သင့္ရဲ႔ရုပ္ပုိင္းဆုိင္ရာအသြင္အျပင္နဲ႔ပတ္သက္ျပီးအလိုမက်ျဖစ္ေနရင္ ဒီစာေလးဖတ္ၾကည့္လိုက္ပါ

ပထမဆံုးစေတြ႔ေတြ႔ခ်င္းမွာ လူတစ္ေယာက္ရဲ ႔ထူးျခားတဲ႔အသြင္အျပင္ ဥပမာ မ်က္လံုးေတြ အရမ္းလွတယ္၊ရုပ္ေလးကေခ်ာလုိက္တာ၊သူ႔အျပံဳးေလးကဆြဲေဆာင္မႈရွိလိုက္တာ စသျဖင့္ မွတ္မွတ္ရရျဖစ္သြားႏုိင္တယ္ဆိုတာ ျငင္းဖုိ႔မရွိပါဘူး။ဒါေပမဲ႔ ရုပ္ရည္ေခ်ာေမာတာျဖစ္ေစ၊ ရုပ္ဆုိးတာျဖစ္ေစ အဲ႔ဒီရုပ္ပုိင္းဆုိင္ရာအသြင္အျပင္ေတြကဟာ စိတ္ပုိင္းဆုိင္ရာအရ ကုိယ့္ကုိယ္ကုိယ္ ယံုၾကည္မႈအျပည့္ရွိေနတဲ႔ပံုစံကုိ မလႊမ္းမုိးႏုိင္ပါဘူးတဲ႔။

တကယ္လို႔သင့္မွာရုပ္ပုိင္းဆုိင္ရာအရအားနည္းခ်က္တစ္ခုခုရွိေနတယ္၊ဒါကုိစိတ္အလိုမက်သလိုခံစားေနရတယ္ဆုိရင္ ဒီေန႔ကစျပီးအဲ႔ဒီအေတြးကုိေမ့လိုက္ပါေတာ့။ရုပ္ေခ်ာတာ၊ရုပ္ဆိုးတာက သက္ေရာက္မႈအနည္းငယ္ပဲရွိပါတယ္။အဓိကအေရးၾကီးတာကကုိယ့္ကုိယ့္ကိုယ္ယံုၾကည္မႈအျပည့္
ရွိေနဖုိ႔ပဲ။ကုိယ့္ကိုယ့္ကုိယ္ယံုၾကည္မႈအျပည့္ရွိေနတဲ႔သူရဲ ႔မ်က္ႏွာဟာ ဘယ္အခ်ိန္မဆို ၾကည့္ေကာင္းေခ်ာေမာေနတတ္ပါတယ္။ဒါကစိတ္ရဲ ႔ခြန္အားပါပဲ။ကုိယ့္ကုိယ့္ကုိယ္ရုပ္ဆုိးတယ္ ၊မလွဘူးဆုိျပီးေတြးမိေနရင္ယံုၾကည္မႈလည္းေပ်ာက္ဆံုးေနပါလိမ့္မယ္။ယံုၾကည္မႈေပ်ာက္ဆံုးေနတဲ႔လူတစ္ေယာက္မွာဘာစိတ္ခြန္အားမွမရွိပါဘူး။စိတ္ဟာ မ်က္ႏွာမွာလာျပီးထင္ဟပ္ပါတယ္။ စိတ္ညစ္ေနရင္စိတ္ညစ္တဲ႔အေလ်ာက္ မ်က္ႏွာမွာေဖာ္ျပေနပါတယ္။

