ေသြးေၾကာထံုးရာမ်ားကို သက္သာေပ်ာက္ကင္းေစမယ့္ သဘာဝနည္းလမ္းေကာင္း

Image result for Spider and Varicose Veins

ေလ့လာမႈမ်ားအရ အရြယ္ေရာက္သူ ၂၅ရာခိုင္ႏႈန္းမွာ ေသြးေၾကာထံုးျခင္းျပႆနာကုိ ၾကံဳေတြ႔ေနရပါတယ္။ ေသြးေၾကာထံုးရင္ ခရမ္းေရာင္ (သို႔)အျပာေရာင္ေလးေတြ အေရျပားမွာ ေပၚေနတတ္ပါတယ္။ အသားပိုျဖဴတဲ့သူေတြဆိုရင္ ေသြးေၾကာကိုပါ ထင္ထင္႐ွား႐ွားျဖစ္ေနရပါတယ္။ အခ်ိန္ၾကာျမင့္စြာ မတ္တပ္ရပ္သူ ၊ ကိုယ္ဝန္ေဆာင္မိခင္ ၊ ေဟာ္မုန္းမညီမွ်ျခင္း၊ ဝိတ္တက္ျခင္း ၊ အာဟာရမျပည့္တဲ့ အစားစာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။

ေသြးေၾကာထံုးတဲ့အခါ နာက်င္ယားယံမႈေတြ မ႐ွိရင္ေတာင္မွ မေပါ့ပ်က္လုိက္ပါနဲ႔။ ကိုယ့္အိမ္မွာ႐ွိတဲ့ ပစၥည္းေလးေတြနဲ႔ပဲ ေသြးေၾကာထံုးျပႆနာကိုေျဖ႐ွင္းလို႔ရေနပါျပီ။ အေကာင္းဆံုးကုသနည္းလည္းျဖစ္တဲ့အျပင္ ေသြးလည္ပတ္မႈကိုေကာင္းေစမွာဆိုေတာ့ ဘယ္လိုနည္းလမ္းေတြျဖစ္မလဲ ၾကည့္လိုက္ရေအာင္…

ပန္းသီးအရက္

Related image
ေသြးေၾကာထံုးျခင္းအတြက္ ပန္းသီးအရက္ဟာ အေကာင္းဆံုးလို႔သိရပါတယ္။ ေရာင္ယမ္းျခင္းကို
သက္သာေစျပီး ေသြးလည္ပတ္မႈေကာင္းေစပါတယ္။
– ပန္းသီးအရက္ကို ဂြမ္းစေလးနဲ႔ဆြတ္ျပီး (သို႔) ပန္းသီးအရက္ကို ေရအနည္းငယ္နဲ႔ေရာျပီး အ၀တ္     စေလးနဲ႔ ေသြးေၾကာထံုးတဲ့ေနရာကို ပြတ္ပါ။ ျပီးရင္ မိနစ္ ၂ဝ- ၃ဝေလာက္ထားျပီး ေရနဲ႔ေဆးခ်လို     က္ပါ။ တစ္ေန႔ကို ႏွစ္ၾကိမ္အသံုးျပဳႏုိင္ပါတယ္။
– ပန္းသီးအရက္ေလးနဲ႔ ေသြးေၾကာထံုးတဲ့ေနရာကို ျဖည္းညွင္းစြာ ႏွိပ္နယ္ေပးပါ။ အိပ္ရာမဝင္ခင္
ျပဳလုပ္ေပးမယ္ဆို မနက္မိုးလင္းတဲ့အခါ ပိုမိုေကာင္းမြန္တဲ့ ရလဒ္ကုိပုိင္ဆိုင္ႏုိင္မွာပါ။ ပန္းသီး           အရက္ေတြ အလြန္ကၽြံထည့္ျပီး ထုိေနရာကို အားနဲ႔ဖိႏွိပ္တာမ်ဳိးေတာ့ ေ႐ွာင္ပါေနာ္။

ၾကက္သြန္ ၊ လိေမၼာ္ရည္ ၊ သံလြင္ဆီ


ၾကက္သြန္မွာ ေသြးေၾကာေလးေတြ ေဖာင္းၾကြလာျခင္းမွ ေလ်ာ့ခ်ေပးႏုိင္တဲ့ allicin ဓာတ္႐ွိပါတယ္။ ခႏၶာကိုယ္မွ အဆိပ္ေတာက္ေတြကိုလည္း ေလ်ာ့ခ်ေပးႏုိင္သလို က်န္းမာေရးအေျခအေနကိုလည္း တိုးတက္ေစပါတယ္။ ၾကက္သြန္ျဖဴကို လိေမၼာ္ရည္ ၊ သံလြင္ဆီနဲ႔သာေရာလိုက္မယ္ဆိုရင္ သူ႔ရဲ႕အစြမ္းက အံ့မခန္းပါပဲ။

