ဟယ်ရီပေါ်တာ ဇာတ်ကားထဲရောက်ရှိသွားသလို ခံစားစေရမယ့် ”Harry Potter World”

သင်ဟာ Harry Potter ကိုကြည့်ဖူးသူဆိုရင် လန်ဒန်မှာ ဖွင့်လှစ်ထားတဲ့ Harry Potter Studio ကို တစ်ခေါက်လောက်တော့ သွားချင်မှာအမှန်ပါပဲ။

Warner Bros. Studio Tour က ဟယ်ရီပေါ်တာ ဇာတ်ကားထဲက မှော်စွမ်းအင်တွေကို အပြင်မှာလက်တွေ့ ခံစားနိုင်ဖို့အတွက် ”Harry Potter World” ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ အထဲကိုရောက်သွားတာနဲ့ ဇာတ်ကားထဲက နေရာတွေကိုတကယ်ရောက်ရှိသွားသလို ခံစားရမှာဖြစ်ပါတယ်။ လှပတဲ့ ခုံတွေ၊ ဝတ်စုံတွေ ၊ အသုံးဆောင်တွေ ၊ ကြီးကျယ်ခမ်းနားတဲ့ အဆောက်ဦးပုံစံတွေ၊ ပန်းချီတွေ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။

Image result for 'Harry Potter.' studio in london

ဇာတ်ကားထဲမှာပါဝင်တဲ့ သတ္တဝါကြီးတွေကိုလည်း မြင်တွေ့ရဦးမှာပါ။ လက်ဆောင်ဆိုင်လေးတွေ၊ စာအုပ်ဆိုင်တွေ၊ မုန့်ဆိုင်တွေ ၊ ဆော့စရာတွေနဲ့ ကလေးတွေရော ၊ လူကြီးတွေကိုပါ ဆွဲဆောင်နိုင်တဲ့ ”Harry Potter World” ပါ။

လက်မှတ်ဈေး
ကလေး – ၈၄ပေါင် (၉၄.၇၉ ယူရို)
လူကြီး – ၈၉ပေါင် (၁ဝဝ.၄၃ ယူရို)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.