ေပ်ာ္ေနတဲ႔လူတစ္ေယာက္ ဆုိရင္ ပါးစပ္ကဖြင့္မေျပာရင္ေတာင္ သူ႔မ်က္ႏွာကုိၾကည့္ရံုနဲ ႔ေပ်ာ္ေနတယ္ ဆိုတာသိသာေန တာမ်ိဳးေပါ့။အဲ႔ဒီလုိပါပဲ။အျမဲတမ္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္ျပီး ယံုၾကည္မႈ အျပည့္ရွိေနတဲ႔ လူတစ္ေယာက္မွာ အရွိန္အ၀ါတစ္ခုကိန္း၀ပ္ေနတတ္ပါတယ္။သူ႔ရဲ ႔မ်က္ႏွာက ၾကည္လင္ေနျပီးစိတ္ခ်မ္းသာေနတဲ႔ပံုေပါက္ေနတဲ႔အတြက္ ရုပ္ရည္ကုိပုိျပီးၾကည့္ေကာင္း လာေစပါတယ္။ လူတစ္ေယာက္ကရုပ္ပုိင္းဆုိင္ရာအားနည္းရင္ေတာင္ သူ႔ရဲ ႔ယံုၾကည္ခ်က္အျပည့္နဲ႔
လုပ္ေဆာင္ေနပံုက သူ႔ရဲ႔ရုပ္ရည္ကုိလႊမ္းမိုးသြားေစပါတယ္။ကုိရီးယားကားေတြၾကည့္တဲ႔အခါ မင္းသားကရုပ္ဆုိးေပမဲ႔ သူ႔ရဲ ႔ကာရိုက္တာက အျမဲတမ္းယံုၾကည္ခ်က္အျပည့္နဲ႔လုပ္ေဆာင္ရျပီး ဟာကြက္ဆုိတာမရွိေလာက္ေအာင္ကြ်မ္းက်င္တဲ႔သူတစ္ေယာက္ျဖစ္တယ္ဆုိရင္ အဲ႔ဒီမင္းသားက ရုပ္ဆုိးရင္ေတာင္ၾကည့္ရင္းၾကည့္ရင္း ေခ်ာလာျပီးသေဘာက်လာမိတာမ်ိဳးေပါ့။

အဲ႔ဒါေၾကာင့္ရုပ္ပုိင္းဆုိင္ရာအားနည္းခ်က္ကုိ ဘယ္ေတာ့မွကုိယ့္ရဲ႔စိတ္အားငယ္မႈရဲ ႔ဓားစာခံအျဖစ္ မေတြးပါနဲ႔။တကယ္ေတာ့သတိမထားမိၾကလို႔ပါ။လူတုိင္းမွာကုိယ္ပုိင္အားသာခ်က္တစ္ခုစီေတာ့ရွိပါတယ္။ရုပ္ေခ်ာတဲ႔သူက ပညာေရးမွာအားနည္းတာမ်ိဳး၊ရုပ္ရည္အသင့္အတင့္ပဲရွိေပမဲ ႔ပညာေရးမွာ ထူးခြ်န္ေအာင္ျမင္တာမိ်ဳး၊ေငြေၾကးႏြမ္းပါးေပမဲ႔အဆင့္အတန္းျမင့္တဲ႔ရုပ္ရည္ေလးပိုင္ဆုိင္ထားတာမ်ိဳး၊ခ်မ္းသာျပီး ရုပ္ရည္အသင့္အတင့္ပဲရွိတာမ်ိဳးစသျဖင့္ လူတုိင္းမွာအားသာခ်က္တစ္ခုစီရွိသလုိ အားနည္းခ်က္ကုိယ္စီရွိၾကပါတယ္။အဲ႔ဒါေၾကာင့္ ကုိယ့္ဘ၀ကုိယ္အားငယ္ေနစရာမလိုပါဘူး။

ရုပ္ဆုိးတယ္ဆုိျပီး ကုိယ့္ကုိယ့္ကုိယ္ယံုၾကည္မႈပါမရွိဘူးဆုိရင္ေတာ့ႏွစ္ခါရွံဳးတာပါပဲ။အဲ႔ဒါေၾကာင့္ ရုပ္ရည္ထက္ပိုျပီးလႊမ္းမုိးမႈရွိႏုိင္တဲ႔စိတ္ပုိင္းဆုိင္ရာကုိရေအာင္လုပ္ပါ။ဘယ္အရာမဆုိယံုၾကည္ခ်က္အျပည့္နဲ႔လုပ္ေဆာင္ပါ။ယံုၾကည္မႈအျပည့္ရွိေနတာဟာ လူတိုင္းမွာမရွိႏုိင္တဲ႔အရည္အခ်င္းတစ္ခုပါ။
ရုပ္ေခ်ာလို႔မွတ္မိေနတာထက္အဲ႔ဒီအမ်ိဳးသမီး၊အမ်ိဳးသားကအရမ္းေတာ္တယ္၊အရည္အခ်င္းအျပည့္ပဲဆုိတဲ႔ပံုစံမ်ိဳးနဲ႔ သင့္နာမည္၊သင့္ပံုစံကုိအမွတ္ရေစပါ။

