Hair Dryer ဆုိတာ ဒီေနရာေတြမွာလည္း အသံုး၀င္တယ္ဆုိတာ သိျပီးၾကျပီလား?

Hair Dryer ကသင့္ရဲ႔ေန႔စဥ္ဘ၀အခက္အခဲေတာ္ေတာ္မ်ားမ်ားကုိေျဖရွင္းေပးႏုိင္ပါတယ္တဲ႔။ ဆံပင္ေျခာက္ေအာင္တစ္ခုတည္းတင္မကပဲက်န္တဲ႔မြစိမြစိအခက္အခဲေလးေတြေျဖရွင္းလုိ႔ရမွာျဖစ္လို႔ Dryer တစ္ခုရွိရံုနဲ႔တင္ အုိေကျပီေပါ့။ဒါျဖင့္ Dryer ေတြက ဘယ္လိုေနရာေတြမွာ
အသံုး၀င္ေနတာလဲဆုိတာ ၾကည့္လုိက္ရေအာင္။

၁)Sticker ေတြအလြယ္တကူဖယ္လုိ႔ရတယ္
ပရိေဘာဂေတြ၊ျပတင္းေပါက္ေတြ၊ကားဘန္ပါေတြမွာ Sticker ေတြကပ္ထားမိမယ္။ဒါေပမဲ႔ ျပန္ျပီးခြာခ်င္တဲ႔အခါက်ေတာ့ လြယ္လြယ္ကူကူျပန္ခြာလို႔မရတာေတြရွိပါတယ္။ အဲ႔ဒီအခါ Dryer ေလးနဲ႔ အပူေပးမႈတ္ထုတ္လိုက္ပါတဲ႔။ဒါဆုိရင္ေတာ့အလြယ္တကူခြာလို႔ရပါလိမ့္မယ္။

၂)ေရသုတ္လို႔မလြယ္တဲ႔ ဘူးေသးေသးေလးေတြအတြက္အိုေကတယ္
မီးဖုိေခ်ာင္မွာရွိတဲ႔ဆားဘူးတို႔၊ငရုတ္ေကာင္းဘူးတို႔ ေဆးေၾကာသန္႔စင္ျပီး အေျခာက္ခံထားဖုိ႔ အခ်ိန္မရိွဘူး၊ျပန္ျဖည့္ရေတာ့မယ္ဆုိရင္ Dryer ကုိသံုးျပီး ဘူးကုိအေျခာက္ခံလို႔ရပါတယ္။ဒါဆုိရင္ အခ်ိန္ကုန္လည္းသက္သာ၊အလုပ္ရႈပ္လည္းသက္သာေပါ့။

၃)ဖေယာင္းနဲ႔ပတ္သက္တာေတြအတြက္အသံုး၀င္တယ္
ပရိေဘာဂေတြမွာဖေယာင္းတုိင္ထြန္းမိျပီးဖေယာင္းစက္ေတြက်မယ္။သိတဲ႔အတိုင္းဖေယာင္းဆုိတာကလည္း ဓားနဲ႔ခြာခ်၊ျခစ္ခ်မွကြာတာပါ။အဲ႔ဒီအခါDryer ေလးနဲ႔မႈတ္ေပးလိုက္ပါ။ျပီးရင္ေရစုိေနတဲ႔ အ၀တ္စနဲ႔သုတ္ေပးလုိက္ရံုပါပဲ။နံရံေပၚမွာ ကေလးငယ္ေတြေဆာ့ထားလုိ႔ ေရာင္စံုဖေယာင္းခဲတံ
ရာေတြေပေနတဲ႔အခါမွာလည္း ဒီနည္းလမး္ကုိသံုးျပီးနံရံကုိသန္႔ရွင္းေရးလုပ္ေပးႏုိင္ပါတယ္။

၄)အမႈန္အမႊားေတြဖယ္ရွားပစ္မယ္
လြယ္လြယ္ကူကူဖုန္သုတ္လို႔မရႏုိင္တဲ႔ေနရာေတြ၊ကီးဘုတ္ၾကားတို႔၊ပရိေဘာကေခ်ာင္က်ိဳေခ်ာင္ၾကားတုိ႔၊အပင္အရြက္ေတြမွာဖုန္တက္ေနတာတု႔ိဆုိDryer သံုးျပီးဖယ္လို႔ရပါတယ္တဲ႔။

