(၄) အမ်ွင္ဓာတ္လံုေလာက္စြာစားသံုးပါ


အသက္ျကီးလာေလ ခႏၶာကိုယ္မွာအမ်ွင္ဓာတ္ကလုိအပ္လာေလေလပါပဲ။ ဒါေျကာင္႔ အရင္ကအမ်ွင္ဓာတ္အစားနည္းခဲ႔ရင္ေတာင္ သက္လတ္ပုိင္းေရာက္လာခ်ိန္မွာေတာ႔ ခႏၶာကိုယ္အတြက္လုိအပ္တဲ႔အမ်ွင္ဓာတ္ကို ရရွိနိုင္ေစဖို႕အမ်ွင္ဓာတ္ပါတဲ႔အစားစာေတြကိုေန႔စဥ္ပံုမွန္စားသံုးေပးသင္႔ပါတယ္။
(၅) ကိုယ္လက္လႈပ္ရွားမႈမ်ားမ်ားလုပ္ဖုိ႕၀န္မေလးပါနဲ႕


ျငိမ္ျငိမ္ေလးသက္ေတာင္႔သက္သာေနရတာေတြကုိမမက္ေမာသင္႔ပါဘူး။ ကိုယ္လက္လႈပ္ရွားမႈနည္းပါးျပီး အထိုင္မ်ားတာမ်ိဳး ေလ႔က်င္႔ခန္းတစ္ခုအားကစားတစ္ခုပံုမွန္လုပ္ျခင္းမရွိတာမ်ိဳးေတြဟာ ျကာေလအသက္တိုေစေလျဖစ္တာမလို႕သင္႔ေတာ္တဲ႔အားကစားနည္းေတြနဲ႕ေန႔စဥ္ပံုမွန္ကိုယ္လက္လႈပ္ရွားဖို႕၀န္မေလးပါနဲ႕။
အေပၚကအခ်က္ေလးေတြကိုလုိက္နာရင္း သက္ရွည္က်န္းမာေပ်ာ္ရႊင္ရတဲ႔ေနရက္ေပါင္းမ်ားစြာကိုပိုင္ဆုိင္နိုင္ျကပါေစလုိ႕ဆုေတာင္းလုိက္ပါတယ္…

Unicode

လူငယ်ရွယ်မှာတော့ သွားလာလှုပ်ရှားပေါ့ပေါ့ပါးပါးနဲ့ဖြတ်သန်းရင်း ပုံမှန်ရယ်လို့သတ်မှတ်ထားတာမျိုးတွေမရှိတတ်ကြပါဘူး။ ဒါပင်မဲ့အသက်အရွယ်ဟာ လူလတ်ပိုင်းရောက်လာပြီဆိုရင်တော့ ကျန်ရှိချိန်ကိုသက်ရှည်ကျန်းမာပျော်ရွှင်စွာဖြတ်သန်းဖို့သင်ဒါလေးတွေကိုနေ့စဉ်ကျင့်သုံးပေးဖို့လိုလာပါလိမ့်မယ်…
(၁) အိမ်မှာမိသားစုနဲ့အချိန်ပေးပြီးထမင်းစားပါ
အပြင်မှာသီးသန့်စားတာမျိုးတွေကိုတတ်နို်င်သလောက်လျော့ပြီး မိသားစုအစုံအလင်နဲ့ အိမ်မှာထမင်းစားတတ်တဲ့အလေ့ထကိုကျင့်သုံးပါ။ ဆိုင်တွေသွားပြီး အပြင်ထွက်သီးသန့်စားခြင်းထက်အိမ်မှာမိသားစုစုံလင်စွာနဲ့စားသောက်ခြင်းကစိတ်ပိုင်းဆိုင်ရာအတွက်တော့ ကိုယ်ကျန်းမာခြင်းအတွက်ပါ ကောင်းမွန်တဲ့ အလေ့ထတစ်ခုဖြစ်တာမလို့ လူလတ်ပိုင်းအရွယ်ရောက်နေပြီဆိုရင်တော့မဖြစ်မနေလုပ်သင့့်ပါပြီ။
(၂) ရေကိုလုံလောက်စွာသောက်သုံးတတ်ပါစေ
ရေကိုလုံလောက်စွာသောက်သုံးဖို့ကအသက်အရွယ်အပိုင်းခြားမရှိအရေးပါတဲ့အရာတစ်ခုပါ။ ငယ်တုန်းမှာတော့အချိုရည်တွေအအေးတွေ ကိုစိတ်လွတ်ကိုယ်လွတ်သောက်သုံးခဲ့ကြပေမဲ့ သက်လတ်ပိုင်းရောက်လာချိန်မှာတော့ဒါတွေကိုတတ်နိုင်သလောက်လျော့ပြီးနေ့စဉ်ရေသာများများသောက်ဖို့လိုပါတယ်။
(၃) သင့်တော်တဲ့အစာပြေမုန့်ပဲသရေစာကိုသာစားသုံးပါ
အစာပြေမုန့်ပဲသရေစားစားသုံးတဲ့အခါ ခန္ဓာကိုယ်အတွက်အဆီတွေများလာနိုင်စေပြီး အဆိပ်တောက်များတဲ့အစားစာတွေကိုရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာပြေမုန့်ပဲသရေစာမျိုးကိုသာရွေးချယ်စားသောက်သင့်ပါတယ်။
(၄) အမျှင်ဓာတ်လုံလောက်စွာစားသုံးပါ
အသက်ကြီးလာလေ ခန္ဓာကိုယ်မှာအမျှင်ဓာတ်ကလိုအပ်လာလေလေပါပဲ။ ဒါကြောင့် အရင်ကအမျှင်ဓာတ်အစားနည်းခဲ့ရင်တောင် သက်လတ်ပိုင်းရောက်လာချိန်မှာတော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓာတ်ကို ရရှိနိုင်စေဖို့အမျှင်ဓာတ်ပါတဲ့အစားစာတွေကိုနေ့စဉ်ပုံမှန်စားသုံးပေးသင့်ပါတယ်။
(၅) ကိုယ်လက်လှုပ်ရှားမှုများများလုပ်ဖို့ဝန်မလေးပါနဲ့
ငြိမ်ငြိမ်လေးသက်တောင့်သက်သာနေရတာတွေကိုမမက်မောသင့်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး အထိုင်များတာမျိုး လေ့ကျင့်ခန်းတစ်ခုအားကစားတစ်ခုပုံမှန်လုပ်ခြင်းမရှိတာမျိုးတွေဟာ ကြာလေအသက်တိုစေလေဖြစ်တာမလို့သင့်တော်တဲ့အားကစားနည်းတွေနဲ့နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားဖို့ဝန်မလေးပါနဲ့။
အပေါ်ကအချက်လေးတွေကိုလိုက်နာရင်း သက်ရှည်ကျန်းမာပျော်ရွှင်ရတဲ့နေရက်ပေါင်းများစွာကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်…

69 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.