မိန်းကလေးတွေအတွက် အကြီိးအကျယ်စိတ်ထိခိုက်စေတဲ့စကားတွေ

နှုတ်ချို လျိုတစ်ပါးတဲ့၊နှုတ်ကောင်းရင် နတ်ကောင်းစောင်မတယ် တဲ့၊ နှုတ်ကြောင့်ကြေ လက်ကြောင့်သေ တဲ့ စသဖြင့် လောကကြီးမှာ အလွယ်ဆုံးလုပ်ဆောင်မှုဖြစ်တဲ့ စကားပြောခြင်းဟာ အကြီးမားဆုံးထိခိုက်ပျက်စီးမှုတွေကိုယူဆောင်လာနိုင်တဲ့အပြင် ကြီးမားတဲ့အကူအညီတွေကိုပါရစေနိုင်ကြောင်း ပြောထားတဲ့သာဓကစကားပုံတွေအများကြီးရှိပါတယ်။ အဲဒီိလိုအရေးကြီိးတဲ့စကားပြောခြင်းအမှုကိုယောက်ျားလေးအများစုက လက်လွတ်စပယ်လုပ်ဆောင်လေ့ရှိကြပေမယ့် သူတို့နဲ့ပေါင်းသင်းဆက်ဆံနေရတဲ့မိန်းကလေးတွေအတွက်တော့ စကားတစ်ခွန်းကလည်းအရှိုက်ကိုထိတဲ့မြှားတစ်စင်းပါပဲ။ အဲ့ဒါကိုယောက်ျားလေးတွေကတော့ အမှတ်တမဲ့ပဲဖြစ်နေမှာပါ။ အဲ့ဒီိလိုကိစ္စတွေများသထက်များလာပြီးမိန်းကလေးဘက်ကမခံနိုင်တော့ဘူးဆိုမှ မင်းတို့မိန်းမတွေကသိပ်စကားများတာပဲဆိုတာတွေဖြစ်ပါလေရော။ ကာကွယ်ခြင်းသည်ကုသခြင်းထက်ပို၍ကောင်းသည်လို့ဆိုတယ်မဟုတ်လား။ဒါကြောင့် အမှတ်တမဲ့ပဲဖြစ်ဖြစ် မပြောမိအောင်သတိထားနိုင်စေဖို့ သင့်ချစ်သူကောင်မလေးအတွက်အကြီးအကျယ်စိတ်ထိခိုက်စေမယ့်စကားတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

အခြားကောင်မလေးတစ်ယောက်ကိုချီးမွမ်းတာ

This is obvious. ဘယ်မိန်းကလေးမှ ကိုယ့်ကောင်လေးကအခြားကောင်မလေးတစ်ယောက်ကိုချီးမွမ်းနေတာကိုစိတ်သန့်သန့််နဲ့ထိုင်နားမထောင်နေနိုင်ကြပါဘူး။ သင့်ဘက်က တကယ်ချီးမွမ်းဖို့လိုအပ်နေတယ်ဆိုရင်တောင်မှ သိပ်ပြီးပုဂ္ဂိုလ်ရေးမဆန်စေဖို့သတိပြုပါ။ မဟုတ်ရင်တော့ သင့်ကောင်မလေးက သူ့ကိုယ်သူ အဲ့ဒီမိန်းကလေးလောက်မတော်ဘူးထင်ပြီး အားမလိုအားမရစိတ်တွေနဲ့သိမ်ငယ်နေပါလိမ့်မယ်။

 

သူ့အတွေးအမြင်တွေကိုရှုံ့ချတာ

သင့်ကောင်မလေးရဲ့အကြံညဏ်ဟာသင့်အတွက်တော့ child play လောက်ဖြစ်ကောင်းဖြစ်နေပါလိ့မ်မယ်။သင်တို့နှစ်ယောက်ကအသက်ကွာတယ်ဆိုရင်ပိုဆိုးပါတယ်။ သင့်ကောင်မလေးက ကလေးဆန်မယ်၊သူ့အကြံပေးချက်တွေကလည်းကလေးဆန်မယ်။ဒါပေမယ့် ဘယ်တော့မှ “မင်းက ကလေးဆန်လိုက်တာကွာ၊အဓိပ္ပါယ်မရှိတာတွေမပြောစမ်းနဲ့”ဆိုတဲ့စကားမျိုးမပြောမိပါစေနဲ့။ဘယ်တော့မှပါ။ မဟုတ်ရင်တော့ အဲ့ဒီအခိုက်အတန့်ဟာ နောင်နှစ်ပေါင်းများစွာကြာတဲ့တိုင်အောင်သူု့စိတ်ထဲမှာစွဲမြဲကျန်ရစ်နေပါလိမ့်မယ်။

 

သူ့အသွင်အပြင်ကိုဝေဖန်တာ

 

