စီရော်နယ်လ်ဒိုသာ ဖီဖာရွှေဘောလုံးဆုရသင့်တယ်လို့ မာရာဒိုနာကတောင် ပြောလာရပြီ

b1.jpg

၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ(၁၃)ရက်နေ့ရောက်တဲ့အခါ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ခ်ျမြို့မှာ ပေးအပ်သွားမယ့် ၂၀၁၃ဖီဖာရွှေဘောလုံးဆုအတွက် လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့နှစ်ဦး အပြိုင်ဖြစ်နေ ကြပါတယ်။ ပြီးခဲ့တဲ့(၄)နှစ်ဆက်တိုက် ဒီဆုကိုသိမ်းပိုက်ထားခဲ့တဲ့ မက်ဆီဟာ ဒဏ်ရာရနေတာမှန်ပေမယ့် သူကစားခဲ့တဲ့ပွဲတိုင်းခြေစွမ်းပြနိုင်ခဲ့တာချည်းပါပဲ။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ခြေစွမ်းဟာ ကမ္ဘာကအကောင်း ဆုကိုရသင့်တဲ့ အခြေအနေမျိုးမှာ ရှိနေခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်းပဲ နိုင်ငံတကာဘောလုံးအသိုင်းအ၀န်းမှာဆို ရင် ဒီနှစ်ယောက်ထဲက ဘယ်သူရသင့်တယ်ဆိုတဲ့ သဘောထားကွဲလွဲမှုများစွာပေါ်ပေါက်လျက်ရှိနေရခြင်းပါပဲ။ ရစ် ဘာရီက ခြေစွမ်းထက်တာမှန်ပေမယ့် အာဂျင်တီးနားသားနဲ့ ပေါ်တူဂီသားတို့ကို ပြင်သစ်သားကျော်ဖြတ်သွားဖို့ဆို တာ ရာခိုင်နှုန်းအင်မတန်နည်းလွန်းနေပါတယ်။ ဒီလိုအချိန်မျိုးမှာ အာဂျင်တီးနားနိုင်ငံရဲ့ ဘောလုံးစာမျက်နှာမှာ မျက်နှာဖုံးရှင်လို့တောင် တင်စားနိုင်တဲ့ ဒီယေဂိုမာရာဒိုနာက သူ့သဘောထားတွေကို ပြောလာခဲ့ပါပြီ။

“ခရစ္စတီယာနိုရော်နယ်လ်ဒိုပဲ ဒီနှစ်ဖီဖာရွှေဘောလုံးဆုကို ရသင့်ပါတယ်။ မက်ဆီကတော့ တစ်နှစ်လုံး ဒဏ်ရာတွေနဲ့လုံးပန်းနေခဲ့ရလို့ပါ”လို့ မာရာဒိုနာက ပြောခဲ့တာပါ။ ရော်နယ်လ်ဒိုဟာ ရီးရဲလ်အတွက် လာလီဂါ (၁၅)ပွဲမှာ (၁၇)ဂိုးသွင်းထားပြီါ် ချန်ပီယံလိဂ်မှာလည်း စံချိန်တင်ဂိုးများသွင်းထားသူဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.