၅)က်ပ္ေနတဲ႔ရွဴးဖိနပ္အတြက္နည္းလမ္းေကာင္းတစ္ခု
ရွဴးဖိနပ္၀ယ္ထားျပီး က်ပ္ေနတယ္လုိ႔ခံစားေနရပါသလား။ဒါဆုိရင္ ေျခအိတ္စြပ္ျပီးရွဴးဖိနပ္ ကုိအရင္စီးလုိက္ပါ။ျပီးရင္ Dryer နဲ႔ က်ပ္ေနတယ္လုိ႔ခံစားရတဲ႔ေနရာကုိ မႈတ္လိုက္ပါ။ ေလနဲ႔မႈတ္ထုတ္ေနတုန္းသင့္ရဲ႔ေျခေခ်ာင္းေတြကုိလည္းလႈပ္ရွားေပးပါ။အပူမႈတ္ထုတ္ျပီးသြားျပီဆုိရင္ေတာ့ ရွဴးဖိနပ္ကုိျပန္သိမ္းထားလိုက္ပါ။ညမအိပ္ခင္အပူနဲ႔မႈတ္ထုတ္ျပီးမနက္က်စီးတဲ႔အခါ အရင္ကေလာက္ တင္းက်ပ္မေနေတာ့တာျမင္ေတြ႔ရပါလိမ့္မယ္။

၆)တြန္႔ေၾကေနတဲ႔အ၀တ္အစားေတြအတြက္နည္းလမ္းေကာင္း
မီးပူမတိုက္ရေသးလို႔အ၀တ္အစားေတြတြန္႔ေၾကေနမယ္၊စားပြဲခင္းေတြတြန႔္ေနမယ္၊လိုက္ကာေတြတြန္႔ေၾကေနမယ္။မီးပူကလည္းအလြယ္တကူမရွိဘူး။Dryer ပဲရွိတယ္ဆုိရင္ အဲ႔ဒီတြန္႔ေၾကေနတဲ႔အ၀တ္အစားေတြ၊စားပြဲခင္းေတြကုိ ေရေလးအနည္းငယ္ေတာက္ျပီး Dryer အပူနဲ႔မႈတ္ထုတ္ပစ္လိုက္ပါ။အတြန္႔အေခါက္ေတြေျပသြားတဲ႔အထိ မႈတ္ေပးႏုိင္ပါတယ္။

၇)ေလထုိးေမြ႔ယာေတြအတြက္ နည္းလမ္းေကာင္း
ဒါကိုဘယ္သူမွထင္ထားမွာမဟုတ္ပါဘူး။ေလထုိးေမြ႔ယာမွာ ေလေတြေလ်ာ့သြားလုိ႔ေလထုိးတံ မရွိေသးရင္ Dryer နဲ႔ေလမႈတ္သြင္းလို႔ရပါတယ္တဲ့။

Unicode

Hair Dryer ကသင့်ရဲ့နေ့စဉ်ဘဝအခက်အခဲတော်တော်များများကိုဖြေရှင်းပေးနိုင်ပါတယ်တဲ့။ ဆံပင်ခြောက်အောင်တစ်ခုတည်းတင်မကပဲကျန်တဲ့မွစိမွစိအခက်အခဲလေးတွေဖြေရှင်းလို့ရမှာဖြစ်လို့ Dryer တစ်ခုရှိရုံနဲ့တင် အိုကေပြီပေါ့။ဒါဖြင့် Dryer တွေက ဘယ်လိုနေရာတွေမှာ
အသုံးဝင်နေတာလဲဆိုတာ ကြည့်လိုက်ရအောင်။

၁)Sticker တွေအလွယ်တကူဖယ်လို့ရတယ်
ပရိဘောဂတွေ၊ပြတင်းပေါက်တွေ၊ကားဘန်ပါတွေမှာ Sticker တွေကပ်ထားမိမယ်။ဒါပေမဲ့ ပြန်ပြီးခွာချင်တဲ့အခါကျတော့ လွယ်လွယ်ကူကူပြန်ခွာလို့မရတာတွေရှိပါတယ်။ အဲ့ဒီအခါ Dryer လေးနဲ့ အပူပေးမှုတ်ထုတ်လိုက်ပါတဲ့။ဒါဆိုရင်တော့အလွယ်တကူခွာလို့ရပါလိမ့်မယ်။