– ၾကက္သြန္ျဖဴ (၆)မႊာယူလိုက္ပါ။သူ႔ကို လိေမၼာ္ရည္ ၃ဇြန္းနဲ႔ေရာ ။
– ျပီးမွ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၆ဇြန္းထည့္
– အသံုးမျပဳခင္ ၁၂နာရီၾကာေအာင္ ဒီတုိင္းႏွပ္ထားဖိို႔လိုပါတယ္။
– ၁၂နာရီၾကာထားျပီးျပီဆိုရင္ေတာ့ ေသြးေၾကာထံုးတဲ့ေနရာမွာ သူ႔ကိုလိမ္းလိုက္ပါ။ ၁၅မိနစ္
ေလာက္ ႏွိပ္နယ္ေပးျပီးတာနဲ႔ ေရေဆးလို႔ရပါျပီ။ ေန႔စဥ္အသံုးျပဳႏုိင္ပါတယ္။ သူ႔ကို လိမ္းျပီး ၁၅မိ      နစ္ေလာက္ အဝတ္နဲ႔အုပ္ထားေပးလည္းရပါတယ္။ ဒါဆို အေရျပားက ေကာင္းေကာင္းစုပ္ယူ         သြားႏုိင္ပါတယ္။

ဂ်င္း

Image result for Ginger
ဂ်င္းကလည္း ေသြးေၾကာထံုးရာမ်ားကို သက္သာေပ်ာက္ကင္းေစတဲ့ ေနရာမွာ ဘုရင္တစ္ပါးပါပဲ fibrin လုိ႔ေခၚတဲ့ ေသြးပ႐ိုတိန္းကုိ စီးဝင္ေစျပီး ေသြးလည္ပတ္မႈေကာင္းေစပါတယ္။ ဂ်င္းလက္
ဖက္ရည္ ပံုမွန္ေသာက္ေပးမယ္ဆို ေသြးေၾကာထံုးတာေတြ အခ်ိန္တိုတြင္း သက္သာေစတယ္လုိ႔
သိရပါတယ္။
– ဂ်င္းကို ပါးပါးေလးေတြလွီးပါ
– ေရေႏြးနဲ႔ျပဳတ္ျပီး အရည္ထုတ္ပါ
– ၁ဝမိနစ္ေလာက္ အေအးခံထားပါ
– ပ်ားရည္အနည္းငယ္ေရာပါ
– တစ္ေန႔ကို ၂ – ၃ ၾကိမ္ေသာက္သံုးႏုိင္ပါတယ္။

ကဲ ေဖာ္ျပပါနည္းလမ္းေလးေတြနဲ႔ ေသြးေၾကာထံုးရာေတြကို ကုသလိုက္ျပီး အဝတ္စားေတြ ယံုၾကည္မႈ႐ွိ႐ွိ ဝတ္ႏုိင္ပါေစေနာ္…

(Unicode)

သွေးကြောထုံးရာများကို သက်သာပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းကောင်း

လေ့လာမှုများအရ အရွယ်ရောက်သူ ၂၅ရာခိုင်နှုန်းမှာ သွေးကြောထုံးခြင်းပြဿနာကို ကြုံတွေ့
နေရပါတယ်။ သွေးကြောထုံးရင် ခရမ်းရောင် (သို့)အပြာရောင်လေးတွေ အရေပြားမှာ
ပေါ်နေတတ်ပါတယ်။ အသားပိုဖြူတဲ့သူတွေဆိုရင် သွေးကြောကိုပါ ထင်ထင်ရှားရှားဖြစ်နေရ
ပါတယ်။ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်သူ ၊ ကိုယ်ဝန်ဆောင်မိခင် ၊ ဟော်မုန်းမညီမျှခြင်း၊
ဝိတ်တက်ခြင်း ၊ အာဟာရမပြည့်တဲ့ အစားစာတွေကြောင့် ဖြစ်တတ်ပါတယ်။

သွေးကြောထုံးတဲ့အခါ နာကျင်ယားယံမှုတွေ မရှိရင်တောင်မှ မပေါ့ပျက်လိုက်ပါနဲ့။ ကိုယ့်အိမ်မှာ
ရှိတဲ့ ပစ္စည်းလေးတွေနဲ့ပဲ သွေးကြောထုံးပြဿနာကိုဖြေရှင်းလို့ရနေပါပြီ။ အကောင်းဆုံးကုသ
နည်းလည်းဖြစ်တဲ့အပြင် သွေးလည်ပတ်မှုကိုကောင်းစေမှာဆိုတော့ ဘယ်လိုနည်းလမ်းတွေဖြစ်
မလဲ ကြည့်လိုက်ရအောင်…