သင့်မျက်စိထဲမှာ သင့်ကောင်မလေးဟာ စတွေ့တုန်းကထက်အနည်းငယ်ပိုပြီိးဝကောင်းဝလာနိုင်ပါတယ်။အဲ့ဒါကိုသင်ကပဲသတိပြုမိပြီးသူမကသတိမပြုမိတာလည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်ဆို သူမက သင့်ကိုချစ်နေရတာနဲ့ပဲအလုပ်များနေတာကြောင့်ပါ။ အဲ့ဒီ့အခါသင်က “နည်းနည်းဝလာတယ်ထင်တယ်နော်”ဆိုတာမျိုးဘယ်တော့မှမပြောပါနဲ့။ သူဝလာတာဟာ သင်ကစိတ်ချမ်းသာအောင်ထားလို့ပါ။ သူ့ရဲ့ဝဖြိုးမှုဟာ သင့်ရဲ့စွမ်းဆောင်ရည်နဲ့တိုက်ရိုက်အချိုးကျတာမို့ သူဝလေလေသင့်အတွက်ဂုဏ်ယူဖို့ကောင်းလေလေပါပဲ။ (ရေးတဲ့လူကဆလင်းဘော်ဒီပါနော်၊တော်ကြာဝသူအချင်းချင်းရိုင်းပင်းတယ်ထင်နေမစိုးလို့)

 

သူ့ကိုအသက်ကြီးနေပြီလို့မပြောပါနဲ့

ဒါကတော့ မမတွေကိုချစ်သူတော်ထားသူတွေအတွက်ပါ။ မိန်းကလေးတွေဟာသူတို့အသက်ကြီးနေပြီဆိုတာကို သူတို့ဘာသာသိကြပါတယ်။ “ကလေးကလားတွေလုပ်မနေနဲ့ အသက်ကိုလည်းကြည့်ဦး”ဆိုတဲ့စကားမျိုးဟာ သူတို့နှလုံးသားကို ချွန်မြိနေတဲ့လှံဦးဖျားနဲ့ထိုးစိုက်ခံလိုက်ရသလို နာကျည်းခံစားရစေပါတယ်။ (တကယ်ပါ) နောက်တစ်ခုက မိန်းကလေးတွေဟာ အသက်သုံးဆယ်မကလို့ ကိုးဆယ့်သုံးနှစ်ပဲရောက်နေပါစေ ကလေးဆန်ချင်တုန်း အချစ်ခံချင်တုန်းပါပဲ။

 

သူ့မိသားစုကို ရှုံ့ချတာ

မိန်းကလေးတွေဟာ နဂိုကတည်းကမိခင်စိတ်ရှိတာကြောင့်ရော သဘာဝအားဖြင့်ပါ များသောအားဖြင့် မိသားစုကိုသံယောဇဉ်ကြီးတတ်ကြပါတယ်။ သူ့မိသားစုကိုရှက်ဖွယ်လိလိလို့ထင်မြင်သူတွေကို သူကပက်သက်လိုစိတ်မရှိပါဘူး။ဘယ်လောက်ပဲချစ်ချစ်ပါ။ ဒါကြောင့်သင့်အနေနဲ့ပါးစပ်ကထုတ်မပြောရင်တောင်မှ သူ့မိသားစုကိုရှက်ဖို့ကောင်းတယ်လို့ထင်တဲ့အမူအရာတစ်ခုခုပြခဲ့မိရင် သူမကသင့်ကိုတစ်သက်လုံးစိတ်နာနေတော့မှာပါ။

 

ဒါတွေကတော့ သင်ချစ်တဲ့မိန်းကလေးကိုဘယ်တော့မှမပြောသင့်တဲ့စကားတွေပါပဲ။ မိန်းကလေးတွေရဲ့အချစ်ကကြောက်ဖို့ကောင်းလောက်အောင်ခိုင်မာတာမို့ သူမကသင့်ကိုဘယ်လောက်ပဲသည်းခံနေတယ်ဆိုပါစေ သင်ကဒီစကားတွေကိုထပ်တလဲလဲပြောနေမယ်ဆိုရင်တော့သင့်ကိုလှည့်မကြည့်စတမ်းထားပစ်ခဲ့တော့မှာပါ။နောက်ပြီိး  မိန်းကလေးတစ်ယောက်ကိုလမ်းခွဲချင်ရင်ဒီစကားတွေမပြောပါနဲ့။ ဒဲ့ပဲ လမ်းခွဲချင်တဲ့အကြောင်းပြေပြေလည်လည်ပြောပါ။မိန်းမအများစုဟာ ကိုယ့်ကိုမချစ်တဲ့သူအနားမှာတွယ်ကပ်နေမယ့်ငတုံးတွေမဟုတ်ကြပါဘူး။

Unicode Format













1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.