၂)ရေသုတ်လို့မလွယ်တဲ့ ဘူးသေးသေးလေးတွေအတွက်အိုကေတယ်
မီးဖိုချောင်မှာရှိတဲ့ဆားဘူးတို့၊ငရုတ်ကောင်းဘူးတို့ ဆေးကြောသန့်စင်ပြီး အခြောက်ခံထားဖို့ အချိန်မရှိဘူး၊ပြန်ဖြည့်ရတော့မယ်ဆိုရင် Dryer ကိုသုံးပြီး ဘူးကိုအခြောက်ခံလို့ရပါတယ်။ဒါဆိုရင် အချိန်ကုန်လည်းသက်သာ၊အလုပ်ရှုပ်လည်းသက်သာပေါ့။

၃)ဖယောင်းနဲ့ပတ်သက်တာတွေအတွက်အသုံးဝင်တယ်
ပရိဘောဂတွေမှာဖယောင်းတိုင်ထွန်းမိပြီးဖယောင်းစက်တွေကျမယ်။သိတဲ့အတိုင်းဖယောင်းဆိုတာကလည်း ဓားနဲ့ခွာချ၊ခြစ်ချမှကွာတာပါ။အဲ့ဒီအခါDryer လေးနဲ့မှုတ်ပေးလိုက်ပါ။ပြီးရင်ရေစိုနေတဲ့ အဝတ်စနဲ့သုတ်ပေးလိုက်ရုံပါပဲ။နံရံပေါ်မှာ ကလေးငယ်တွေဆော့ထားလို့ ရောင်စုံဖယောင်းခဲတံ
ရာတွေပေနေတဲ့အခါမှာလည်း ဒီနည်းလမး်ကိုသုံးပြီးနံရံကိုသန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

၄)အမှုန်အမွှားတွေဖယ်ရှားပစ်မယ်
လွယ်လွယ်ကူကူဖုန်သုတ်လို့မရနိုင်တဲ့နေရာတွေ၊ကီးဘုတ်ကြားတို့၊ပရိဘောကချောင်ကျိုချောင်ကြားတို့၊အပင်အရွက်တွေမှာဖုန်တက်နေတာတို့ဆိုDryer သုံးပြီးဖယ်လို့ရပါတယ်တဲ့။

၅)ကျပ်နေတဲ့ရှူးဖိနပ်အတွက်နည်းလမ်းကောင်းတစ်ခု
ရှူးဖိနပ်ဝယ်ထားပြီး ကျပ်နေတယ်လို့ခံစားနေရပါသလား။ဒါဆိုရင် ခြေအိတ်စွပ်ပြီးရှူးဖိနပ် ကိုအရင်စီးလိုက်ပါ။ပြီးရင် Dryer နဲ့ ကျပ်နေတယ်လို့ခံစားရတဲ့နေရာကို မှုတ်လိုက်ပါ။ လေနဲ့မှုတ်ထုတ်နေတုန်းသင့်ရဲ့ခြေချောင်းတွေကိုလည်းလှုပ်ရှားပေးပါ။အပူမှုတ်ထုတ်ပြီးသွားပြီဆိုရင်တော့ ရှူးဖိနပ်ကိုပြန်သိမ်းထားလိုက်ပါ။ညမအိပ်ခင်အပူနဲ့မှုတ်ထုတ်ပြီးမနက်ကျစီးတဲ့အခါ အရင်ကလောက် တင်းကျပ်မနေတော့တာမြင်တွေ့ရပါလိမ့်မယ်။

၆)တွန့်ကြေနေတဲ့အဝတ်အစားတွေအတွက်နည်းလမ်းကောင်း
မီးပူမတိုက်ရသေးလို့အဝတ်အစားတွေတွန့်ကြေနေမယ်၊စားပွဲခင်းတွေတွန့်နေမယ်၊လိုက်ကာတွေတွန့်ကြေနေမယ်။မီးပူကလည်းအလွယ်တကူမရှိဘူး။Dryer ပဲရှိတယ်ဆိုရင် အဲ့ဒီတွန့်ကြေနေတဲ့အဝတ်အစားတွေ၊စားပွဲခင်းတွေကို ရေလေးအနည်းငယ်တောက်ပြီး Dryer အပူနဲ့မှုတ်ထုတ်ပစ်လိုက်ပါ။အတွန့်အခေါက်တွေပြေသွားတဲ့အထိ မှုတ်ပေးနိုင်ပါတယ်။

၇)လေထိုးမွေ့ယာတွေအတွက် နည်းလမ်းကောင်း
ဒါကိုဘယ်သူမှထင်ထားမှာမဟုတ်ပါဘူး။လေထိုးမွေ့ယာမှာ လေတွေလျော့သွားလို့လေထိုးတံ မရှိသေးရင် Dryer နဲ့လေမှုတ်သွင်းလို့ရပါတယ်တဲ့။

149 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.