ရုပ္ရည္သြင္ျပင္ကေျပာင္းလဲလုိ႔ရပါတယ္။ ယံုၾကည္မႈတည္ေဆာက္တာ၊ယံုၾကည္မႈအျပည့္ရွိေန တာမ်ိဳးက ေငြနဲ႔၀ယ္လို႔မရပါဘူး။ငယ္ရြယ္မႈနဲ႔ရုပ္ရည္ေတြ အခ်ိန္နဲ႔အမ်ွေျပာင္းလဲေနရင္ေတာင္ တကယ့္လွပမႈအစစ္က အတြင္းစိတ္ထဲမွာဆုိတာသိေနတဲ႔ယံုၾကည္မႈက သင့္ရဲ ႔တန္ဖုိးအရွိဆံုး အရည္အခ်င္းတစ္ခုပါပဲ။ဒီယံုၾကည္မႈနဲ႔အရည္အခ်င္းေၾကာင့္သာ ဘ၀အခက္အခဲေတြကုိ ေအာင္ျမင္ႏုိင္မွာပါ။ရုပ္ရည္လွပမႈေၾကာင့္ အခက္အခဲေတြကအလိုအေလ်ာက္ေျပလည္သြားမွာ မဟုတ္ပါဘူး။

Self-Confidence is so sexy ပါ။ကုိယ့္ကုိယ့္ကုိယ္ယံုၾကည္မႈအျပည့္ရွိေနတာမ်ိဳးကလည္း အရမ္းမုိက္တဲ႔ဆြဲေဆာင္မႈတစ္ခုပါပဲ။

Unicode

ပထမဆုံးစတွေ့တွေ့ချင်းမှာ လူတစ်ယောက်ရဲ ့ထူးခြားတဲ့အသွင်အပြင် ဥပမာ မျက်လုံးတွေ အရမ်းလှတယ်၊ရုပ်လေးကချောလိုက်တာ၊သူ့အပြုံးလေးကဆွဲဆောင်မှုရှိလိုက်တာ စသဖြင့် မှတ်မှတ်ရရဖြစ်သွားနိုင်တယ်ဆိုတာ ငြင်းဖို့မရှိပါဘူး။ဒါပေမဲ့ ရုပ်ရည်ချောမောတာဖြစ်စေ၊ ရုပ်ဆိုးတာဖြစ်စေ အဲ့ဒီရုပ်ပိုင်းဆိုင်ရာအသွင်အပြင်တွေကဟာ စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံကို မလွှမ်းမိုးနိုင်ပါဘူးတဲ့။

တကယ်လို့သင့်မှာရုပ်ပိုင်းဆိုင်ရာအရအားနည်းချက်တစ်ခုခုရှိနေတယ်၊ဒါကိုစိတ်အလိုမကျသလိုခံစားနေရတယ်ဆိုရင် ဒီနေ့ကစပြီးအဲ့ဒီအတွေးကိုမေ့လိုက်ပါတော့။ရုပ်ချောတာ၊ရုပ်ဆိုးတာက သက်ရောက်မှုအနည်းငယ်ပဲရှိပါတယ်။အဓိကအရေးကြီးတာကကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်
ရှိနေဖို့ပဲ။ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိနေတဲ့သူရဲ ့မျက်နှာဟာ ဘယ်အချိန်မဆို ကြည့်ကောင်းချောမောနေတတ်ပါတယ်။ဒါကစိတ်ရဲ ့ခွန်အားပါပဲ။ကိုယ့်ကိုယ့်ကိုယ်ရုပ်ဆိုးတယ် ၊မလှဘူးဆိုပြီးတွေးမိနေရင်ယုံကြည်မှုလည်းပျောက်ဆုံးနေပါလိမ့်မယ်။ယုံကြည်မှုပျောက်ဆုံးနေတဲ့လူတစ်ယောက်မှာဘာစိတ်ခွန်အားမှမရှိပါဘူး။စိတ်ဟာ မျက်နှာမှာလာပြီးထင်ဟပ်ပါတယ်။ စိတ်ညစ်နေရင်စိတ်ညစ်တဲ့အလျောက် မျက်နှာမှာဖော်ပြနေပါတယ်။

ပျော်နေတဲ့လူတစ်ယောက် ဆိုရင် ပါးစပ်ကဖွင့်မပြောရင်တောင် သူ့မျက်နှာကိုကြည့်ရုံနဲ ့ပျော်နေတယ် ဆိုတာသိသာနေ တာမျိုးပေါ့။အဲ့ဒီလိုပါပဲ။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ယုံကြည်မှု အပြည့်ရှိနေတဲ့ လူတစ်ယောက်မှာ အရှိန်အဝါတစ်ခုကိန်းဝပ်နေတတ်ပါတယ်။သူ့ရဲ ့မျက်နှာက ကြည်လင်နေပြီးစိတ်ချမ်းသာနေတဲ့ပုံပေါက်နေတဲ့အတွက် ရုပ်ရည်ကိုပိုပြီးကြည့်ကောင်း လာစေပါတယ်။ လူတစ်ယောက်ကရုပ်ပိုင်းဆိုင်ရာအားနည်းရင်တောင် သူ့ရဲ ့ယုံကြည်ချက်အပြည့်နဲ့
လုပ်ဆောင်နေပုံက သူ့ရဲ့ရုပ်ရည်ကိုလွှမ်းမိုးသွားစေပါတယ်။ကိုရီးယားကားတွေကြည့်တဲ့အခါ မင်းသားကရုပ်ဆိုးပေမဲ့ သူ့ရဲ ့ကာရိုက်တာက အမြဲတမ်းယုံကြည်ချက်အပြည့်နဲ့လုပ်ဆောင်ရပြီး ဟာကွက်ဆိုတာမရှိလောက်အောင်ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင် အဲ့ဒီမင်းသားက ရုပ်ဆိုးရင်တောင်ကြည့်ရင်းကြည့်ရင်း ချောလာပြီးသဘောကျလာမိတာမျိုးပေါ့။