ပန်းသီးအရက်
သွေးကြောထုံးခြင်းအတွက် ပန်းသီးအရက်ဟာ အကောင်းဆုံးလို့သိရပါတယ်။ ရောင်ယမ်းခြင်းကို
သက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။
– ပန်းသီးအရက်ကို ဂွမ်းစလေးနဲ့ဆွတ်ပြီး (သို့) ပန်းသီးအရက်ကို ရေအနည်းငယ်နဲ့ရောပြီး အဝတ်
စလေးနဲ့ သွေးကြောထုံးတဲ့နေရာကို ပွတ်ပါ။ ပြီးရင် မိနစ် ၂ဝ- ၃ဝလောက်ထားပြီး ရေနဲ့ဆေးချ
လိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်အသုံးပြုနိုင်ပါတယ်။
ပန်းသီးအရက်လေးနဲ့ သွေးကြောထုံးတဲ့နေရာကို ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ အိပ်ရာမဝင်ခင်
ပြုလုပ်ပေးမယ်ဆို မနက်မိုးလင်းတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကိုပိုင်ဆိုင်နိုင်မှာပါ။ ပန်းသီး
အရက်တွေ အလွန်ကျွံထည့်ပြီး ထိုနေရာကို အားနဲ့ဖိနှိပ်တာမျိုးတော့ ရှောင်ပါနော်။

ကြက်သွန် ၊ လိမ္မော်ရည် ၊ သံလွင်ဆီ
ကြက်သွန်မှာ သွေးကြောလေးတွေ ဖောင်းကြွလာခြင်းမှ လျော့ချပေးနိုင်တဲ့ allicin ဓာတ်ရှိပါတယ်။ ခန္ဓာကိုယ်မှ အဆိပ်တောက်တွေကိုလည်း လျော့ချပေးနိုင်သလို ကျန်းမာရေးအခြေအနေ
ကိုလည်း တိုးတက်စေပါတယ်။ ကြက်သွန်ဖြူကို လိမ္မော်ရည် ၊ သံလွင်ဆီနဲ့သာရောလိုက်မယ်ဆို
ရင် သူ့ရဲ့အစွမ်းက အံ့မခန်းပါပဲ။

– ကြက်သွန်ဖြူ (၆)မွှာယူလိုက်ပါ။သူ့ကို လိမ္မော်ရည် ၃ဇွန်းနဲ့ရော ။
– ပြီးမှ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၆ဇွန်းထည့်
– အသုံးမပြုခင် ၁၂နာရီကြာအောင် ဒီတိုင်းနှပ်ထားဖိို့လိုပါတယ်။
– ၁၂နာရီကြာထားပြီးပြီဆိုရင်တော့ သွေးကြောထုံးတဲ့နေရာမှာ သူ့ကိုလိမ်းလိုက်ပါ။ ၁၅မိနစ်
လောက် နှိပ်နယ်ပေးပြီးတာနဲ့ ရေဆေးလို့ရပါပြီ။ နေ့စဉ်အသုံးပြုနိုင်ပါတယ်။
သူ့ကို လိမ်းပြီး ၁၅မိနစ်လောက် အဝတ်နဲ့အုပ်ထားပေးလည်းရပါတယ်။ ဒါဆို အရေပြားက
ကောင်းကောင်းစုပ်ယူသွားနိုင်ပါတယ်။

ဂျင်း
ဂျင်းကလည်း သွေးကြောထုံးရာများကို သက်သာပျောက်ကင်းစေတဲ့ နေရာမှာ ဘုရင်တစ်ပါးပါပဲ။
fibrin လို့ခေါ်တဲ့ သွေးပရိုတိန်းကို စီးဝင်စေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဂျင်းလက်
ဖက်ရည် ပုံမှန်သောက်ပေးမယ်ဆို သွေးကြောထုံးတာတွေ အချိန်တိုတွင်း သက်သာစေတယ်လို့
သိရပါတယ်။
– ဂျင်းကို ပါးပါးလေးတွေလှီးပါ
– ရေနွေးနဲ့ပြုတ်ပြီး အရည်ထုတ်ပါ
– ၁ဝမိနစ်လောက် အအေးခံထားပါ
– ပျားရည်အနည်းငယ်ရောပါ
– တစ်နေ့ကို ၂ – ၃ ကြိမ်သောက်သုံးနိုင်ပါတယ်။

ကဲ ဖော်ပြပါနည်းလမ်းလေးတွေနဲ့ သွေးကြောထုံးရာတွေကို ကုသလိုက်ပြီး အဝတ်စားတွေ
ယုံကြည်မှုရှိရှိ ဝတ်နိုင်ပါစေနော်…

155 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.