အဲ့ဒါကြောင့်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကို ဘယ်တော့မှကိုယ့်ရဲ့စိတ်အားငယ်မှုရဲ ့ဓားစာခံအဖြစ် မတွေးပါနဲ့။တကယ်တော့သတိမထားမိကြလို့ပါ။လူတိုင်းမှာကိုယ်ပိုင်အားသာချက်တစ်ခုစီတော့ရှိပါတယ်။ရုပ်ချောတဲ့သူက ပညာရေးမှာအားနည်းတာမျိုး၊ရုပ်ရည်အသင့်အတင့်ပဲရှိပေမဲ ့ပညာရေးမှာ ထူးချွန်အောင်မြင်တာမျိုး၊ငွေကြေးနွမ်းပါးပေမဲ့အဆင့်အတန်းမြင့်တဲ့ရုပ်ရည်လေးပိုင်ဆိုင်ထားတာမျိုး၊ချမ်းသာပြီး ရုပ်ရည်အသင့်အတင့်ပဲရှိတာမျိုးစသဖြင့် လူတိုင်းမှာအားသာချက်တစ်ခုစီရှိသလို အားနည်းချက်ကိုယ်စီရှိကြပါတယ်။အဲ့ဒါကြောင့် ကိုယ့်ဘဝကိုယ်အားငယ်နေစရာမလိုပါဘူး။

ရုပ်ဆိုးတယ်ဆိုပြီး ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုပါမရှိဘူးဆိုရင်တော့နှစ်ခါရှုံးတာပါပဲ။အဲ့ဒါကြောင့် ရုပ်ရည်ထက်ပိုပြီးလွှမ်းမိုးမှုရှိနိုင်တဲ့စိတ်ပိုင်းဆိုင်ရာကိုရအောင်လုပ်ပါ။ဘယ်အရာမဆိုယုံကြည်ချက်အပြည့်နဲ့လုပ်ဆောင်ပါ။ယုံကြည်မှုအပြည့်ရှိနေတာဟာ လူတိုင်းမှာမရှိနိုင်တဲ့အရည်အချင်းတစ်ခုပါ။
ရုပ်ချောလို့မှတ်မိနေတာထက်အဲ့ဒီအမျိုးသမီး၊အမျိုးသားကအရမ်းတော်တယ်၊အရည်အချင်းအပြည့်ပဲဆိုတဲ့ပုံစံမျိုးနဲ့ သင့်နာမည်၊သင့်ပုံစံကိုအမှတ်ရစေပါ။

ရုပ်ရည်သွင်ပြင်ကပြောင်းလဲလို့ရပါတယ်။ ယုံကြည်မှုတည်ဆောက်တာ၊ယုံကြည်မှုအပြည့်ရှိနေ တာမျိုးက ငွေနဲ့ဝယ်လို့မရပါဘူး။ငယ်ရွယ်မှုနဲ့ရုပ်ရည်တွေ အချိန်နဲ့အမျှပြောင်းလဲနေရင်တောင် တကယ့်လှပမှုအစစ်က အတွင်းစိတ်ထဲမှာဆိုတာသိနေတဲ့ယုံကြည်မှုက သင့်ရဲ ့တန်ဖိုးအရှိဆုံး အရည်အချင်းတစ်ခုပါပဲ။ဒီယုံကြည်မှုနဲ့အရည်အချင်းကြောင့်သာ ဘဝအခက်အခဲတွေကို အောင်မြင်နိုင်မှာပါ။ရုပ်ရည်လှပမှုကြောင့် အခက်အခဲတွေကအလိုအလျောက်ပြေလည်သွားမှာ မဟုတ်ပါဘူး။

Self-Confidence is so sexy ပါ။ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိနေတာမျိုးကလည်း အရမ်းမိုက်တဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.